နေပြည်တော်သည် ခရီးစဉ်ဒေသတစ်ခု မဖြစ်နိုင်တော့ ပြီလော

နေပြည်တော်သည် ခရီးစဉ်ဒေသတစ်ခု မဖြစ်နိုင်တော့ ပြီလော
July 6, 2016 Asian Fame

5:51 am
နေပြည်တော်သည် ခရီးစဉ်ဒေသတစ်ခု မဖြစ်နိုင်တော့ ပြီလော

ယခင်တစ်ပတ်မှ စာဆက်

၃။ ဆွဲဆောင်စရာများ (Attractions)

ခရီးသွားများ ဒေသတစ်ခုကို လာရောက်လည်ပတ်သည့် အကြောင်းအရင်းက ယင်းဒေသမှာ သူတို့ကို ဆွဲဆောင်ထားနိုင်သည့် အကြောင်းအရင်းရှိနေ၍ ဖြစ်ပါ သည်။ ဥပမာအားဖြင့် ပုဂံဒေသ သည် ရှေးဟောင်းဘုရား၊ စေတီပု ထိုးများ ယဉ်ကျေးမှု ဗိသုကာလက် ရာများဖြင့် ကမ္ဘာလှည့် ခရီးသွား များကို ဖမ်းစားထားပါသည်။ ဒါကြောင့် နေပြည်တော်ကို ခရီး သွားများအတွက် ဆွဲဆောင်မှုရှိ အောင် စီမံရန်လိုအပ်ပါသည်။ နေ ပြည်တော်ဒေသသည် စိမ်းလန်း သော တောတောင်ဒေသဖြစ်၍ သဘာဝခရီးသွားလုပ်ငန်းဖြင့် ဆွဲ ဆောင်သင့်ပါသည်။ ဥပမာ မြို့ ပတ်ပြီး စက်ဘီးစီးနိုင်ရန် လမ်းများ ဖော်ဆောင်ပေးခြင်း၊ မြို့ပတ်စက် ဘီးစီးပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ ကလောမြို့မှာကဲ့သို့ တောင်တက် လမ်းကြောင်း ရှာဖွေဖော်ဆောင် ခြင်း၊ လှေခွင်းတောင် ကမ်းခြေ တစ်ဝိုက် အနားယူအပန်းဖြေစရာ ကျန်းမာရေးနှင့် အစားအစာ လုံခြုံ ရေးရှိသော စားသောက်ဆိုင်များ ထူထောင်ခြင်း စသည်တို့ ဖြစ်ပါ သည်။ ရှိပြီး ဆွဲဆောင်စရာများကို ပိုမိုကောင်းမွန်အောင် ပြုပြင်ထိန်း သိမ်းခြင်းနှင့် ဆွဲဆောင်စရာအသစ် များ ဖော်ဆောင်ခြင်း နှစ်မျိုးလုံး ဆောင်ရွက်ရန်လိုပါသည်။ မူလရှိ ပြီး ရေပန်းဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ အမျိုး သားအထိမ်းအမှတ် ဥယျာဉ်၊ ပရဆေးဥယျာဉ်၊ နေပြည်တော် ရေပူစမ်း အစရှိသည်တို့ကို ပြန် လည်မွမ်းမံခြင်း၊ ဆန်းသစ်သော အစီအစဉ်သစ်များ တီထွင်တင် ဆက်ခြင်း၊ သွားလာရေးလွယ်ကူ သက်သာစေရန် လွန်းပြန်ကား လိုင်းများ စီစဉ်ပေးခြင်းတို့ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်သင့်ပါသည်။ နေပြည်တော် အနီး ရှိ ဖိုးကျားဆင်စခန်းကိုလည်း ထိုင်းနိုင်ငံရှိ ဆင်စခန်းများကဲ့သို့ ခရီးသွားများ စိတ်ပါဝင်စားဖွယ်ဖြစ် အောင် ထိုင်းနိုင်ငံမှ နည်းယူသင် ကြားပြီး ပိုမိုအဆင့်မြင့်မားအောင် ပြုစုပျိုးထောင် သင့်ပါသည်။ နေ ပြည်တော် ရေပူစမ်းကိုလည်း သွား လာရေး လွယ်ကူအောင်၊ လုံခြုံမှု ရှိအောင်၊ ပိုမိုအဆင့်မြင့်သော နည်းနာများကို ဂျပန်နိုင်ငံ၏ အ ကူအညီဖြင့် ပြုစုထူထောင် ဆောင် ရွက်သင့်ပါသည်။

၎။ လုပ်ရှားမှုများ (Activities)

နေပြည်တော်သို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန်ဘက်ပေါင်းစုံက လှုပ်ရှားမှုများ ဖန်တီး ဆွဲဆောင်ရန် လိုအပ်ပါသည်။ ဥပ မာအားဖြင့် နေပြည်တော်ကို လာ ရောက်လည်ပတ်သည့် ဧည့်သည် များအနေနှင့် မီးပုံးပျံစီးခြင်း၊ စက် ဘီး၊ မြင်းလှည်းစီးခြင်း၊ ရိုးရာလက် ဝှေ့နှင့် ခြင်းလုံးပြိုင်ပွဲများ ကျင်းပ ပေးခြင်း၊ နေဝင်ဆည်းဆာ၏အလှ ကို တောင်ပေါ်မှ ကြည့်ရှုခံစားခြင်းအပြင် ရိုးရာယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုများ ခံစားနိုင်ခြင်း စသည်တို့လည်း ပါဝင်ပါသည်။ အထူးသဖြင့် ဒေသခံများ ပါဝင်သည့် သန့်ရှင်းသပ်ရပ်သော ညဈေးတန်းများ ဖန်တီးရောင်းချခြင်း၊ ညဈေးတွင် ရောင်းချမည့် အစားအစာများ၏ အရည်အသွေး နှင့် ကျန်းမာရေး ညီညွတ်မှုကို အထူးဂရုစိုက်ခြင်း၊ တိုင်းရင်းသား အစားအစာများကို ကမ္ဘာသိအောင် မြှင့်တင်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်ပါသည်။

၅။ အခြေခံလိုအပ်ချက်များ (Amenities)

နေပြည်တော်သို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအတွက် အခြေခံကျသည့် လိုအပ်ချက်များဖြစ်သည့် အများပြည်သူသုံး သန့်စင်ခန်းများ၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားများအတွက်သတင်းအချက်အလက် စုံစမ်းရေး ရုံးများ (Tourist information center) များ၊ အရေးပေါ်ဆေးကုသမှုများ၊ အရေးပေါ်ဝန်ဆောင်မှုများ စသည်တို့ကိုလည်း ဆိုင်ရာက ပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေး ရန်လိုအပ်ပါသည်။ ထိုသို့စီမံရာတွင် ပြည်စုံအောင် အရေအတွက်မျှကိုသာ စီမံရုံမဟုတ်ဘဲ အရည်အသွေးကောင်းမွန်မြင့်မားအောင် ဆောင်ရွက်သင့်ပါသည်။ လက် ဆောင်ပစ္စည်းထုတ်လုပ်မှုကို နည်း ပညာနှင့် အရည်အသွေးကောင်းမွန်သာလွန်သော ထိုင်းနိုင်ငံမှအကူအညီရယူပြီး သင်ကြားဆောင် ရွက်မည်ဆိုပါက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး လာရုံသာမက၊ ဒေသခံများ ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းလာမည် ဖြစ်ပါသည်။

၆။ အထောက်ကူပြု လိုအပ်ချက်များ (Ancillary)

နေပြည်တော်သို့ လာရောက် လည်ပတ်သော ခရီးသွားဧည့်သည် များအတွက် အထောက်အကူပြု လိုအပ်ချက်များကိုလည်း ဆိုင်ရာ မှ ပြည့်စုံအောင် စီစဉ်ဆောင်ရွက် ပေးရန်လိုအပ်ပါသည်။ အထောက် အကူပြုလိုအပ်ချက်များဆိုသည်မှာ ဥပမာ-ကားအငှား ဝန်ဆောင်မှုများ၊ နိုင်ငံခြားငွေလဲကောင်တာများ၊ အာမခံကုမ္ပဏီများအစရှိသည်တို့ ပါဝင်ပါသည်။ တိုးတက်လာရောက်မည့် ခရီးသွားများ အဆင်ပြေစေရန် ဆိုင်ရာအဖွဲ့အစည်းများ၏ လမ်းညွှန်မှုနှင့် သက်ဆိုင် ရာ လုပ်ငန်းရှင်များ၏ ကူညီပူး ပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်အောင် စီမံနိုင်မည်ဟု ယုံကြည်မိပါသည်။ အထက်ဖော်ပြပါ အချက်များကို နှစ်အနည်းငယ်အတွင်း ကြိုတင် စီမံချက်ရေးဆွဲပြီး အားလုံးပူးပေါင်း ဆောင်ရွက်မည်ဆိုလျှင် ဟိုတယ်ဝန်ထမ်းဦးရေ ၅ဝဝဝ ခန့် မှီတင်းနေထိုင်ရာ နေပြည်တော် သည် ခရီးစဉ်ဒေသတစ်ခု မဖြစ်နိုင်ပါလော။

ကောင်းထက်ကောင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*