ဝန်ကြီးများရုံးအတွင်း အာဇာနည်နေ့အခမ်းအနားကျင်းပရေးအကြိုပြင်ဆင်မှုများပြုလုပ်

ဝန်ကြီးများရုံးအတွင်း အာဇာနည်နေ့အခမ်းအနားကျင်းပရေးအကြိုပြင်ဆင်မှုများပြုလုပ်
July 15, 2016 Asian Fame

5:25 am
ဝန်ကြီးများရုံးအတွင်း အာဇာနည်နေ့အခမ်းအနားကျင်းပရေးအကြိုပြင်ဆင်မှုများပြုလုပ်

ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံးတွင် ယခုနှစ်အာဇာနည်နေ့အခမ်းအနားကျင်းပရေးအကြိုပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။ ဇူလိုင် ၁၅ ရက်နေ့နံနက်တွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ၊ပြည်သူများက ၀န်ကြီးများရုံးအတွင်းရှိ အာဇာနည်ခေါင်းဆောင်ကြီးများဧ။် သမိုင်းဝင်မော်ကွန်းကျောက်စာတိုင်ရှေ့တွင် အာဇာနည်နေ့အခမ်းအနားအကြိုလေ့ကျင့်ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ကြသည်။ ၀န်ကြီးများရုံးသည် အင်္ဂလိပ်ခေတ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်ဧ။် အမြင့်ဆုံးအဆင့်ဖြစ်ပြီး အတွင်းဝန်ချုပ်နှင့် အတွင်းဝန်ကြီးများ ကြီးစိုးရာ ဌာနဖြစ်ခဲ့ကာ မူလက အတွင်းဝန်များရုံးဟုခေါ်ဆိုရာမှ ၁၉၇၂ မတ်လမှစ၍ ၀န်ကြီးများရုံးဟုပြောင်းလဲခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ၀န်ကြီးများရုံးကို ၁၈၉၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၀၅ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်းသိရသည်။ လက်ရှိတွင် အနော်မာအနုပညာအဖွဲ့က ၀န်ကြီးများရုံးကို ပြတိုက်အဖြစ် လုပ်ဆောင်ရန်စီစဉ်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်နေစဉ် အာဇာနည်နေ့ရောက်တိုင်း ပြည်သူများလာရောက်လေ့လာနိုင်ရန် ၀န်ကြီးများရုံးကိုဖွင့်ပေးခဲ့ကြောင်းသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*