ဒါရိုက်တာအာကာ ပြောတဲ့ သူ့ရဲ့ ပွဲဦးထွက် ရုပ်ရှင် ဇာတ်ကားအကြောင်း

0
205

Director-ArkarGolden Hour Mandalay Entertainment  ရဲ့ ပထမဦးဆုံးပွဲ ဦးထွက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့အပြင် Arkar Production  မှ ဒါရိုက်တာ အာကာရဲ့ ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်တဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဇာတ်ကားကြီး ကတော့ Trailer  မှာတင် ပရိသတ် စိတ်ဝင် စားမှုကို အပြည့်အဝ ရရှိခဲ့ပါ ပြီ။ ဒီဇာတ်ကား က ရိုက်ကူးချိန် ရက်ပေါင်း ၇ဝ ကြာမြင့်ခဲ့သလို မရိုက်ကူးခင် မှာလည်း  Rehearsal  အဆုံးပြုလုပ်ခဲ့တာကြောင့် တကယ်ရိုက်ကူး တဲ့အခါ အမှားနည်းခဲ့တယ်လို့ ဒါရိုက်တာ အာကာက ပြောပါတယ်။ ရုပ်ရှင်ရုံတွေမှာ ဘယ်တော့ ရုံတင်ပြသမှာလဲ လို့မေးတဲ့ အခါ…

“လောလောဆယ် ပရိုဂျူဆာကတော့ မဆုံးဖြတ်ရသေးပါဘူး။ ချန် နယ် A နဲ့ B နှစ် မျိုးရှိတဲ့အထဲမှာ A ဆိုလို့ရှိရင်တော့ ကြာမယ်။ Bဆိုလို့ရှိရင်တော့ မြန်မယ်။ Date အတိ အကျတော့ မသိသေးဘူး” လို့ ဒါရိုက်တာ အာကာက ပြောပါတယ်။

“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဇာတ်ကား ကြီးကို ပြင်သစ်၊ ရန်ကုန်၊ မန္တလေး၊ ဘားအံ၊ အင်းဝတို့မှာ ရိုက်ကူးထားခြင်း ဖြစ်ပြီး နိုင်း နိုင်း၊ အမွန်းတို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ် သက်ပြီး ဒါရိုက်တာ အာကာ ရဲ့ကျေနပ်မှု က “ကျွန်တော် သိရသလောက်ကတော့ အခုလက်ရှိ အခြေအနေထိက တော်တော် ကောင်းတယ်။ ဒါပေမဲ့ ရုံမတင်ခင် အထိက ဒီမှာ Sound Effect တွေကို ကောင်းအောင် လုပ် နေတုန်းပါပဲ။ အဲဒါကြောင့် ဇာတ်ကား ထွက်ရှိလာတဲ့ အခါကျရင် ပရိသတ်လက်ခံတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကား ဖြစ်လာမှာပါ။ Trailer ထဲက Scenes တွေကလည်း တကယ့် Final  ထဲမှာပါမယ့် Scenes တွေပါ။ Trailer  ကို ပရိသတ်က ကြိုက်နှစ်သက်တယ်။ အားပေးတယ်ဆို လို့ရှိ ရင် နောက်ဆုံး Final က အဲဒီပုံစံပဲ ထွက်ရှိလာလိမ့်မယ်။ သူက အနုပညာဆန် ဆန် ဇာတ်ကား မဟုတ်ဘူး။ ဖျော်ဖြေရေး သီးသန့်ဇာတ်ကား။ Story  ကို သိပ်ပြီးတော့ အများကြီး ရှုပ်ထွေးအောင် မလုပ်ထားဘူး။ Fighting Scenes တွေ၊ Action Scenes  တွေကို ဦးစားပေးထားတာပေါ့” လို့ သူက ပြောပါတယ်။ ဒါရိုက်တာ အာကာ အနေနဲ့ Golden Hour  နဲ့ပဲ ရုပ်ရှင်ဇာတ် ကားနှစ်ကားဆက် လက်ရိုက်ကူးဖို့ရှိ ကြောင်းလည်း သိရပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here