သေဒဏ်ချမှတ်ခံရပြီး ၂၇ နှစ်ကြာ ထောင်နန်းစံနေရသောကေအိုင်အေ လဖိုင်ဇော်ဆိုင်း ပြန်လွတ်ပြီ

Share

ရန်ကုန်၊ စက်တင်ဘာ ၁၈

အစိုးရ အကျဉ်းထောင်အတွင်း ၂၇ နှစ်ကြာ အကျဉ်းချခံခဲ့ရရာမှ ပြန်လည်လွတ်မြောက်လာသည့် KIA အထူး တပ်ဖွဲ့ ခေါင်းဆောင် လဖိုင်ဇော် ဆိုင်း သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်သွားမည် ဟု ပြောသည်။ ”ငြိမ်းချမ်းရေး ကို လိုလား ပါတယ်။ ရန်ကုန် ကို လာတာက လည်း ဒီမှာရှိတဲ့ ကျွန်တော့် သူငယ်ချင်း နိုင်ငံရေး အကျဉ်းသားဟောင်း တွေနဲ့ တွေ့ပြီး ငြိမ်းချမ်းရေး အ တွက် ဆောင် ရွက်ဖို့ ပါ”ဟု စက်တင်ဘာ ၁၇ ရက်နေ့က မြင်းခြံထောင် မှ လွတ်မြောက်လာသော ၄င်းက ပြောသည်။ ၄င်း၏ ငြိမ်း ချမ်းရေး ဆောင် ရွက်မည့် အစီ အစဉ် များနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့မှ လုပ်ငန်း ကော်မတီဝင် တစ်ဦး ဖြစ်သည့် ကိုဘိုဘိုဦးက ကြို ဆိုကြောင်း ပြောကြားခဲ့ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် မည်သူနှင့် မဆို လက်တွဲ လုပ်ဆောင် သွားရန် အသင့် ရှိကြောင်း မှတ် ချက်ပြုပြောကြားသည်။ လဖိုင်ဇော်ဆိုင်း သည် ၁၉၈၅ ခုနှစ်တွင် အဆိုတော် အယ်လ်ခွန်း ရီ၏ ဖခင်ဖြစ်သူ ကချင်ပြည် နယ် မြစ်ကြီး နားမြို့ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်အား လုပ်ကြံသည့် အဖွဲ့ခေါင်းဆောင်အဖြစ် တရားစွဲ ဆိုခံ ရ ကာ သေ ဒဏ် ချမှတ်ခံခဲ့ရ ခြင်းဖြစ်သည်။ ထောင်တွင်း၌ ခင်မင်ခဲ့သော ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ မိတ်ဆွေဟောင်းများ နှင့် တွေ့ဆုံကာ ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည် များအတွက် လုပ်ဆောင်မည့် အစီ အစဉ် များကို ဆွေးနွေးမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ လွတ်ရက်စေ့ရန် နှစ်လသာ လိုတော့သည့် ၄င်းသည် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက် လာခြင်း ဖြစ်ပြီး ”ကျွန်တော် တို့  နိုင်ငံရေး နဲ့ ပတ်သက် သူတွေ အားလုံး လျှော့ ရက်မရဘူး” ဟု ၄င်းက ပြောသည်။ ထောင်တွင်း ပြစ်ဒဏ်ကျခံနေ ရစဉ် လူ့အခွင့် အရေး ချိုးဖောက် မှုများကို ခံခဲ့ရပြီး ဆိုးဆိုး ရွားရွား ဖြတ်သန်းခဲ့ရသော အခြေ အနေများ လည်း ကြုံတွေ့ခဲ့ရကြောင်း၊ ၂ဝဝ၅ မှ ၂ဝ၁၂ အထိ မြင်းခြံေ ထာင် တွင် လဖိုင်ဇော်ဆိုင်း နှင့်အတူ နေထိုင် ခဲ့ရသည့် ကိုမျိုးမင်းထိုက် ကလည်း ပြောသည်။

မေဇင်ဝင်း

Share
ဆက်နွယ်သည့် သတင်းများ