ဖော့ဖိနပ် တစ်ရံနဲ့ ရေနံ လက်ယက်တွင်း ရာဇဝင်

ဖော့ဖိနပ် တစ်ရံနဲ့ ရေနံ လက်ယက်တွင်း ရာဇဝင်
July 13, 2016 Asian Fame

5:01 pm
ဖော့ဖိနပ် တစ်ရံနဲ့ ရေနံ လက်ယက်တွင်း ရာဇဝင်
In Photo Essay
ဂျပန်ဖိနပ်(ခေါ်)ဖော့ဖိနပ်တစ်ရံကို တွင်းဝမှာချထားပြီး ရေနံမှော်မှာ ရေနံခပ်လုပ်သားအဖြစ်နဲ့ ရှိသမျှအားအင်တွေက သားနှစ်ယောက်ပညာတတ်ဖြစ်ဖို့ပါ။

အလှည့်ကျဆိုင်းပြီးလို့ လက်မှာကပ်နေတဲ့ ဗျစ်(ရေနံ)တွေကို ရေကန်မှာ ဆေးကြောလိုက်တယ်။ ဘယ်လောက်များ ပူလောင်ထားတယ်မသိပေမယ့် ရေနဲ့အတွေ့မှာတောင် ထုံပြင်းပြင်းဖြစ်နေတယ်။ ရေစိမ် လို့အေးမြမယ်ဆိုရင်တောင် ကိုဇော်ဝင်းရင်ထဲမှာတော့ မအေးနိုင်ပါဘူး။

”အဖေ၊ သားကျောင်းပုဆိုးကပြဲနေပြီ၊ ဒီနှစ် သားကျူရှင်ယူရမယ်အဖေ။ အစိုးရစစ်ဆိုတော့ သားအောင်မှဖြစ်မယ်”ရှစ်တန်းကျောင်သား သားကြီးစကားက မောင်းနေရတဲ့ ဒီဇယ်အင်ဂျင်သံထက် ပိုပြင်းနေတယ်။ တစ်နေ့ ၈ နာရီတစ်ခါထိုင် ၄ နာရီနဲ့ အဆိုင်းသုံးဆိုင်းတွဲပြီး ငနောင်မုန်း ရေနံမှော်မှာနေ့စား ရေနံခပ်လုပ်သားတစ်ယောက်က ကိုဇော်ဝင်းရယ်ပါ။ မကွေးတိုင်းအတွင်းက မင်းလှမြို့နယ်မှာ ရေမှော် လုပ်ကွက် ၄ဝ ကျော်ရှိပေမယ့် ဒီ ငနောင်မုန်း ရေနံမှော်တစ်ခုသာ စွဲမြဲတယ်မဟုတ်လား။ ထန်းကိုင်းရေနံမှော် ခေတ်ကောင်းတုန်းကတော့ လုပ်အားခ တစ်နေ့ ရှစ်ထောင်တစ်သောင်းရတယ်။ ရေနံဈေးကလည်းကျ၊ ထန်းကိုင်းရေနံအထွက်ကလည်းမရှိဆိုတော့ လုပ်ခ ၅ဝဝဝ သာရတဲ့ ငနောင်မုန်းကိုပဲ အားထားနေရတယ်။

”ရေနံဈေးက ကျနေတယ်၊ ရောင်းတဲ့အခါကျလည်း ရေနံတစ်စည် ကို အခွန်ဆောင်ဖို့ဆိုပြီး ဝယ်သူက ၃ဝဝဝ လောက်ဖြတ်တယ်။တွင်း ပိုင်ရှင်က ဈေးရတာမမြင့်တော့ လုပ်ခကျလည်းပိုမရတော့ဘူးပေါ့” လို့ ကိုဇော်ဝင်းက ညည်းညူပါတယ်။ ရေနံတစ်စည် ရှစ်သောင်းတစ်သိန်းတုန်းက လုပ်ခမြင့်ပေမယ့် သုံးသောင်းအထိကျခဲ့တော့ ကိုဇော်ဝင်းတို့လိုနေ့စားတွေ အလုပ်လက်မဲ့ ဖြစ်မယ့်ကိန်းဆိုက်ရသေးတယ်။ ရွာပြန်ရလောက်အောင် အခြေက လည်းမရှိတော့ မိုးလေဝသကမမှန်၊ စိုက်ပျိုးစရိတ်ကကြီးနဲ့ဆိုတော့ ငဖဲ မြို့နယ်ထဲက ပြန်ချီရွာကို ပြန်မကပ်နိုင်တော့ ရှိတဲ့နွားလေးဖြုတ်၊ လှည်း လေးဖြုတ်နဲ့၊ ရေနံလက်ယက်တွင်းလေး စုပေါင်းစပ်ပေါင်း တူးမိပါတယ်။ ရေနံဈေးကကျ၊ ဥပဒေက ပေတစ်ထောင်အောက်ပဲတူးရတာ။ ရေနံ ကပေ ထောင့်လေးငါးရာ မကျော်ဘဲနဲ့ မထွက်ဆိုတော့ ကိုဇော်ဝင်း အငှားလုပ်သားဖြစ်ရတော့တာပေါ့။ တကယ်တမ်းက၊ မြေကွက်ပိုင်ရှင်က တွက်ခြေအကိုက်ဆုံးပဲ၊ တွင်းပေါက်လို့ ရေနံအထွက်ကောင်းရင် သိန်း ၂ဝ/၃ဝ အသာလေးပဲ။ ခု ဒီတွင်းဆို တစ်နေ့ ၆ စည်ရတယ်၊မြေရှင်ကတစ်ဝက်ရတယ်ကျန်ခဲ့တဲ့ မိသားစုလေးယောက်စာအတွက်ကို တစ်လ တစ်သိန်းပေးနိုင်အောင် မှော်ထဲမှာ အသောက်အစားကင်းကင်း၊ အပျော်အပါးကင်းကင်းနဲ့ စုဆောင်းပို့ရတယ်။ ထန်းကိုင်းရေနံမှော် ခေတ်ကောင်းချိန်တုန်းကတော့၊ ပွဲတော် ကြီးအလား သောက်စားပျော်ပါးနေကြတာ၊ အရက်ဘီယာ၊ လောင်းကစား၊ ကာရာအိုကေ၊ ဘိလိယက်အစုံ တအုံးအုံးနဲ့ပေါ့။ ခုတော့ စီးပွားဖြစ်လို့ တပ်ခေါက်ပြန်သူကနည်းနည်း၊ ဘဝပျက်လို့ မဟန်သူတွေက များများဆိုပါတော့။

ဒီမှာအစိုးရ အပြောင်းအလဲမှာ ရေနံမှော်တွေကနေ အခွန်အတုတ် ရတဲ့ ၂ ဒသမ ၈ ဘီလျံ ပျောက်ဆုံးနေတယ်ဆိုတဲ့ အသံကြားတော့၊ တို့ဆီကကောက်သွားတဲ့ငွေတွေ ဘယ်သူတွေက အလွယ်တကူယူသွား ပါလိမ့်ဆိုတာထက်၊ ကိုယ့်ဘဝအလုပ်မပျောက်ရေးက ပိုလို့အရေးကြီး နေရပြန်ပါတယ်။ကိုဇော်ဝင်း တစ်ယောက်ကတော့ သားနှစ်ယောက်ရဲ့မျက်နှာကို ထောက်ပြီး သူတို့ပညာတတ်ဖြစ်ဖို့ ရေနံမှော်မှာ ရေနံခပ်လုပ်သားအဖြစ် နဲ့ ဂျပန်ဖိနပ်လို့ခေါ်တဲ့ ဖော့ဖိနပ်တစ်ရံကို တွင်းဝမှာချထားပြီး ရှိသမျှ အားအင်တွေနဲ့ သားတွေကို ပညာအမွေပေးဖို့ နေပူပေမယ့်လည်း ရေနံအပူနဲ့ ထပ်ကာဆင့်ရင်း ရင်ထဲကအပူကို အပူနဲ့ ထပ်ငြှိမ်းနေဆဲပါပဲ။

ဓာတ်ပုံ – ဦးမင်း

 

ဂျပန်ဖိနပ်(ခေါ်)ဖော့ဖိနပ်တစ်ရံကို တွင်းဝမှာချထားပြီး ရေနံမှော်မှာ ရေနံခပ်လုပ်သားအဖြစ်နဲ့ ရှိသမျှအားအင်တွေက သားနှစ်ယောက်ပညာတတ်ဖြစ်ဖို့ပါ။

ဂျပန်ဖိနပ်(ခေါ်)ဖော့ဖိနပ်တစ်ရံကို တွင်းဝမှာချထားပြီး ရေနံမှော်မှာ ရေနံခပ်လုပ်သားအဖြစ်နဲ့ ရှိသမျှအားအင်တွေက သားနှစ်ယောက်ပညာတတ်ဖြစ်ဖို့ပါ။

 

တစ်ခါထိုင် (၄)နာရီနဲ့ အဆိုင်းသုံးဆိုင်းတွဲပြီး ငနောင်မုန်းရေနံမှော်မှာ နေ့စားရေနံခပ်လုပ်သားတစ်ဦးရဲ့ လုပ်ငန်းခွင်

တစ်ခါထိုင် (၄)နာရီနဲ့ အဆိုင်းသုံးဆိုင်းတွဲပြီး ငနောင်မုန်းရေနံမှော်မှာ နေ့စားရေနံခပ်လုပ်သားတစ်ဦးရဲ့ လုပ်ငန်းခွင်

 

တွင်းပေါက်လို့ ရေနံအထွက်ကောင်းရင် သိန်း၂ဝ/၃ဝ အသာလေးပဲ ခု ဒီတွင်းဆို တစ်နေ့ ၆ စည် ရသဗျ

တွင်းပေါက်လို့ ရေနံအထွက်ကောင်းရင် သိန်း၂ဝ/၃ဝ အသာလေးပဲ
ခု ဒီတွင်းဆို တစ်နေ့ ၆ စည် ရသဗျ

 

ရေနံဈေးကလည်းကျ၊ ထန်းကိုင်းမှာ ရေနံအထွက်ကလည်းမရှိဆိုတော့ လုပ်ခ ၅ဝဝဝ သာရတဲ့ နေ့စားရေနံခပ်လုပ်သားအဖြစ် ကြိုးစားပမ်းစား

ရေနံဈေးကလည်းကျ၊ ထန်းကိုင်းမှာ ရေနံအထွက်ကလည်းမရှိဆိုတော့ လုပ်ခ ၅ဝဝဝ သာရတဲ့ နေ့စားရေနံခပ်လုပ်သားအဖြစ် ကြိုးစားပမ်းစား

 

မိသားစုလေးယောက်စာအတွက် တစ်လကို ငွေတစ်သိန်းပေးနိုင်အောင် မှော်ထဲမှာ ဒီလိုကြိုးစားခပ်ရ

မိသားစုလေးယောက်စာအတွက် တစ်လကို ငွေတစ်သိန်းပေးနိုင်အောင် မှော်ထဲမှာ ဒီလိုကြိုးစားခပ်ရ

 

ရေနံဈေးက ကျပေမယ့် ရောင်းဖို့အတွက် အသင့်အနေအထား

ရေနံဈေးက ကျပေမယ့် ရောင်းဖို့အတွက် အသင့်အနေအထား

 

စီးပွားဖြစ်လို့ တပ်ခေါက်ပြန်သူက နည်းနည်း၊ ဘဝပျက်လို့ မဟန်သူတွေကများများ ရေနံမှော်ရဲ့ ဘဝများ

စီးပွားဖြစ်လို့ တပ်ခေါက်ပြန်သူက နည်းနည်း၊ ဘဝပျက်လို့ မဟန်သူတွေကများများ ရေနံမှော်ရဲ့ ဘဝများ

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*