Horoscope (Zawgyi)

ပေါ်ပြူလာ ကံကြမ္မာမြင်ကွင်း

Zawgyi ဖောင့်သို့ပြောင်းရန်

Unicode ဖောင့်သို့ပြောင်းရန်

တနင်္ဂနွေ

တနင်္ဂနွေ

လမ်းရိုးအတိုင်း လျှောက်လှမ်းရချိန်  ။ 

မှန်သည်ထင်သည့် ကိစ္စကို ပေါ်ပေါ်ထင်ထင်လုပ်ရဲနေလိမ့်မည်။ ပြုံးပြုံးလေးနှင့် ဒေါင်ကျကျ၊ ပြားကျကျ နေထိုင်ရန် သတ္တိအပြည့်ရှိနေလိမ့် မည်။

ကျန်းမာရေးကောင်းမွန်စေရန် ကောက်ညှင်း၊ အုန်းသီး၊ အကြော်အလှော်များကို လျှော့စားပါ။

တိုးတက်မှုရှာဖွေပါ။ ကူးသန်းရောင်းဝယ်မှုများ အဆင်ပြေပြေအကျိုးရှိပါလိမ့်မည်။

စိတ်ကြိုက်စီးပွားရေး အနေအထားရောက်ရှိစေရန် ကြိုးစားပုံဖော်နေ လိမ့်မည်။

ချိုမြိန်သာယာသော ချစ်စကားများကို ကြားခွင့်ရရှိမည်။ လှပသော ကောင်းကင်ပြာပြာအောက်မှာ ချစ်သူနှင့်အတူ ပျော်မြူးခွင့် ရရှိလိမ့်မည်။

၂.၅.၆

အနီရောင်။

မွေးနံထောင့်မှာ နေ့နံစုံပန်းလှူပါ ။

တနင်္လာ

တနင်္လာ

 ခြိမ်းလွန်းသည့်မိုး မရွာသွန်းချိန် ။

မှန်သည့်အတိုင်း မဖြစ်နိုင်ပါ။ ကျန်းမာရေးအတွက် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်သောကြောင့် မိမိနှင့်တည့်သော
အစာကို ရွေးချယ်စားသောက်ပါ။

ကြိုးစားမှုနှင့်အညီ သင့်ရုံလောက်သာ အောင်မြင်နိုင်သည်။ လိမ့်နေသော ကျောက်တုံးသည် ရေညှိမကပ်နိုင်သောကြောင့်
မည်သည့်အလုပ်ကိုပဲလုပ်လုပ် ဇောက်ချလုပ်ပါ။

ချစ်သူလေးက အတ္တမာနကို ချိုးနှိမ်နိုင်သူ၊ အကင်းပါးသူဖြစ်နေလိမ့်မည်။ အတ္တမာနကင်းသော ချစ်သူကို မရိုးမအီနိုင်အောင် ချစ်နေမိမည်။

၁.၄.၇

ပန်းရောင်။

တစ်နေ့တည်း ဘုရားသုံးဆူဖူးပါ။

အင်္ဂါ

အင်္ဂါ

ရွေ့လျားနေသော တိမ်တိုက်များကို မော့ကြည့်နေမိချိန်။ 

နှောင်ကြိုးမဲ့သွားသည့် စွန်နှယ်လွတ်လပ်ပေါ့ပါးနေလိမ့်မည်။ နေအိမ်ဆေးသုတ်ခြင်း၊ မွမ်းမံခြင်းတို့ ပြုလုပ်ရလိမ့်မည်။
ကျန်းမာစေရန် အချိုနှင့် အငန်ကိုလျှော့စားသင့်သည်။

စိတ်ကူးအတွေးအခေါ် အကြံအစည်မြင့်မားနေလိမ့်မည်။ စပ်တူစီးပွားရေးလုပ်ငန်းနှင့် အဆင်ပြေပြေ အကျိုးရှိမည်။

အချစ်ကို တမင်ဖွေရှာသည်မဟုတ်ဘဲ အချစ်ကသင့်ဆီကို တည့်တည့်တိုးလာလိမ့်မည်။ အချစ်ကို အရာအားလုံးထက်ပို၍ တန်ဖိုးထားနေလိမ့်မည်။

၁.၄.ဝ

 အစိမ်းရောင်။

အဓိဋ္ဌာန်ပုတီးစိပ်ပါ။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူး

တွေးခေါ်မှုလေးနက်ပြတ်သားလွန်းနေချိန်။ 

မည်သူ့ကိုမှ အားမကိုးပါ။ သင့်လမ်းသင် ရွေးချယ်လျှောက်လှမ်းနေလိမ့်မည်။ ကြောက်လျှင်လွဲပြီး ရဲလျှင် ကြံတိုင်းအောင်ပါလိမ့်မည်။

ကျန်းမာရေး သင့်နေမည်။

ကြံစည်သမျှကိစ္စရပ်များ အောင်မြင်ပါလိမ့်မည်။ မယုံကြည်နိုင်လောက်အောင် ကံကောင်းမွန်မှုများနှင့် ကြုံရလိမ့်မည်။
အင်္ဂါနံရောင်းဝယ်မှုနှင့် အဆင် ပြေပြေ အကျိုးရှိပါလိမ့်မည်။

သင့်အချစ်ရေးမှာ အဖြေရှာရန်ခက်သည့် ပဟေဠိတစ်ချို့ ရှိနေလိမ့်မည်။ ဘဝကြမ္မာ၏ လှည့်ကွက်ကြောင့် ချစ်သူနှစ်ဦး ခွဲခွာရတတ်သည်။

၃.၆.၁

လိမ္မော်ရောင်

ဘုရားမှာ ရွှေသင်္ကန်းကပ်လှူပါ။

ကြာသပတေး

ကြာသပတေး

အတွေးသစ်၊ အမြင်သစ်ကြောင့် ပွင့်လင်းရဲရင့်ချိန်။ 

လတ်တလောမှာ မိတ်ဆွေသစ်နှင့် တိုင်ပင်ဆွေးနွေးမှုများကို ရှောင်ပါ။ မိသားစုအတွင်း မကျေနပ်မှုများ ရှိနေလိမ့်မည်။

ဘာသာရေး ကိုးကွယ် ယုံကြည်မှု ပိုနေလိမ့်မည်။ ကျန်းမာစေရန် အကြောတက်သည့်အစားအစာများကိုရှောင်ပါ။

ဆရာကောင်းတွေ့လျက် ငွေကြေးကိစ္စ အဆင်ပြေလိမ့်မည်။ လက်ရှိလုပ်ငန်းထက် လုပ်ငန်းသစ်က ပိုကောင်းလိမ့်မည်။

အောင့်အီးမျိုသိပ်ထားသော အချစ်များပွင့်လင်းလာတတ်သည်။ အကြင်နာစိတ်ကို အခြေခံလျက် ချစ်သူကို ချစ်မိတတ်သည်။

၃.၆.၂

ရွှေဝါရောင်

ဘုရားရင်ပြင် သန့်ရှင်းရေးလုပ်ပါ။

သောကြာ

သောကြာ

ရတနာမြတ်သုံးပါးကို မမေ့သင့်ချိန်။ 

ရပ်ဝေးဒေသနှင့် အကျိုးပေးကောင်းသည်။ ကောင်းပေ့ဆိုသည့် ပြောင်းရွှေ့မှုတစ်ခု လုပ်ရမည်။

မိမိ၏ကျန်းမာရေး စိတ်အေးရမည်။ အတူနေသူတစ်ဦး၏ ကျန်းမာရေးအတွက် တွေးပူရတတ်သည်။

 ဆေး၊ စက်ပစ္စည်း ရောင်းဝယ်မှုကိစ္စများနှင့် အကျိုးပေးကောင်းသည်။ စီးပွားရေးဗဟုသုတပြည့်ဝနေလိမ့်မည်။

အသည်းကွဲဝေဒနာကို ကြိတ်မှိတ်ကာ ခံစားနေရတတ်သည်။ အက်ကြောင်းပေါ်နေသော အချစ်ရေးအနေအထားကို ထိန်းချုပ်ရန် ခက်နေလိမ့်မည်။

၃.၆.၎

 ခဲရောင်။

လူကြီးမိဘ ဝေယျာဝစ္စပိုမိုပြုလုပ်ပါ။

စနေ

စနေ

ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဦးစားပေးသင့်ချိန်။ 

ဆွေမျိုးများအတွက် ငွေကြေးကုန်ကျရတတ်သည်။ ရပ်ဝေး၊ နိုင်ငံရပ်ခြားကိစ္စ သတိကိုပဲ့ကိုင်ပါ။

ကျန်းမာရေးအတွက် အစားအသောက်ကို အလောတကြီး မစားဘဲနှင့် ဖြည်းဖြည်းစားပါ။

လုပ်ငန်းသစ်ထက် လုပ်ငန်းဟောင်းက ပို၍အဆင်ပြေလိမ့်မည်။ စိန်၊ ရွှေရတနာ ရောင်းဝယ်ရေးနှင့် အကျိုးပေးကောင်းသည်။

 အင်မတန် နုနယ်သော နှလုံးသားမှာ အချစ်ပုံရိပ် ထင်ဟပ်လာလိမ့်မည်။ ချစ်သူကို အကြွင်းမဲ့ယုံကြည်ကာ ချစ်နေမိမည်။

၉.၆.၈

ချိုချဉ်ရောင်

မင်္ဂလာရှိစေရန် မင်္ဂလသုတ်ရွတ်ဖတ်ပါ။