လူတန်းစားမရွေး စားသုံးနိုင်တဲ့ဈေးနှုန်းနဲ့ Night Market Food Court ပုံစံမျိုး ဖွင့်လှစ်သွားမယ့် ဇေရဲထက်

0
188

မကြာခင်မှာ  ဇေရဲထက်က စိုင်းစည်တွမ်ခမ်းနဲ့ နှစ်ယောက်ပူးပေါင်းပြီး ဝေဇယန္တာလမ်းမပေါ်မှာ Night Market Food Court ပုံစံမျိုးဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါဆိုင်ကိုတော့ အစားအသောက်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဝါသနာပါတဲ့ လူငယ်လေးတွေကို မြေတောင်မြှောက်ပေးချင်တဲ့စိတ်ကြောင့် ဖွင့်လှစ်မှာဖြစ်ကြောင်းနဲ့ ပတ်သက်ပြီး ဇေရဲထက်က အခုလို …

“ဆိုင်ဖွင့်ဖြစ်တာကတော့ ကျွန်တော်ရယ်၊ ကိုစိုင်းရယ်။ ရည်ရွယ်ချက်က ကျွန်တော်လည်း ဒီအလုပ်ကို ဝါသနာ ပါတယ်၊ ကိုစိုင်းလည်း ဝါသနာပါတယ်။ ကျွန်တော်တို့ ကျွမ်းကျင်ပြီးသားအလုပ်ကို စလုပ်ကြတာပေါ့။ ကျွန်တော်တို့လိုမျိုးပဲ စားသောက်ကုန်ကို ဝါသနာပါတဲ့ လူငယ်လေးတွေရှိမယ်။ ရန်ကုန်မှာက သိတဲ့အတိုင်းပဲ နေရာတစ်နေရာရဖို့အတွက်က တကယ်ကိုဈေးကြီးတယ်။ ဝါသနာပါတဲ့ လူငယ်လေးတွေကို ကြိုးစားချင်စိတ်ရှိအောင် ကျွန်တော့်အနေနဲ့ နေရာ တစ်နေရာချပေးလိုက်တဲ့ သဘောပါ၊ ကျွန်တော် အခုလို ဆိုင်ဖွင့်တယ်ဆိုတာ က စီးပွားရေးဆိုတာထက် ကျွန်တော်တို့လူငယ်တွေမှာ ကိုယ်တတ် ကျွမ်းတဲ့ အရာမှန်သမျှကို ထုတ်မပြရတာတွေရှိတယ်။ အဲဒါတွေ ကို ကျွန်တော်က ထုတ်ပြပေးတဲ့ သဘောပါ။

အဓိက ကတော့ ကျွန်တော်တို့ night market food court ပုံစံမျိုး ဖွင့်ချင်တာ။ ဆိုင် လာစားတဲ့ customer တွေအနေနဲ့လည်း ဓာတ်ပုံရိုက်လို့ရ မယ့် နေရာပုံစံမျိုး လည်း ကျွန်တော်တို့ ပြုလုပ်သွားမှာပါ” လို့ ပြောပါတယ်။ ဆိုင်မှာတော့ လူတန်းစားမရွေး စားသောက်နိုင်တဲ့ ဈေးနှုန်း မျိုးနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး၊ ဆိုင်အပြင်အဆင်တွေ ကအစ ထိုင်းကပညာရှင်တွေနဲ့ ပူးပေါင်းပြင်ဆင်သွား မှာဖြစ်ကြောင်း ဇေရဲထက်က ပြောပါတယ်။ “အခုလောလောဆယ်က နေရာရပြီးသွားပြီ။ ပုံစံ decoration တွေကအစ ထိုင်းက ပညာရှင်တွေရယ်၊ ဒီကလူငယ်ပညာရှင်တွေနဲ့ အကုန်လုံးညှိနှိုင်းပြီး လုပ် ဆောင်သွားမှာပါ။ ကျွန်တော်တို့ဆီမှာရမယ့် အစား အသောက်တွေကို ဆိုင်ကြီး မှာ စားရတဲ့ အရသာပုံစံ အတိုင်း ကျွန်တော်တို့ ရောင်းသွားမှာပါ။ ကွတ်တီ ယိုဆိုလည်း ထိုင်းအရသာ ဖြစ်အောင် ကျွန်တော်တို့လုပ်မယ်၊ သူများဆီမှာ မရတဲ့ အစားအစာ တွေကအစ ကျွန်တော်တို့ ဆီမှာရ မယ်။

ထိုင်းအရသာဆိုရင် ထိုင်းအရသာနဲ့ တစ်ထေရာတည်း ဖြစ်စေရမယ်၊ ဈေးနှုန်းက အောက်ခြေဝန်ထမ်းအထိ စားလို့ရနိုင်တဲ့ ဈေးနှုန်း တွေလည်း ပါပါတယ်။ အတွင်း၊ အပြင် decoration အကုန်လုံးကလည်း အထက်တန်းစားပုံစံတွေပါ။ စား လည်း အရသာက တကယ်ကောင်းတယ်။ ဈေးနှုန်း လည်း သင့်တင့်တယ်” လို့ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here