နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် Sky Net အငြိမ့် ပြိုင်ပွဲ ပထမဆု Dစတား ဆွတ်ခူး

Share

(ရန်ကုန်၊ စက်တင်ဘာ ၂၃ )

နိုင်ငံ တကာ ငြိမ်းချမ်းရေးနေ့ အထိမ်း အမှတ် အဖြစ် ကျင်းပသော Sky Net  တံခွန်စိုက် အငြိမ့် ပြိုင်ပွဲတွင် ပထမဆုကို D စတား အဖွဲ့ ရရှိသွား ကြောင်း သိရသည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ကို ဂုဏ်ပြု အထိမ်းအမှတ် Sky Net တံခွန်စိုက် အငြိမ့် ပြိုင်ပွဲကို စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၁ ရက်နေ့ အထိ အမျိုးသား ကဇာတ်ရုံ တွင် သုံး ရက် တိုင်တိုင် ကျင်းပခဲ့သည်။ ရွှေမြင့် မိုရ်၊ ဟားငါးကောင်၊ မြန်မာပြည် စတား၊ D စတား တို့အဖွဲ့လေးဖွဲ့ ကို စက်တင်ဘာ ၂၂ ရက် တွင် ထပ်မံ ယှဉ်ပြိုင် ရာ ပထမဆုကို D စတား အဖွဲ့မှ ရရှိပြီး အကောင်းဆုံး မင်းသမီးဆု ကို D စတား အဖွဲ့မှ မင်းသမီး ဝမ်းကေဇင် က ရရှိခဲ့သည်။ ဒုတိယဆု ကို ဟားငါးကောင် အဖွဲ့ က ရရှိပြီး တတိယဆု ကို မြန်မာပြည် စတား အဖွဲ့မှ ရရှိခဲ့သည်။ မျိုးဆက် သစ်ဆုကို ဟားစတား အဖွဲ့နှင့် မေတ္တာရှင် အဖွဲ့တို့ ပူးတွဲ ရရှိသွားသည်။ ပရိသတ် အကြိုက်ဆုံး လူရွှင်တော် အဖွဲ့ ဆုကို ဟားငါးကောင် အဖွဲ့ ရရှိသွား ကြောင်း သိရသည်။ ပထမဆု ရရှိသွားသည့် D စတား အဖွဲ့က ”ကျွန်တော်တို့ ရင်ထဲက ငြိမ်းချမ်းရေး ကို လိုလားနေတဲ့ အချိန်မှာ ကျွန်တော် တို့က ပြည်သူထဲက လူရွှင်တော်မို့ ငြိမ်းချမ်းရေး ရရှိစေတဲ့ စကားတွေ၊ သီချင်းတွေ၊ ကဗျာတွေကို ဆော်သြ ဖော်ထုတ်ပေး ထား တယ်။ ငြိမ်းချမ်းပါစေ၊ တစ်ကမ္ဘာလုံး သာမက မြန်မာပြည်လည်း ငြိမ်းချမ်းပါစေ” ဟု မေတ္တာ ဆုတောင်းချွေခဲ့သည်။

P066

Share
ဆက်နွယ်သည့် သတင်းများ