လီဗျောင်ဟွန်းနဲ့ နှိုင်းယှဉ်ခံရပေမယ့် ဂရုမစိုက်ပါဘူးဆိုတဲ့ ဂျိုးဂျိဟွန်း

Share

၂ဝဝ၆ ခုနှစ်က Princess Hours  ဇာတ်ကားနဲ့ ရွှေမင်းသားလေးအဖြစ် လူကြိုက် များခဲ့တဲ့ ဂျွန်းဂျိဟွန်းဟာ လတ်တလောမှာ ‘I am a King’  ဆိုတဲ့ရာဇဝင် ဇာတ်ကား တစ်ခု အတွက် သရုပ်ဆောင်နေပြီးသူ့ကို လူအများက ရာဇဝင် ဇာတ်လမ်းတွဲ တစ်ခုပဲဖြစ်တဲ့ ‘Masquerade’ အတွက် သရုပ်ဆောင်နေတဲ့ မင်းသား လီဗျောင်ဟွန်း နဲ့နှိုင်းယှဉ်ပြောကြား ခံနေရတဲ့အပေါ် ဘယ်လိုမှ သဘောမထားဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ သူတို့ ၂ ယောက် စလုံးဟာ ကိုယ့်ရဲ့ဇာတ်လမ်းတွဲတွေ အသီးသီး စရိုက်က တည်းက ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒါကြောင့် နှိုင်းယှဉ် ပြောကြားချက်တွေ ကို ဂျိုးဂျိဟွန်း “ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ ၂ ယောက်စလုံးရဲ့ အနုပညာ က မတူပါဘူး။ အတော်လေးကွဲပြားတာမို့ ဖိအားမဖြစ်စေပါဘူး။ ဒီတစ်ကြိမ်မှာ ပိုပြီး တော့ကြိုးစားသွားမှာပါ။ တစ်ခါတလေမှာ လူတစ်ယောက်တည်း ကနှစ်ကိုယ်ခွဲပြီး ဇာတ်ရုပ် ၂ မျိုးသရုပ်ဆောင်ရတဲ့အခါ တခြားဟာတွေထက်ပို အရေးကြီး တာကတော့ အဲဒီဇာတ်ရုပ် ၂ မျိုးလုံးအရေးပါကြောင်းကို အချိုး အစားညီညီ ဖော်ပြရတာပါ။ ဒါကြောင့် ကျွန်တော်တို့ သိပ်ကို အလုပ်များနေပါတယ်” လို့တုံ့ပြန်ခဲ့ပါတယ်။ သူတို့ ၂ ယောက်စလုံး အတွက်တော့ အဲဒီလို ရာဇဝင်ကားမျိုးတွေ ရိုက်ရတာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဂျိုးဂျိဟွန်းက’I am a King’ ထဲမှာ ဘုရင်မဖြစ်ချင်လို့ နန်းတော်ကို စွန့်ခွာလာတဲ့ မင်းသား တစ်ယောက်ကနေ ကျေးကျွန် တစ်ယောက်ဖြစ် လာပုံကို သရုပ်ဆောင် ထားပါတယ်။ ဒီကားကိုတော့ ကိုရီးယားရဲ့လာမယ့် နွေမှာပြသမယ်လို့ သိရပါတယ်။

Share
ဆက်နွယ်သည့် သတင်းများ