ချစ်သူ ဒေါက်တာ ထူးခြားအောင် နဲ့ မင်္ဂလာ ဆောင်ပြီ ဖြစ်တဲ့ မော်ဒယ် ခင်သဇင်

Share

အိုး ..ဟော့တယ် သီချင်းနဲ့ အနုပညာ လောကထဲကို စတင်ဝင် ရောက်လာတဲ့ မော်ဒယ် ခင်သဇင် က သူ့ရဲ့ချစ်သူ ဒေါက်တာ ထူးခြားအောင် နဲ့အတူ ဇွန်လ၂၃ ရက်နေ့က ချက်ထရီ ယမ် ဟိုတယ်မှာ လက်ထပ်လိုက်ပြီ ဖြစ်ပါတယ်။ ချစ်သူ သက်တမ်း ၆နှစ်ရှိနေ ပြီဖြစ်ပြီး လက်တွဲဖော် အဖြစ်ရွေးချယ် ဖြစ်ခဲ့ပုံကို ခင်သဇင်က “ချစ်သူဖြစ်တာ ၆နှစ် ရှိပြီ ။ ကြားထဲ မှာတော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်၊ ပြတ်လိုက်၊ ဆက်လိုက်ပဲ။ ဇင်လည်း မရည်ရွယ်ထားဘူး။ အိမ်ထောင်ပြုဖို့ ဇင့်ခေါင်းထဲမှာ ဘာမှမတွေး ထားခဲ့ ဘူး။ အချစ်တွေ ဘာတွေ သိပ် အယုံအကြည် မရှိဘူး။ ဒါပေမဲ့ ဒီ ၆နှစ် ဆိုတဲ့ အချိန် အတွင်းမှာ သူက ဇင့်ကို မပြတ်နိုင်ဘူး။ နောက်ဆုံး ဇင်ယုံ ကြည်လို့ ရတဲ့ လူကို ဇင် လက်ထပ် လိုက် တာပါ။ ဒီခေတ်မှာ တာဝန် ယူချင်တဲ့ စိတ်ရှိတဲ့ ယောက်ျားက နည်းတယ်လေ။ သူက ဇင့်ဘဝ တစ်ခုလုံးကို တာဝန် ယူချင်တယ်လို့ ပြောလာတဲ့ အချိန်မှာ ဇင် တခြား ယောက်ျားတွေထက် သူ့ ကိုပိုပြီး ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ ချစ်သူနှစ်ဦး ကြားမှာ ဘယ်လို နားလည်မှုတွေ ယူထားလဲ မေးတော့ ခင်သဇင် က “ငယ်ငယ်တုန်းက သူရော၊ ဇင်ရောက တစ်ယောက်နဲ့ တစ် ယောက် ခွင့်မလွှတ်နိုင်ဘူး။ သဝန် တိုတယ်တို့၊ ရန်ဖြစ်တယ် တို့ နား လည် မပေးနိုင်တာတွေ ငယ်တုန်း အရွယ် မှာ ရှိခဲ့တယ်။ အခု အရွယ်ရောက် တဲ့ခါမှာ သူရော၊ ဇင်ရောပိုပြီး ရင့်ကျက် လာကြတယ်။ တစ်ယောက်နဲ့ တစ် ယောက် နားလည်ပေးတာလည်း လွယ်လာတယ်။ အရင် တုန်းက နားလည်မှု ဆိုတာ သပ်သပ်ကြီး လုပ်ယူနေရ တယ်။ အခု နောက်ပိုင်းကတော့ သူ့ ဘာသာသူ အလိုလို ဖြစ်သွားတယ်။ အသက်အ ရွယ်ကြောင့်ပေါ့” လို့ ပြောပါတယ်။ အိမ်ထောင်ပြုပြီး သွားတဲ့ အခါမှာ အနုပညာ အလုပ်တွေကို ဆက် မလုပ်ဖြစ်တော့ဘူး ဆိုတဲ့ ခင်သဇင်က “အစထဲက သူက အနုပညာ အလုပ် လုပ်တာ သဘော မကျဘူး ။ သူရယ် ဇင်ရယ်ကစေ့လည်း မစေ့စပ်ရသေးဘူး ဆိုတော့ဇင်က ဒါဇင့်အခွင့်အရေးပဲ ဆိုပြီး ဇင်က ဆက်လုပ်တယ်။ စေ့စပ်ပြီး သွားတဲ့ အချိန်မှာ မိဘတွေ က လည်း မလုပ်စေချင်ဘူး။ အစကတည်းက ဇင့် မိဘတွေက မလုပ်စေချင်တာပါ။ စေ့စပ် ပြီးသွားတဲ့အခါမှာ ဇင်က သူ့စကားကို ပိုနားထောင်ဖို့ တာဝန် ရှိသွား ပြီ ဆိုတော့ ဆက် မလုပ်ဖြစ်တော့တာပါ။ ဇင်က အစထဲက ဒီအနုပညာလောကက ထဲ ကိုရည်ရွယ်ပြီးရောက် လာတာမဟုတ်ပါဘူး။ ဇင်အင်တာဗျူးတွေ ထဲမှာ လည်း ခဏ ခဏဖြေခဲ့သလိုပဲ ။ မင်းသမီးဖြစ် ရမယ်ဆိုပြီး ရောက်လာတာ မဟုတ်ဘူး။ ဇင်အနုပညာကို ချစ်ပါတယ်။ တကယ်တမ်း လုပ်ကြည့်တော့ လည်း တကယ်လေး နက်တဲ့ မြတ်နိုးစရာ ကောင်းတဲ့ အလုပ်တစ်ခုပါ။ ဇင့်ရဲ့လုပ် သက်ကလည်း ဒီဇွန်လ မှာတစ်နှစ် ပြည့်တဲ့နေ့ပါ။ ဒီတစ်နှစ်မှာ ဇင်လုပ် ခဲ့တဲ့ အနုပညာတွေကို ပရိသတ်ကြီး အားပေးတဲ့ အပေါ် ဇင်လေးစားပါ တယ်။ ဇင်ရည်ရွယ်ပြီးပဲ လုပ်ခဲ့ လုပ်ခဲ့၊ မရည်ရွယ်ဘဲ နဲ့ လုပ်ခဲ့လုပ်ခဲ့ ဇင့်ကို အမြဲတမ်း အားပေးတဲ့ ပရိသတ် တွေ နေရှိတယ်။ အဲဒါကို ဇင် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ အမြဲတမ်း လည်းလွမ်းနေမှာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

Share
ဆက်နွယ်သည့် သတင်းများ