တာထွက်နှေးနှေး မြန်မာ့စီးပွားရေး

တာထွက်နှေးနှေး မြန်မာ့စီးပွားရေး
July 20, 2016 Asian Fame

2:38 pm
တာထွက်နှေးနှေး မြန်မာ့စီးပွားရေး

money

ရွေးကောက်ခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် အစိုးရ သစ်တစ်ရပ်ကို ဖွဲ့စည်းပြီး နိုင်ငံတော်၏အရေးအရာကိစ္စရပ်များကို ဆောင်ရွက်နေ သည်မှာ လေးလခန့်ရှိပြီဖြစ်သည်။ အစိုးရသစ်၏ ရက်ပေါင်းတစ်ရာအတွင်း ပြောင်းလဲမှုများ လုပ်ဆောင်မည်ဆိုသောြေ<ွကးကြော်သံများနှင့်အတူ နိုင်ငံရေးဆိုင်ရာ ပြု ပြင်ပြောင်းလဲမှုအချို့ကို မြင်သာထင်သာရှိခဲ့သည်။ ယခုအစိုးရသစ်ကို ပြည်သူများကများစွာ မျှော်လင့်ခဲ့ကြသည်။ အခက်အခဲများကြားမှ ဒီမိုကရေစီစစ်စစ်အစိုးရဟု ဖြစ်ပေါ်လာစေရန်များစွာသော မျှော်လင့် ချက်များနှင့်အတူ အမှန်တကယ်ပြောင်းလဲ နိုင်မည့်သူများကို မျှော်လင့်ခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။

အမှန်တကယ်တွင် NLD အစိုးရသည် သုံးမျိုးပြိုင်ပြုပြင်ပြောင်းလဲမှုများဖြစ်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး နှင့်လက်နက်ကိုင် ပဋိပက္ခကိစ္စ၊ စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဟုဆိုရမည်ဖြစ် သော ဗဟိုဈေးကွက်သတ်မှတ်စနစ်မှသည် ဈေးကွက်စီးပွားရေးစနစ်သို့ မလွဲမသွေ ပြောင်းလဲနေရပေသည်။ ငြိမ်းချမ်းရေးနှင့် ဆိုင်သောကိစ္စများကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောင်းလဲပြင်ဆင်သင့်သည်များ ကို ပြင်ဆင်လုပ်ဆောင်နေပြီဖြစ်သည်။ သို့ သော်လည်း စီးပွားရေးဆိုင်ရာပြုပြင်ပြောင်း လဲမှုများနှင့်ပတ်သက်၍ လှုပ်ရှားမှု အလွန် နည်းနေသည်ဟု စီးပွားရေးအသိုင်းအဝိုင်းက ဝေဖန်လျက်ရှိသည်။

အစိုးရဝန်ကြီးဌာနတို့ အဆိုအရပြုပြင် ပြောင်းလဲရေး ရက် ၁ဝဝ စီမံကိန်းများသည် မေလ ၁ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည့်အတွက် ဇူလိုင်လကုန်၍ သြဂုတ်လ ပထမပတ်မှသာ ရက် ၁ဝဝ ပြည့်မည် ဖြစ်သည်။ လက်ရှိ အစိုးရအနေဖြင့် ရက် ၁ဝဝ စီမံကိန်းအတွင်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ များစွာလုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။ စီး ပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ပို့ကုန်လုပ်ငန်းရှင် များနှင့် ဧပြီနောက်ဆုံးပတ်အတွင်း တွေ့ ဆုံရာတွင် ငါးနှစ်အတွင်း ပို့ကုန် ၃ ဆ တိုးမြှင့်မည်ဟူ၍သာ ပြောဆိုထားသည်။ စီးပွားရေးကို အမှန်တကယ်တိုးတက်စေရန် လုပ်ဆောင်ပြီး အာရှတွင် ကျားသာမက ဂေါ်ဇီလာပါဖြစ်နိုင်ကြောင်းလည်း ပြောဆို ထားသည်။ သို့သော်လည်း ယခုချိန်ထိ အစိုးရသစ်၏ စီးပွားရေးဆိုင်ရာမူဝါဒများ နှင့် စီးပွားရေးဖွံ့ဖြိုးစေရေး လုပ်ဆောင်ချက် များကို ချပြပါဆိုလျှင် မှတ်မှတ်ရရထုတ် ဖော်ပြစရာမရှိသေးဖြစ်နေသည်မှာ စီးပွားရေးလုပ်ငန်းရှင်များအတွက် အားလျော့ဖွယ်ရာ ဖြစ်နေသည်။

အစိုးရသစ်သက်တမ်းရက် ၁ဝဝ အတွင်း နိုင်ငံစီးပွားရေးချက်ချင်း မတိုးတက် နိုင်မှန်း စီးပွားရေးအသိုင်းအဝိုင်းက မည် သူမဆို နားလည်နိုင်ကြသည်။ သို့သော် ရက် ၁ဝဝ အလွန် အစိုးရသစ်၏စီးပွားရေး မူဝါဒများနှင့် ပတ်သက်၍ ရက် ၁ဝဝ ပြည့် ခါနီးနေသော်လည်းတစ်စွန်းတစ်စမှ ပေါ် ထွက်လာခြင်းမရှိမှုသည် အစိုးရသစ်၏ စီးပွားရေးစီမံခန့်ခွဲမှုကို မေးခွန်းထုတ်စရာ များ ရှိလာပြီဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရမည်ဆိုပါက နိုင်ငံတော်၏စီးပွားရေး ကို အဓိကမောင်းနှင်ရသော ဝန်ကြီးဌာန များ ဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအပါအဝင် ဆက်စပ်ဌာနများအနေဖြင့် နိုင်ငံအနာဂတ်စီးပွားရေးရာများနှင့် ပတ်သက်၍ ထင်ထင်ရှားရှားလုပ်ဆောင်နိုင်ခဲ့ခြင်း လုံးဝမရှိသည် ကို မြင်တွေ့ရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဇွန် ၁၃ ရက် က ပြုလုပ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးနှင့် လုပ်ငန်းရှင်များ တွေ့ဆုံသည့်ပွဲ ၌ အစိုးရသစ်၏ စီးပွားရေးမူဝါကို အ ဆိုပါလအတွင်း သို့မဟုတ် မကြာမီထုတ် ပြန်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုခဲ့သော်လည်း ယခု ချိန်အထိ လုံးဝထုတ်ပြန်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲတွင်ပါနေပြီး အာဆီယံဒေသ တွင်းတွင်လည်း ဖွံ့ဖြိုးမှုနောက်အကျဆုံး စာရင်းထဲမှ ရုန်းမထွက်နိုင်သေးသော မြန် မာနိုင်ငံအတွက်အဆိုပါ နှောင့်နှေးမှုများ သည် အလားအလာကောင်းများတော့ ဖြစ်လာနိုင်ဖွယ်မရှိပေ။

ရင်းနှီးမြှုပ်နှံမှုများ နှောင့်နှေးစေခြင်း

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဟုဆိုရာတွင် အခြေခံစီးပွားရေး ဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများသာမ က ကုန်ထုတ်လုပ်ငန်းများ၊ ကုန်သွယ်ရေး ဆိုင်ရာများ၊ သဘာဝအရင်းအမြစ် ထုတ်ယူမှုဆိုင်ရာကိစ္စများနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များပါဝင်သည်။ မြန်မာ နိုင်ငံသည် ယခင်အစိုးရသက်တမ်း အတွင်းက ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂ဝ၁၁ -၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ၂ဝ၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်တာ ကာလအတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အ မေရိကန်ဒေါ်လာ ၂၇ ဒသမ ၅ ဘီလျံ ရှိခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများသည် ၂ဝ၁၅ – ၂ဝ၁၆ တွင် ဝင်ရောက်မှုအများဆုံးဖြစ်ပြီး အမေရိကန် ဒေါ်လာ ၉ ဒသမ ၄ ဘီလျံ အထိရောက်ရှိခဲ့သည်။

NLD အစိုးရလက်ထက် ပထမဦးဆုံးသော ဘဏ္ဍာရေးနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ၆ ဘီလျံရှိမည်ဟု ခန့်မှန်းထားသော်လည်း အဆိုပါပမာဏသည် ယခင်နှစ် မြန်မာ နိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှု ၉ ဒသမ ၄ ဘီလျံ ဝင်ရောက်ခဲ့သည်နှင့် နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်၏ ခန့်မှန်းချက်သည် ယခင်နှစ်ထက် သုံးပုံတစ်ပုံခန့် သိသိသာ သာ လျော့နည်းနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသည် ဈေးကွက် ပွင့်လင်းခါစ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့် အား လျော်စွာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူများ က စောင့်ကြည့်နေကြသည်။ သို့သော်လည်း၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ က ထုတ်ပြန်ထားသောနိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေအားနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပေါင်းစည်းရန် ပြင်ဆင်ချက် တချို့ထည့်၍ လွှတ်တော်တွင် ဆွေးနွေးရန် လုပ်ဆောင်နေသည်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကော်မရှင် အသစ်ဖွဲ့စည်းအပြီး ပထမ ဦးဆုံးအစည်းအဝေးကို ဇွန် ၂၇တွင် စတင် ဆောင်ရွက်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များအနေဖြင့် ၈၇ ရက် စောင့်ခဲ့ရသော် လည်း ဒေါ်လာသုံးသန်းတန် လုပ်ငန်း ၈ ခုသာ ချထားပေးနိုင်ခဲ့သည်။ ထို့နောက် ဇူလိုင်လအတွင်းမှသာလုပ်ငန်း ၁၁ ခု ထပ် မံချထားပေးနိုင်ခဲ့သည်။ လက်ရှိအချိန် သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ် သက်၍ အင်တိုက်အားတိုက် ဆောင်ရွက်ရ မည့် အချိန်ဖြစ်ကြောင်း စီးပွားရေးအသိုင်း အဝိုင်းက မှတ်ချက်ပြုသည်။

ငွေကြေးစီမံခန့်ခွဲမှု

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်မည်ဖြစ်ကြောင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေအဆိုပြု တင်ပြချက်အနှစ်ချုပ်တွင် တွက်ချက်ဖော်ပြထားသည်။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ဘဏ္ဍာနှစ် တစ် မျိုးသားလုံး၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP)သည် ကျပ် ၈၄၁၂၈ ဘီလျံဟု ခန့်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှုန်းကို ၇ ဒသမ ၈ ရာခိုင်နှုန်းဟု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နိုင်ငံတော်၏စီး ပွားရေးအခြေအနေ အကျဉ်းချုပ်တွင် ခန့် မှန်းထားသည်။ပည်ထောင်စု၏ အခွန်အကောက်ရငွေနှင့် GDP အချိုးသည် ၇ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်နေသောကြောင့်လိုငွေနှင့် GDP အချိုးသည် ၄ ဒသမ ၆၆ ရာခိုင်နှုန်းဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ မြန်မာနိုင်ငံရှိ အစိုးရ ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် အ တိုးနှုန်းသည် နှစ်စဉ် ၈ ရာခိုင်နှုန်း ဝန်း ကျင်သာရှိသောကြောင့် ပြည်သူများအနေ ဖြင့် ငွေကြေးတန်ဖိုးကျဆင်းခြင်းဒဏ်ကို ခါးဆီးခံရဖွယ်ရှိသည်။ သို့ကြောင့် ငွေကြေး ဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီးငွေကြေး ဖောင်းပွမှုနှုန်းထိန်းချုပ်ရေး မဖြစ်မနေ ဆောင်ရွက်သွားရန် လိုအပ်နေချိန်ဖြစ်သည်။

ပို့ကုန်သွင်းကုန်ဆိုင်ရာ

ပို့ကုန်သွင်းကုန် လုပ်ငန်းများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လိုင်စင်လုပ်ရန်လိုသော ကုန်စည်ပေါင်း ၄ ထောင်ကျော်ရှိပြီး အွန် လိုင်းစနစ်ဖြင့် ကုန်ပစ္စည်းအမည် ၅ဝ ခန့် ကို လိုင်စင်များစတင်ချထားပေးလျက်ရှိ သည်။ သို့သော်လည်း လက်ရှိကုန်သွယ်ရေး ဆိုင်ရာ အခက်အခဲများမှာ အဆိုပါဖြေ လျှော့မှုမျိုးလောက်ဖြင့် ပြေလည်လောက် မည့်အနေအထားမဟုတ်ပေ။ မြန်မာနိုင်ငံ သည် သဘာဝသယံဇာတနှင့် စိုက်ပျိုးရေး ဆိုင်ရာအရင်းအမြစ်များ မဟာဗျူဟာ တည်နေရာအနေအထားတို့အရ အားသာ ချက်ရှိပြီးဒေသတွင်း ကမ္ဘာ့လူဦးရေ ၄ဝ ရာခိုင်နှုန်း၏ဗဟိုချက်တွင် တည်ရှိနေသောကြောင့် ဈေးကွက်ကြီးတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။

ထိုသို့သော ဈေးကွက်ကြီးကို ချိတ်ဆက်နိုင်စေရန်အတွက် ရုပ်ပိုင်းဆိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ဖို့အပြင် ကုန်သွယ်ရေးအတွက် ဆောင်ရွက်နေ သောဌာနဆိုင်ရာများ၏ စွမ်းဆောင်ရည်များ ( Soft Infrastructure) မြှင့်တင်သွားရန်ကိုလည်း အလေးပေးပြီးဆောင်ရွက်သွားရန်နှင့် အသေးစား၊ အလတ်စားစီးပွားရေး (SME) လုပ်ငန်းများကိုလည်း ငွေကြေးအရင်းအနှီး ပိုမိုရရှိနိုင်ရန် တိုးမြှင့်ဆောင်ရွက်ပေးသင့်ကြောင်း မြန်မာနိုင်ငံ၏ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာကဆိုသည်။ မြန်မာနိုင်ငံကို အမှန်တကယ် ပို့ကုန် ၃ ဆတိုးမြှင့်ရန်အတွက် ကုန်သွယ်မှုဆိုင်ရာကုန်ကျစရိတ် မြင့်မားနေခြင်း၊ ကုန်စည်များ၏ အရည်အသွေးနှင့် အစိုးရဌာနများအတွင်း မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းများကို ပြုပြင်ပြောင်းလဲရေး မလုပ် နိုင်သရွေ့ ပို့ကုန်တန်ဖိုး လျော့ကျမြဲ လျော့ကျနေမည်ဖြစ်ပြီးဘဏ္ဍာရေးလိုငွေ ပြနေမြဲသာဖြစ်နေမည်ဖြစ်သည်။

စိုက်ပျိုးရေးကိုအခြေခံ၍

မြန်မာနိုင်ငံသည် ကျေးလက်ဒေသများပြားလှပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် လူပေါင်းများစွာ၏ အသက်သွေးကြောလုပ်ငန်းဖြစ်သည်။ သို့သော် လည်း စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် အသိပညာပိုင်းဆိုင်ရာများ နည်းပါး သည့်အတွက် နှောင့်နှေးမှုများ ဖြစ်ပေါ်နေ သည်။ ထို့ကြောင့် စိုက်ပျိုးရေးနည်းစနစ်များ ကိုပို၍ ကောင်းမွန်သော စက်မှုလယ်ယာ စနစ်သို့ ပြောင်းလဲရာတွင် အခက်အခဲများ ရှိနေသည်။ ကျေးလက်ဒေသနှင့် မြို့ပြဈေး ကွက်များအကြား သတင်းအချက်အလက် အချိတ်အဆက်များ ဖြန့်ဖြူးပေးသည့် မူဝါဒမရှိခြင်း၊ စိုက်ပျိုးရေးကို အခြေခံသည်ဟု တွင်တွင်အော်နေသော်လည်း အမှန်စင် စစ်တွင် လယ်ယာမြေနှင့်ဆန်စပါးလုပ်ငန်းများအတွက် အစိုးရ၏အထောက်အပံ့သည် အလွန်နည်းခဲ့သည်။ တောင်သူလယ်သမားများအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Agri Food SMEs ) များ စတင်ရန်အချိန်ဖြစ်သည်။ ထိုသို့ စတင်ခြင်းသည် နောင် ၅ နှစ်တာကာလ အတွင်းလှမ်းစေမည့် ခြေလှမ်းများ၏ အစ ပင်ဖြစ်သည်။

နှစ်ပေါင်းများစွာကျဆင်းလာခဲ့သော မြန်မာ့စီးပွားရေးကိုရက် ၁ဝဝ ဖြင့် ပကတိ အကောင်းပြန်လည်မဖြစ်နိုင်ကြောင်း နိုင်ငံသားတိုင်း နားလည်ထားကြမည်ဖြစ် သည်။ သို့သော် ယခုစသော ရက် ၁ဝဝ သည် နောင် ၅ နှစ်တာ စီးပွားရေးအဝန်းအဝိုင်းတစ်ခုလုံး၏ တာထွက်ပင်ဖြစ်သည်။ အဘက်ဘက်က နိမ့်ကျခဲ့သော မြန်မာနိုင်ငံသည် အများနှင့်တန်းတူ ခြေလှမ်း၍မဖြစ်နိုင်ပေ။ ခြေလှမ်းခပ်သုတ်သုတ် လှမ်းသင့်ပေသည်။ ထိုသို့ပင် စီးပွားရေးဆိုင်ရာမူဝါဒများကို စောင့်မျှော်၍ ခြေလှမ်းတပြင်ပြင် ဖြစ်နေသူ များစွာရှိနေချိန်တွင် အလျင်အမြန် အားသွန်ခွန်စိုက်လုပ်ဆောင်ရတော့ မည်ဖြစ်သည်။ စီးပွားရေးမူဝါဒများကို ယခုလအတွင်း ချပြနိုင်စေရန်လုပ်ဆောင်မည်ဟုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၏ ဇွန်လအတွင်းကပြောဆိုချက်သည် ဇူလိုင်လကုန်ပိုင်းလောက်တွင် အတည်ဖြစ်လာမည်ဟုမျှော်လင့်နေကြပေသည်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*