အိပ်မက်ကို အသက်သွင်းသူ ( သို့မဟုတ် ) ဆီလီကွန်အနုပညာရှင် ဦးအောင်ကျော်ထွန်း

အိပ်မက်ကို အသက်သွင်းသူ ( သို့မဟုတ် ) ဆီလီကွန်အနုပညာရှင် ဦးအောင်ကျော်ထွန်း
July 6, 2016 Asian Fame

5:59 am
အိပ်မက်ကို အသက်သွင်းသူ ( သို့မဟုတ် ) ဆီလီကွန်အနုပညာရှင် ဦးအောင်ကျော်ထွန်း

IMG_20160702_090916 copy

တိုက်ခန်းတံခါးကို ဖွင့်ပြီးဝင် လိုက်ချိန်တွင် ကုလားထိုင်၌ ထိုင်နေသည့် စွပ်ကျယ်ဝတ်အမျိုး သားတစ်ဦး၏ အသားအရေကိုယ် နေဟန် ထားများကို အသေးစိတ် ဂရုတစိုက်ပြုပြင်ပေးနေသည့် အမျိုးသားတစ်ဦးကိုမြင်ရသည်။

အရေအတွက်အားဖြင့်မူ အမျိုးသားနှစ်ဦးဟု ဆိုရပါမည်။ သို့သော် ထိုအမျိုးသားနှစ်ဦးတွင် တစ်ဦးက ဗိုလ်ချုပ်အောင်ဆန်း၏ ဆီလီ ကွန်ရုပ်တုဖြစ်ပြီး တစ်ဦးက တော့ ရုပ်တုဖန်တီးရှင် ဦးအောင် ကျော်ထွန်းတို့ ဖြစ်သည်။

ထို ဗိုလ်ချုပ်အောင်ဆန်း၏ ဆီလီကွန်ရုပ်တုကိုမကြာမီ ကျ ရောက်မည့် အာဇာနည်နေ့တွင် ဗဟန်းမြို့နယ်ဗိုလ်ချို(၁)ရပ်ကွက် ရှိဗိုလ်ချုပ်နေအိမ် ပြတိုက်၌ အ များပြည်သူတို့လည်း မြင်တွေ့ရ တော့မည် ဖြစ်ပါသည်။

မျက်လုံး၊ ဆံပင်၊ အသားအ ရေ၊ အင်္ကျီ စသည်တို့ကို အသေး စိတ် ဂရုတစိုက်ပြုလုပ်ထားသည့် ဗိုလ်ချုပ်ရုပ်တုမှာ သက်ရှိလူသား တစ်ဦးနှင့်မခြား။ ယင်းကပင် ဆီ လီကွန်၏ သဘောသဘာဝနှင့် ဖန် တီးရှင်၏လက်ရာမြောက်မှု သက် သေဟု ဆိုရပါမည်။

ဆီလီကွန်ပညာရပ်ကို ကျွမ်း ကျင်သူတစ်ဦးအဖြစ် ရောက်ရှိရန် ကြိုးစားအားထုတ်မှုကားနှစ်ကာလ များစွာ။  မလျှော့သော ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်ဖြစ်ရန်အတွက် တွန်းအားမှာလွန်ခဲ့သည့် ဆယ် စုနှစ်လောက်က ကုံလုံဆရာတော် ဘုရားကြီး၏ ဆီလီကွန်ရုပ်တု ကို မြင်ခဲ့ရသည်မှ အစပြုခဲ့သည်ဟု ဦးအောင်ကျော်ထွန်းက ဆိုသည်။

”နိုင်ငံခြားမှာထုတာတဲ့။ အ သားအရေလေးတွေကအစ၊ မျက် လုံးလေးတွေကအစ၊အမွေးအမျှင်လေးတွေရော၊ အဲ့ဒါကို ကျွန်တော် က စိတ်ဝင်စားတယ်။ အဲ့ဒီတော့ ကျွန်တော်က ပန်းပုဆရာတွေကို မြှောက်ပေးတယ်။ လုပ်ကြပါ တကယ်ကောင်းတယ်ဆိုပြီးတော့ ပေါ့။ ဒီပညာမျိုးက ဗမာပြည်မှာ မရှိသေးဘူး။ ရှိသင့်တယ်ပေါ့” ဟု မိမိပတ်ဝန်းကျင်မှ သူများကို ဆီ လီကွန်ပညာသင်ယူရန်တိုက်တွန်း ခဲ့သည်။

မည်သူမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်အခါ မိတ်ဆွေတစ်ဦး ယူဆောင်လာသော ဆီလီကွန် ရုပ် တုများပြုလုပ်နည်း အဆင့်ဆင့်ကို ကြည့်ရှု့လေ့လာရင်း ကိုယ်တိုင်လည်း ဓာတုဗေဒကျောင်းဆင်းတစ်ဦး ဖြစ်နေသည့်အတွက် ထိုပညာရပ် များကို စိတ်ဝင်တစားနှင့်လေ့ လာ ဖြစ်ခဲ့သည်။ အခွေထဲတွင်ပါသော ဓာတုပစ္စည်းစပ်နည်းများကို ကြည့် ၍ ဆေးတစ်မျိုးပြီးတစ်မျိုး စပ် ကြည့်ကာ ဆီလီကွန်အရုပ်များ ကို ကြိုးစားပုံဖော်ဖြစ်ခဲ့သည်ဟု သူက ပြန်ပြောင်းပြောပြပါသည်။

”ဘယ်သူမှ မလုပ်ရင်ငါလုပ်မယ်ကွာဆိုပြီးလွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်ဝန်းကျင်လောက်က စပြီးလေ့ လာတယ်။ အဲ့ဒီအချိန်မှာ ပန်းချီ တွေလ ည်း ရေးနေတယ်။ ဒီပညာ ကိုလည်း လေ့လာတယ်။ ဒီလိုမျိုးစ ခဲ့တာပါ”  ဟုဆိုပါသည်။

ဦးအောင်ကျော်ထွန်းသည် ၁၉၉၄ ခုနှစ်တွင် တက္ကသိုလ်မှ ဓာတုဗေဒပညာဖြင့် ဘွဲ့ရခဲ့ပြီး၊ ဘွဲ့မရခင်ကပင် ရုပ်ရှင်ပိုစတာများ ရေးခဲ့သ ည်ဟု အနုပညာခြေလှမ်း အစကို ရှင်းပြပါသည်။

ထိုစဉ်က ရုပ်ရှင်ပိုစတာများသည်ယနေ့ခေတ်ကဲ့သို့ ရုပ်ရှင် ဇာတ်ကားဇာတ်ဝင်ခန်းများ၊ ပါဝင် သည့် မင်းသားမင်းသမီးတို့၏ ပုံ များကို ဗီနိုင်းဖြင့်ချိတ်ဆွဲထားကြသည်မဟုတ်။ ရုံတင်မည့်ဇာတ် ကားနှင့် ပတ်သက်၍  ပန်းချီဆရာ ထံကြိုတင်အပ်ရသည့် အခြေအ နေမျိုးဖြစ် သည်။ ပိတ်စပေါ်တွင် ဇာတ်ကားအမည်၊ ဇာတ်ဝင်ခန်း၊ မင်းသား မင်းသမီးတို့၏အမည် များကို ပန်းချီဆရာက ရေးဆွဲပေး ရသည့်ခေတ် တွင် ဦးအောင်ကျော် ထွန်းသည် နယ်ရုပ်ရှင်ရုံတို့အတွက် ပန်ချီဆရာလေးတစ်ဦး ဖြစ်လာ သည်။

သို့သော်သူက နယ်ရုပ်ရှင် ပိုစတာရေးရသူအဖြစ်လောက်နှင့် သာ သူ့အနုပညာကို ကျေနပ်နေ ခဲ့သူမဟုတ်။

ရန်ကုန် ရုပ်ရှင်ရုံကြီးများ၏ ရုပ်ရှင်ပိုစတာရေးသည့် ပန်းချီ ဆရာတစ်ဦးဖြစ်ရန်အထိ ရည်မှန်း ကာ ရန်ကုန်တက်လာခဲ့သည်။ သူဖြစ်ချင် သည့် အခြေအနေကို တန်းရောက်ခဲ့သည်တော့ မဟုတ်။ ရန်ကုန်ရောက်သည့်အခါ မင်္ဂလာ ရုပ်ရှင်ကုမ္ပဏီတွင် ဖြန့်ချိရေး၊ ကြော်ငြာ တာဝန်ခံဖြင့် စတင်ခဲ့ရ သည်။

”အရင်က ကျွန်တော်ကြိုးစား ခဲ့ပေမယ့် မရခဲ့တဲ့အလုပ်ဖြစ်တဲ့ ပန်းချီရုံတွေမှာ အလုပ်ပြန်အပ်တဲ့ သူဖြစ်လာတယ်။ ဒီမှာပန်းချီ ကားတွေအပ်ရင်းသူတို့ဆီမှာ ပြန်ရေး ဖြစ်ရာကနေပန်းချီလောကကိုပြန်ရောက်ခဲ့တာပါ” ဟုလိုချင်သည့် ပန်းတိုင်ရောက်ရန် လမ်းကြောင်း   မဖြောင့်ပါက ရောက်ရှိနေသည့် လမ်းမှ ပန်းတိုင်ရောက်မည့် ခရီး ကိုလည်း သူရှာတွေ့ခဲ့သည်ဟု ဆို ရပါမည်။

ထို့နောက် ပန်းပုပညာကိုလည်း သင်ယူသည်။  ယနေ့တော့ ဆီလီ ကွန်ပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီဖြစ် သည်။ ဆီလီကွန်ရုပ်တုအဖြစ် ပထမဆုံးလက်ရာမှာ ပန်းချီဆရာ လှထွန်းအောင်၏ပုံဖြစ်သည်။ ထို စိတ်ကူးကား လက်ဖက်ရည်ဆိုင် တွင် အတူထိုင်ကြရင်း ဖြစ်ပေါ်လာ သည့် စိတ်ကူးဖြစ်ပြီးလက်တွေ့အ ကောင်အထည်ကို ခွင့်ပြုချက် တောင်းခံကာ စတင်ထုလုပ်ခဲ့သည့် ဟု ဆိုသည်။

”ပထမဆုံးလုပ်ခဲ့တဲ့ အရုပ်ဆို တော့ကျေနပ်မှုတော့ ဘယ်ရှိမလဲ။ ဒီထက်ကောင်းအောင် လုပ်တတ် လာတဲ့အချိန်မှာလည်း သူ့ကိုပြန်   ပြင်ဖို့စိတ်ကူးမရှိပါဘူး။ ဒီအတိုင်း ပဲထားချင်တယ်။ သူ့ကိုလည်းလက် ဆောင်အဖြစ် မပေးဖြစ်ပါဘူး။ ဒီ အရုပ်လေးနဲ့ ပြစားရတာေ ပါ့။ နောက်တစ်ခုက ကျွန်တော်ရဲ့ မှတ် တမ်းအနေနဲ့ထားပြီးတော့ သူကို တော့ နောက်ထပ်တစ်ရုပ်လုပ်ပြီးပေးပို့တော့စိတ်ကူးရှိပါတယ်”  ဟု ပထမဆုံးလက်ရာအပေါ် တန်ဖိုး ထား ထိန်းသိမ်းချင်သည့်စိတ်ကို ရိုးသားပွင့်လင်းစွာပင် ဆိုပါသည်။

ဆရာဦးအောင်ကျော်ထွန်း၏ ဒုတိယမြောက် ဆီလီကွန် လက်ရာ မှာ ဇာတ်သဘင်ပညာရှင် ဦးမိုး မင်း၏ ရုပ်တုဖြစ်ပြီး ကျိုက်ခေါက် ဘုရားပွဲ၏ မိုးမင်းဇာတ်ရုံရှေ့တွင် ထားရန်အတွက် ထုလုပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် စစ်သမိုင်းပြတိုက်တွင်ထားရန်အတွက် အရုပ်များ၊ စစ်တက္ကသိုလ်တွင် ထားရန်နှင့် စစ်သူနာပြုတက္ကသိုလ် တွင်ထားရန် ရုပ်တုများကို ထုလုပ် ခဲ့သည်။ ထို့နောက်တွင်တော့ နတ်မောက်ရှိ ဗိုလ်ချုပ်ပြတိုက်တွင် ထားရန်ရုပ်တုကိုလည်း ထုလုပ်ပေး ခဲ့ပြီးလည်း ဖြစ်သည်။

”ဗိုလ်ချုပ်ဆိုတာ ကျွန်တော် တို့ငယ်ငယ်တုန်းက ‘ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ’ တို့၊ ‘ရာဇဝင်အတ္ထုပတ္တိလည်း ရှိရမယ် ..မော် ကွန်းလည်းထိုးလောက် တယ်..မြင့်မြတ်တဲ့ဗိုလ်အောင် ဆန်းရယ်’ ဆိုတာနဲ့ ကြီးလာတာ ကိုး။ ဒီတော့ သမိုင်းတစ်ခုကိုဖော် ခွင့်ရတယ်။  ဗိုလ်ချုပ်ကိုလူသိများ အောင် ဖော်ထုတ်ခွင့်ရတဲ့အတွက် ပီတိလည်းဖြစ်ရတယ်။ သမိုင်း ပေးတာဝန်တစ်ခုကိုလည်း ကိုယ့် ပညာနဲ့ ထမ်းဆောင်ခွင့်ရတယ် ဆိုတော့ လူဖြစ်ရကျိုးနပ်တယ်လို့ ခံစားရတယ်” ဟု ဗိုလ်ချုပ်အောင် ဆန်းရုပ်တုများ ထုလုပ်ခွင့်ရခြင်း
အပေါ် ကျေနပ်ဂုဏ်ယူစွာဆိုပါ သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံ ထု လုပ်ရခြင်းကို ဤမျှလောက်နှင့် ကျေနပ်သည်တော့မဟုတ်။ ရန် ကုန်-မန္တလေးအမြန်လမ်းတွင် ဗိုလ်ချုပ်ရုပ် တုကို ထားရှိချင်သေး သည်ဟုလည်း ဆိုသည်။ ထိုနေရာ ၏တောင်နံရံများတွင် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်ဖိုးလှကြီးနှင့် ဆရာစံတို့၏ ရုပ်တုများထုလုပ်ထား ရှိရန် အာသီသရှိသည်ဟုလည်း ဆိုပါသည်။

ထိုရုပ်တုများထားရှိရန်အတွက် အမြန်လမ်းကို ရွေးချယ်ရသည်မှာ ထိုလမ်းသည် ဒေသတော်တော် များများရောက်ရန်အတွက် ဖြတ် သန်းသွားရသည့်နေရာဖြစ်ပြီး တောင်နံရံများတွင်ထားသည့် အခါ အဝေးမှလှမ်းမြင်နိုင်မည်ဖြစ် သည်ဟုလည်း ဆီလီကွန်အိပ်မက် တစ်ခုကို ပြောပြပါသည်။

”အိပ်မက်တစ်ခုဆိုတာက လည်း မက်ရင်းနဲ့သေသွားနိုင်တယ် ပေါ့နော်။ ကျွန်တော့်အနေအထား က ရှင်းရှင်ပြောရရင် ပိုက်ဆံ လည်း မရှိဘူး။ မြေနေရာလည်း မရှိဘူး။ အဲ့ဒီလိုထုဖို့ လျှောက်ရင် လည်း နိုင်ငံရဲ့အနေအထားက လျှောက်ခွင့်လည်းရှိမှာ မဟုတ်ဘူး။ လျှောက် ရင်လည်း ခွင့်ပြုချင်မှ ခွင့်ပြုမယ်ပေါ့နော်။ အဲ့ဒီတော့ ဒီဟာတွေ ကျွန်တော်ဖြတ်ကျော် ရဦးမယ်” ဟုလည်း အိပ်မက်နှင့် လက်တွေ့ကြားမှ ကွာဟမှုများကို နှိုင်းယှဉ်ပြပါသည်။

သို့သော် ထိုအိပ်မက်အတွက် မြေနေရာအသုံးပြုခွင့်ကို ကူညီမည့် သူရှိလာပြီဖြစ်ကာ အိပ်မက်၏၂၅ ရာခိုင်နှုန်းသော အလင်းရောင်   မြင်လာရပြီဖြစ်သည်။ ကြိုးစားသူ များအတွက် အပြည့်အဝဖြစ်လာနိုင် သော ရာခိုင်နှုန်းမှာလည်း ရှိနေပါ သည်။ ရာနှုန်းပြည့်သည် တစ်နေ့တွင် ရောက်ရှိလာပါမည်။

ဦးအောင်ကျော်ထွန်းသည် အနုပညာနှင့်ပတ်သက်၍ ဤမျှနှင့် ကျေနပ်နေသူတစ်ဦးမဟုတ်။ ဆီလီ ကွန်ပညာအပြင် အနုပညာလော က  အတွက် လိုအပ်ချက်တစ်ခုဖြစ် သည့် မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ် လည်း လုပ်ကိုင်နေသူတစ်ဦးဖြစ် သည်။

”မိတ်ကပ်ဘက်ကိုတော့ ဆီ လီကွန်ရုပ်တုတွေ လုပ်နေစဉ်ကာ လကတည်းက မိုက်ကယ်ဂျက်ဆင် ရဲ့Behind the  Scene အခွေကို ကြည့်ပြီးဝါသနာပါခဲ့တာ။ ဆီလီ ကွန်နဲ့မိတ်ကပ်က တစ်ပြိုင်နက် တည်းသင်ခဲ့တာ။ ကိုယ့်နိုင်ငံရဲ့ရုပ် ရှင်တွေမှာ လိုအပ်မယ်ထင် လို့ လေ့လာခဲ့တာပါ” ဟုဆိုသည်က အနုပညာနယ်ပယ်အတွင်း သင်လို့ ရသမျှ အကုန်သင်ကာ ကြိုးစားလို့ ရသမျှ မနေမနားကြိုးစားနေ သည် ကို ဖော်ပြနေသည်။

ယနေ့တွင်တော့ရုပ်ရှင်အတွက် လိုအပ်သည့် မိတ်ကပ်ကဏ္ဍတွင်Make-up Special Effect ပညာရှင်အဖြစ် သင်တန်းပေးနေပြီ လည်းဖြစ်သည်။ သူပို့ချလိုက်သည့် အဆိုပါ သုံးလကြာသင်တန်းက မိတ်ကပ်အထူးပြုလုပ်သူ ၂၅ဦးကို အောင်မြင်စွာ မွေးထုတ်ပေး လိုက် နိုင်ခဲ့သည်။ သို့သော် သူ၏ပညာ အမွေများကိုအိတ်သွန်ဖာမှောက် ပို့ချပေးရန်အတွက် နောက်ထပ် အဆင့်မြင့်မိတ်ကပ် သင်တန်းတစ်ခု ကိုလည်း ထပ်ပေးဦးမည်ဟုဆိုသည်။

”အဲဒီထဲကမှ တချို့ဆိုရင် လည်းအနုပညာလောကမှာ မိတ် ကပ်ပညာရှင် တစ်ယောက်အနေနဲ့ အဆင်ပြေနေကြပါပြီ။ ဒါပေမယ့် အဲဒီတုန်းက သင်ပေးလိုက်တာက မြန်မာပြည်မှာရှိတဲ့ ရိုက်ကွင်း တွေကို ကျော်ဖြတ်နိုင်တဲ့ အဆင့် လောက်ပဲရှိသေးတာမို့လို့ Specialist အထိရောက်ဖို့ဆိုရင် Avatar  ဇာတ် ကားထဲကလိုမျိုး အဆင့်အထိ ရောက်ဖို့ပါ” ဟု မြန်မာ့ရုပ်ရှင် လောကအတွက် မရှိမဖြစ်အသုံးချ ရမည့် ရုပ်ပြောင်းရုပ်လွှဲ ပညာရပ် များကို ပေးအပ်ချင်ကြောင်း သူက ပြောသည်။

ထို့ထက်ကျော်လွန်သည့် သူ၏ စိတ်ကူးအိပ်မက်တစ်ခုလည်း ရှိနေ ပါသေးသည်။ ဤသည်ကတော့ မြန်မာ့ရုပ်ရှင်ကို ဟောလီးဝုဒ် အဆင့်ကဲ့သို့ ရောက်သည်အထိ မျှော်မှန်းထားခြင်းပင်ဖြစ်သည်။ ထိုမျှော်မှန်းချက်တွင် စတူဒီယိုကြီး တစ်ခုထဲ၌ပင် ဆက်တင်အမျိုး မျိုးကိုဆင်ကာ အလုံးစုံရိုက်ကူး နိုင်သော အထူးပြုလုပ်ချက်များ၊ ဆီလီကွန်ရုပ်တုထဲတွင်ပင် စက် ရုပ်များကို ထည့်သွင်းကာ လှုပ်ရှား မှုများပြုလုပ်ခြင်းတို့ ဖြစ်သည်။

ထိုမျှော်လင့်ချက်များက စိတ် ကူးသက်သက်များ သာမဟုတ်။ သူ၏ နှလုံးသားထဲတွင် မဖြစ်မနေ ဆောင်ရွက်လိုသည့် လုပ်နိုင်မည် ဟုလည်း သူကိုယ်တိုင်ယုံကြည် သည့်ခွန်အားများ ဖြစ်ပါလိမ့်မည်။

လက်ရှိ ဦးအောင်ကျော်ထွန်း ၏အသက်က လေးဆယ်ကျော် ငါးဆယ်နားနီးနေပြီဖြစ်သော်လည်း တက်ကြွသည့် စိတ်ဓာတ်ကတော့ ပို၍ပင် အရှိန်အဟုန်ပြင်းနေဆဲ။ သေချာသည်ကတော့ သူကမြန်မာ နိုင်ငံ၏ပထမဆုံး ဆီလီကွန်ပညာ ရှင်ဖြစ်သလို မြန်မာ့ရုပ်ရှင်အတွက် လည်း ပထမဆုံး ဆီလီကွန်မိတ်ကပ် အနုပညာရှင်။ မျိုးဆက်သစ်တို့ထံ ပညာဖြန့်ဝေရင်း သူ့အနာဂတ် စိတ်ကူးကို လက်တွေ့ကမ္ဘာနှင့် တံထားထိုးနိုင်ရန် ကြိုးစားနေသူ ဖြစ်သည်။

စိတ်အတွေးမျှသာဖြစ်သော အိပ်မက်တို့ကို ပုံတူအသက်သွင်းနိုင်သည်ဟုဆိုပါလျှင် အခြားသူ များအတွက်တော့ မဖြစ်နိုင်ဟြု ငင်း   ကောင်းငြင်းရမည်ဖြစ်သော်လည်း အနုပညာသည်၏ လက်တွင်မူ မဖြစ်နိုင်ဟု အဘယ်သူဆိုဝံ့ပါမည် နည်း။ အကယ်၍ သင်မယုံပါလျှင် မကြာမီကျရောက်တော့မည့် အာဇာ နည်နေ့တွင် ဗဟန်း၊ ဗိုလ်ချိုလမ်းမှ ဗိုလ်ချုပ်အောင်ဆန်း၏နေအိမ် ပြ တိုက်သို့ မရောက်ရောက်ေ အာင် သွားစေလိုပါသည်။

ထိုအရပ်တွင် သက်ဝင်နေ သော ဤမြေ၏ဖခင်ကို သင်မြင်ရ လိမ့်မည်ဖြစ်သည်။

အိမ်စည်၊ ဟန်နီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*