Wedding of the century လို့တင်စားခံခဲ့ရတဲ့ လီဗြောင်ဟွန်း နဲ့လီမင်ဂျောင်းတို့မင်္ဂလာပွဲ

Share

မကြာသေးခင်ကာလအတွင်း က လက်ထပ်ခဲ့ကြတဲ့ ကိုရီးယား မင်းသား၊ မင်းသမီးစုံတွဲများအနက် သြဂုတ်လ ၁ဝ ရက်နေ့က ကျင်းပခဲ့တဲ့ မင်းသားလီ ဗြောင်ဟွန်း ( ၄၃ နှစ်) မင်းသမီး လီမင်ဂျောင်း (၃၁ နှစ်) တို့ရဲ့မင်္ဂလာပွဲကတော့ ကိုရီးယားနာ မည်ကျော်များရဲ့သမိုင်းမှာတော့ အခမ်းနားဆုံးထဲကတစ်ခုဖြစ်လို့ “wedding of the century” လို့တင်စားခံခဲ့ရပါတယ်။ ကျော် ကြားသူ ၂ ဦးတို့ရဲ့လက်ထပ်ပွဲမှာ အနုပညာရှင်များအပါအဝင်ဖိတ် ကြားတက်ရောက်ခဲ့တဲ့ဧည့်သည်အရေ အတွက် က ၉ဝဝ ရှိပြီး နာမည် ကျော်များစွာ တစ်စုတဝေး တွေ့မြင် နိုင်တဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်နဲ့ဗီဒီယိုများစွာရိုက်ခဲ့တဲ့ လီဗြောင် ဟွန်းရဲ့လက်ထပ်ပွဲမှာ ကင်မ်ထယ် ဟီး၊ ချိုဂျီဝူး စတဲ့ သူနဲ့တွဲ သရုပ် ဆောင်ခဲ့တဲ့မင်းသမီး၊ မင်းသား များလည်း တက်ရောက်ခဲ့ကြပါတယ်။ နာမည်ကျော်တွေဟာ သူတို့ရဲ့ ခင်ပွန်း၊ ဇနီးများနဲ့စုံတွဲလိုက်ပွဲတက် ခဲ့သူေ တွရှိသလို တစ်ကိုယ်တော်ပွဲ တက်လာသူတွေလည်းရှိပါတယ်။ လီ ဗြောင်ဟွန်းနဲ့တွဲ သရုပ်ဆောင်ဖူးတဲ့ Bruce Willis နဲ့ ကက်သရင်း ဇီတာဂျုန်းစ်တို့လို ဟောလိဝုဒ် သရုပ် ဆောင်များကလည်း ဂုဏ်ပြုတဲ့ဗွီဒီယို မက်ဆေ့ခ်ျများပို့ခဲ့ကြပါတယ်။ မင်္ဂလာပွဲပြီးတဲ့နောက်သူတို့ ဇနီး မောင်နှံဟာ Maldives ကို ပျား ရည်ဆမ်းခရီးထွက် သွားကြပြီဖြစ်ပြီး ပြန်လာရင်တော့ ဂွမ်ဂျူမှာရှိတဲ့ လီဗြောင်ဟွန်းရဲ့အိမ်မှာနေထိုင်ကြမယ်လို့သိရပါတယ်။

Share
ဆက်နွယ်သည့် သတင်းများ