နတ်သမီးဝတ်စုံနဲ့ ရိုက်ကူးရတာ ပထမဆုံးပဲလို့ ဆိုလာတဲ့ ချစ်စနိုးဦး

Share

ချစ်စနိုးဦးက သားစိုးရဲ့ရွှေပိုးနန်းတော်ဆိုင်အတွက် ကြော်ငြာကို ဖြူဖြူကျော်သိန်း၊ သီရိစံတို့နဲ့ အတူ မိုးမင်း  (Ray) မှာ ရိုက်ကူးခဲ့ပါတယ်။ အနုပညာသက်တမ်း တစ်လျှောက်မှာ နတ်သမီး ဝတ်စုံနဲ့ရိုက်ကူးတာကတော့ ဒီကြော်ငြာက ပထမဆုံး ရိုက်ဖူးတာပဲဖြစ်ပြီး ဆန်းဆန်းပြားပြား လေး ရိုက်ကူးခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ် လို့ ချစ်စနိုးဦး က ပြောပါတယ်။ လတ်တလောမှာတော့ ‘ခိုနားခွင့်ပေးပါ’ တစ်ကိုယ်တော်အခွေထွက်ထား တဲ့ ချစ်စနိုးဦးက ရန်ကုန်နဲ့မန္တလေးမှာ အခွေ ပရိုမိုးရှင်းကိုလည်း လုပ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခွေပရိုမိုးရှင်းအတွက်လည်း တခြားနယ် တွေကိုလည်း သွားဖို့စဉ်းစားထားကြောင်း ချစ်စနိုးဦးက ပြောပါတယ်။ အခွေကို စလုပ် တဲ့အခါမှာ လူကြီးနဲ့လူငယ်ကြိုက်အောင် သီချင်းတွေကိုမျှအောင် ရွေးချယ်ဖြစ်ခဲ့သေး လားလို့ ချစ်စနိုးဦးကိုမေးတော့… “ရွေး ပြီး တော့လုပ်တာတော့မဟုတ် ဘူး။ ရော့ခ်ပုံစံေ လး တွေကတော့ ကိုယ်ကြိုက်တာလေးတွေပေါ့။ တချို့သီချင်းတွေ ကြတော့လည်း ပရိသတ်ကြိုက် နိုင်မယ့် စွဲနိုင်မယ့်သီချင်းတွေကို ရွေးပြီးလုပ်ဖြစ် တယ်။ ကလေးတွေေ ကာ၊ လူကြီး တွေကော ကြိုက်ကြတယ်။ ဒါပေမဲ့ကလေးတွေ ကြိုက် ကြတာကို လူကြီးတွေက မကြိုက်၊ လူကြီးတွေ ကြိုက်တာကို ကလေးတွေက မကြိုက်နဲ့ အဲဒီလိုမျိုး   လေးတွေတော့ နည်းနည်းဖြစ်တယ်။ ကိုယ့်ဘက် ကတော့ ဘယ်သူပဲဖြစ်ဖြစ်ကြိုက်အောင်လုပ်လိုက် တာပါ။ အဲဒီလိုခွဲပြီးကြိုက်သွားတော့လည်း အဆင် ပြေသွားတယ်” လို့ ပြောပါတယ်။ အခွေနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ထားပေမယ့် ပရိသတ်တွေကြိုက်မှကြိုက်ပါ့မလား၊ ပရိသတ်တွေ နားစွဲ ပါ့မလားဆိုပြီး ရင်ခုန်စိတ်   ဖြစ်မိပါတယ်လို့ ချစ်စနိုးဦးက ဆိုပါတယ်။

ဗီစီဒီကိုတော့တစ်နှစ် ဒါမှ မဟုတ်ခြောက်လ အတောအတွင်း မှာပြီးစီးအောင် ရိုက်ကူးသွား မှာ ဖြစ်တယ်လို့ ပြောလာတဲ့ ချစ်စနိုးဦးက “အနီးဆုံးတော့ တစ်နှစ်အတွင်း မှာရအောင် ရိုက် သွား မယ်လို့စဉ်းစားထားတယ်။ သီချင်းဆိုတာလေးတွေ အားတဲ့ အချိန်ကြရင် အမ်တီဗီအတွက် အချိန်ပေးပြီး ရိုက်တော့မယ်လို့ စိတ်ကူးထားတယ်။ ဘန် ကောက်မှာတော့ သီချင်း သုံးပုဒ်လောက် သွားရိုက် မယ်လို့ စဉ်းစားထားပါ တယ်။ အများကြီး လည်း မရိုက်ချင်ဘူး။ အီသွား မှာစိုးတယ်။ ပရိုမိုး ရှင်း ပွဲတုန်းကလည်း ပရိသတ်တွေနဲ့ ရိုက်ထားတာ တွေ ရှိတယ်။ အဲဒီပုံရိပ်တွေ လည်းထည့်ဖို့ စဉ်းစား ထားတယ်” လို့ပြောပါတယ်။အခွေကထွက်ပြီးပြီဖြစ်ပေ မယ့်လည်းတချို့ပရိသတ်တွေက အခွေ မထွက်သေးဘး ထင်နေကြတဲ့ အတွက်အခွေကထွက်ပါပြီလို့ ချစ်စနိုးဦးကပရိသတ်တွေကို သတင်းပါးခဲ့ပြန်ပါတယ်။

လင်းအက္ခရာ

Share
ဆက်နွယ်သည့် သတင်းများ