ဝေဖန်မှုများပြဿ နာများနှင့်အစိုးရအသစ်

ဝေဖန်မှုများပြဿ နာများနှင့်အစိုးရအသစ်
August 18, 2016 Asian Fame

12:03 pm
ဝေဖန်မှုများပြဿ နာများနှင့်အစိုးရအသစ်

People ride past past a commercial billboard by a local food company with portraits of Myanmar democracy figurehead Aung San Suu Kyi and President Htin Kyaw displayed on a street in Yangon on April 18, 2016. Myanmar's Aung San Suu Kyi on April 18 vowed to press for greater autonomy for the nation's ethnic minorities, in an early move to soothe the rebellions roiling the country after her party's ascent to power. / AFP PHOTO / ROMEO GACAD

၅ နှစ်တာ သက်တမ်း၏ ၆ လသာသာ မျှသာရှိသေးသော် လည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် နိုင်ငံ၏ ပြောင်းလဲမှု  ခြေလှမ်းနှေးကွေးခြင်း များနှင့် ပတ်သက်၍   ပြည်တွ င်း ပြည်ပမှ ဒရစပ်ဝေဖန် မှုများကို ရင်ဆိုင်နေရသည် ။ အစိုးရသစ်၏ ရက်တစ်ရာ မူဝါဒချ မှတ်ခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲကိုလည်း ပြီးခဲ့သ ည့် သောကြာနေ့ ကစတင်ပြုလုပ်ခဲ့ ရပြီး ရှင်းလင်းပွဲများ ဆက်လက် လုပ်ဆောင် သွားရန် ရည်ရွယ်ထား ၏ ။”ပြည်သူတွေရဲ့ အစိုးရ အပေါ်မျှော်လင့်ချက် ဟာ ရေချိန် အရမ်းမြင့်တယ်ဗျ” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးကျော်ဇေယျက ယင်း သောကြာ နေ့က ပြောပါသည် ။ အစိုးရသစ်၏ ယခု အချိန် ထိ ဆောင်ရွက်ချက် များနှင့်ပတ် သက်၍ သူဝမ်းမြောက်ကြောင်း ကိုလည်း ပြောပါသေးသည်။”ကျွန်တော်ကတော့ သူ့ကို တကယ်ကို စိတ်ပျက်နေပါပြီဗျာ”ဟု ရန်ကုန်တွင်နေ ထိုင်သည့်စီးပွားရေး လုပ်ငန်းရှင် ဦးေ အာင် မြင့်ကပြောပါသည်။ အစိုးရနှင့်ပြည်သူအ ကြား စီးပွားရေးဆိုင်ရာ အပြန်အလှန်တိုး တက်ဆက်ဆံ မှုများကို သူ့အနေဖြင့် ယခု ထက် ပိုမိုမြင်ချင်နေကြော င်း အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်သော ဦးအောင်မြင့် က ပြောပါသည်။

အများက မျှော်လင့်စောင့်စားနေကြ သော စီးပွားရေးမူဝါဒ ရည်မှန်းချက်များကို ဇူလိုင်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့သော် လည်း ယင်းတို့ကို အကောင်အထည်ဖော် ရန် ဘဏ္ဍာေ ရးဆိုင်ရာ သတ်မှတ်ချက်များ တိတိကျကျမပါရှိခဲ့ချေ ။ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြီးခဲ့သည့်နှစ်က အောင် ပွဲရရှိခဲ့ခြင်း၏ ရလဒ်မှာ ဆယ်စုနှစ် ငါးခု တာ မျှ သက်တမ်းရှည် ခဲ့သော စစ်အာဏာရှင် စနစ် အဆုံးသတ်သွားခြင်းနှင့် ယနေ့ခေတ် ကာလဝယ် ငြိမ်းချမ်းစွာ ဒီမိုကရေစီအ သွင်ကူးပြောင်းခြင်းဆိုင်ရာ ကြီးကျယ်ခမ်း နားသော နမူနာတစ်ခု ဖြစ်ခဲ့သည် ။ သို့ရာတွင် မတ်လကုန်ဝယ် အုပ်ချုပ်မှု အာဏာ လွှဲပြောင်းရယူပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ ၏ တိုင်းရင်းသား ပဋိပက္ခများပြေငြိမ်းရေး အပါအဝင် အခြားကိစ္စရပ်များကို ဇွဲနပဲ နှင့် ဆောင်ရွက်ခဲ့ရာ ပြည်သူများအကြား မြင်ရခဲလာပြီး အစိုးရကစီစဉ်သည့် သတင်း စာရှင်း လင်းပွဲများသို့ သူ တက်ရောက်မည် မတက်ရောက် မည်ဆိုခြင်းကိုလည်း ရှင်း ရှင်းလင်းလင်း မသိကြရတော့ချေ။

NLD  ဟာ သူတို့ အာဏာမရ ခင်တုန်း ကတော့ ပွင့်လင်းမြင်သာဖို့ရယ် မီဒီယာနဲ့ အစိုးရဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ ရယ်ကို အမြဲတမ်း ပြောတယ်ဗျ ။ ဒါပေမယ့် အစိုးရ တာဝန်တွေကို လွှဲပြောင်းယူပြီးတဲ့ နောက် မှာတော့ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ သူ တို့အားနည်းသွားတယ်လို့ ကျွန်တော်ထင် တယ်”ဟု ယခင်သမ္မတ ဦးသိန်းစိန် ၏ ပြော ရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်ခဲ့သူ ဦးရဲထွဋ်က ပြောသည်။ သူသည် ယခုအခါ စင်ကာပူ အခြေစိုက် Iseas-Yusof Ishak အင်စတီ ကျုဟူသည့် သုတေသန အဖွဲ့အစည်းတစ်ခု တွင်အကြီးတန်း ဧည့်သုတေသီပညာရှင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိ၏။ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ သမ္မတဖြစ်ခွင့် မရသော ဒေါ်အောင်ဆန်းစု ကြည် သည် သူပြောခဲ့ဖူးသည့် ”သမ္မတအ ထက်မှာ” ဆိုသည့် စကားအတိုင်းပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဟူသည့် ရာထူးနေရာသစ်တစ်ခုကို ဖန်တီးကာ တာဝန်ယူေ ဆာင်ရွက် လျက်ရှိသည်။

သူ့ကို ထောက်ခံအားပေးသူများ က ရှေးဦးလအနည်းငယ်ဝယ် အခက်အခဲများ ရှိမည်ဟု လက်ခံကြသော်လည်း သူ့အတွက်မူ ထို့ထက်ပို၍ အချိန်လိုေ ကြာင်း ပြောကြပါသည် ။”ဖြည်းဖြည်းနဲ့ မှန်မှန်စဖို့ လိုပေမယ့် အလောတကြီး လုပ်တာထက် မှန်မှန်ကန်ကန် ဖြစ်အောင်လုပ်တာက ပိုကောင်းမယ် လို့ ကျွန်ေ တာ် ပြော ချင်ပါတယ်”ဟု ဒေါ် အောင်ဆန်း စုကြည်အစိုးရ ၏ စီးပွားရေး အကြံပေးတစ်ဦးဖြစ်သူ သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်မှ ပညာရှင် မစ္စတာ ရှောင် တန် နယ် က ပြောပါသည် ။ NLD အာဏာရပြီးက တည်းက အခွန် စနစ်ပြုပြင်ခြင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးစ ဘဏ္ဍာရေး ကဏ္ဍဝယ် လျှော့ပေါ့သင့်သည် တို့ကို လျှော့ပေါ့ေ ပးခြင်းနှင့် ပြည်ပတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပေ ဒကြမ်းများ ရေးဆွဲခြင်း အစရှိသည့် စီးပွားရေးအခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်းဆောင်တာများ စွာ ကို ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း မစ္စတာ တန်နယ် က ပြောပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အ အုံအများစုတို့သည် ဗြိတိသျှ ကိုလိုနီခေတ် ကတည်းက တည်ဆောက်ဖန်တီးခဲ့သည် တို့သာဖြစ်နေကြ၏ ။ ရန်ကုန်တွင် လျှပ် စစ်မီး မကြာခဏ ပြတ်တောက်နေဆဲဖြစ်ပြီး ၊ ကျေးလက်ဒေသများစွာတို့သည် ခေတ်မီ အဆင်ပြေသာယာမှု တို့နှင့် လုံးလုံးလျား လျား ထိတွေဖူးခြင်း မရှိကြသေးချေ ။ မူဝါဒဆိုင်ရာတို့ အစနှေးသော်ငြား လည်း ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ် အကြား မြန်မာနိုင်ငံ၏ စီးပွားရေး ၇ ရာခိုင်နှုန်းမျှ ပိုမိုတိုးတက်လာခဲ့ပြီး ၊ ယင်းသည် အာရှ တွင် အမြန်ဆုံးနှုန်း တစ်ခုဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်ကဆိုသည် ။ ယင်းအချက်ကိုထောက် ရှု၍ ယခုနှစ်နှင့်လာ မည့်နှစ်အကြား ကာ လဝယ် ၇ ဒသမ ၈ ရာခိုင်နှုန်းမျှ တိုးလာ မည်ဟုခန့်မှန်းကြသည်။ နော်ဝေနိုင်ငံမှ တယ်လီနောအုပ်စု ၊ အမေရိကန်မှ ကိုကာ ကိုလာနှင့် ဂျင်နရယ် အီလက်ထရစ် အစရှိသည့် ကုမ္ပဏီကြီး များ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံ လာကြပြီး ပြည်ပတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုး မြင့်တက် လာသည်။

နိုင်ငံရေးအရ ဆိုပါလျှင်လည်း မြန်မာ နိုင်ငံ၏ တိုင်းရင်းသား ပဋိပက္ခများအပေါ် ရပ်တည်ချက်နှင့် ပတ်သက်၍ နိုင်ငံတကာ မှ ဝေဖန်မှုများကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ေ န ရသည်။ မေလအတွင်းကမူ မြန်မာနိုင်ငံ တွင်းသို့ ဝင်ရောက်နေထိုင်ကြ သော နိုင်ငံမဲ့ မူဆလင်လူနည်းစုကို ”ရို ဟင်ဂျာ”ဟု ခေါ်ဝေါ်သုံးနှုန်းခြင်းကို ရပ်တန့်ကြပါ ရန် မြန်မာနိုင်ငြံ ခားရေးဝန်ကြီး ဌာနက သံရုံးများသို့ လမ်းညွှန် အကြံပြုခဲ့ သည် ။ သူ့အစိုးရသစ်သည် တိုင်းရင်းသား အဖွဲ့များကို စည်းလုံးမှုရစေရန်အတွက် သီးခြားငြိမ်းချမ်းရေး လုပ်ငန်း စဉ်တစ်ခုကို စီစဉ်နေသည် ။ပြည်ထောင်စုဝန်ကြီးနှစ်နေရာနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန် များကို ရယူထမ်းဆောင်နေခြင်းနှင့် တာ ဝန်များပေးအပ်ရာတွင် အား နည်းသည် ဟူ၍ အပြစ်ဆိုကြခြင်းတို့ကလည်း ရှိသေး သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ဝင်များကမူ သူသည် အဆိုပါ ရာထူးတာဝန်များကို ပျော်ရွှင်စွာ ထမ်း ဆောင်နေသည်ဟု ဆိုကြပါသည်။

မည်သို့ပင်ဆို စေကာမူ အကောင်း ဘက်မှ ရှုမြင်သူတို့ကမူ ဒေါ်အောင်ဆန်းစု ကြည် အစိုးရ၏ ဆောင်ရွက်နေမှု များမှာ အချိန်ယူ ဆောင်ရွက်မှ သာလျှင် တိုးတက်မှု ရလာလိမ့် မည် ဟုဆိုကြပါသည်။ ရန်ကုန်မြို့နေကို မောင်မောင်အောင် ကမူ အစိုးရသစ်အပေါ် အထူးမြင့်မားစွာ မျှော်လင့်ထားပါသည် ။ အစိုးရ၏ ယခုအ ချိန်အထိ ဆောင်ရွက်နေ မှု များ ကို စိတ်ပျက်နေလျက်ကပင်လျှင် ”အရာရာကို အ ချိန်တိုတိုလေးနဲ့ လုပ်ဖို့ဆိုတာ အစိုးရအ တွက် ခဲယဉ်းနိုင်မှာပဲလို့ ကျွန်တော်ထင်ပါ တယ်”ဟု သူက ပြောပါသည်။

ဟက်ကာ
Ref: Aung San Suu Kyi Pressured Over Slow Pace of Change in Myanmar By Jake Maxwell Watts in Singapore and Myo Myo in Naypyitaw, Myanmar

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*