အနုပညာသမားမလုပ်ဖြစ်ခဲ့ရင် ဖွေးဖွေး လုပ်ချင်တဲ့အရာက..

Share

ဇာတ်ကားတွေကို ပုံမှန်ပဲ ဖြည်းဖြည်းမှန် မှန်ရိုက်ကူးသွားမှာပါလို့ပြောတဲ့ ဖွေးဖွေးက ဇာတ်ကားတွေရိုက်ကူးတဲ့အခါ မိတ်ကပ်ကို ကိုယ်တိုင်ပဲလိမ်းခြယ်ဖြစ် တယ်လို့   ပြောပါတယ်။ မိတ်ကပ်ဆရာနဲ့ကတော့ တစ်ခါတလေ  တအားခက်တာမျိုးဆိုရင် ကိုယ်တိုင်မတတ်တဲ့ အတွက် ပြင်ဖြစ်တယ်လို့ ပြောပါတယ်။  “ငယ်ငယ်ကတည်းက ကိုယ့်မျက်နှာကို ထိခိုက်ဒဏ်ရာရတာ များတော့ ဆိုက်ကိုလေးရှိလို့ပါ။ မိတ်ကပ်ဆရာနဲ့ပြင်ရင်တော့ ကိုယ်တောင်သက်သာသေးတယ်။ ထိုင်နေလိုက်ရုံပဲ။ ကိုယ့် ဘာသာကျတော့မိတ်ကပ် လည်းပြင်၊ အင်္ကျီလည်းလဲ၊ ဒိုင်ယာလော့ခ်လည်း ကျက်ရတော့နည်းနည်းပို အလုပ်ရှုပ်တယ်”လို့ ပြောပြပါတယ်။ အနုပညာအလုပ် သာ မလုပ်ဖြစ်ခဲ့ရင် ဆံပင်နဲ့ မိတ်ကပ်ပိုင်းကို လုပ် ချင်တယ်လို့ပြောတဲ့ ဖွေးဖွေးက “တစ်ခါတလေ ဆံပင်ကို ကိုယ့်ဘာသာ ညှပ်ဖြစ်တယ်”လို့ဆိုတာကြောင့် “ကိုယ်က ဝါသနာ ပါတော့ မဂ္ဂဇင်းဖတ်တာ လောက်ပဲ အခုတော့ လုပ်နိုင်တယ်။ အမှန်တကယ်တော့ နိုင်ငံခြားမှာ သင်တန်းတက်ချင်တယ်။  နောက်အချိန်ကြာမှပဲ သွားတက်တော့ မယ်။ အခုလောလောဆယ်တော့ အနုပညာ အလုပ်ကိုပဲ ဇောက်ချပြီးလုပ်ရတယ်။ နောက် အသက်ကြီးလာ ရင် အလှပြင်ဆိုင်တို့၊ ဖက်ရှင်ဆိုင်တို့ တစ်ခုခုတော့ လုပ်ချင်တယ်” လို့ ပြောပြပါတယ်။ ဖွေးဖွေးက ဇာတ်ကားတွေမှာ ပရိသတ် စိတ်တိုင်းမကျတာပါသွားရင် ခွင့်လွှတ်ပေးပါလို့ ပြောပြီး ကြိုးစားမယ် လို့လည်း ပြောပါတယ်။
မေမွန်မောင်

Share
ဆက်နွယ်သည့် သတင်းများ