Soulja Boy နဲ့ အတူ မြန်မာနိုင်ငံက အဆိုတော်များ ပါဝင်သီဆိုကြမယ့် ရန်ပုံငွေ သီချင်း တစ်ပုဒ် စီစဉ်နေ

0
126

ZAW_7504ကမ္ဘာကျော် Hip – Hop အဆို တော် Soulja Boy က  Helping – Hands ဆိုတဲ့ ပရောဂျက် အောက်မှာ မြန်မာနိုင်ငံ အတွက် သီချင်း တစ်ပုဒ် ဖန်တီးပေးသွား ဦးမယ်လို့ သိရပါ တယ်။ မြန်မာနိုင်ငံက လိုအပ်တဲ့ နေရာတွေ ကို ကူညီဖို့ Soulja Boy နဲ့အတူ နာမည် ကြီး အဆိုတော်တွေ ဖန်တီးမယ့် သီချင်းနဲ့ ပတ်သက်ပြီး

“ကျွန်တော့်အနေနဲ့ Helping – Hands Project အောက်မှာ ရန်ပုံငွေရှာ ဖွေပြီး မြန်မာနိုင်ငံရဲ့ တချို့နေရာတွေကို  ပြန်လည် ထူထောင်ရေးတွေ လုပ်မှာပါ။ ဒီ အတွက် Soulja Boy  ဦးဆောင်ပြီး မြန်မာ ပြည်ကရော၊ တခြား နာမည်ကြီး အဆိုတော် တွေနဲ့ပါ သီချင်းတစ်ပုဒ် လုပ်မှာပါ။ Soulja Boy  က တခြားသော Project  တွေ လုပ် ဖူးပါတယ်။ ဒါပေမဲ့ ဒီဟာက သူ့အတွက် လည်း ပထမဆုံးပါပဲ။ ပါဝင်ခွင့်ရတဲ့ အတွက် လည်း တအားဝမ်းသာပြီး ရင်းရင်းနှီးနှီး လုပ်ပေးသွားမှာပါ။ ဒီသီချင်းကို မြန်မာ နိုင်ငံမှာပဲ Recordingသွင်းမယ်။ Music Video လည်း ရိုက်ကူးမယ်။ Soulja Boy  လည်းပါမယ်။ ပြီးရင် တစ်ကမ္ဘာလုံးဖြန့်ချိ မယ်။ ရတဲ့ရန်ပုံငွေတွေ ကို လိုအပ်တဲ့ နေရာတွေ အတွက် ကူညီပေးသွားမှာပါ။ ဒါကြောင့် အခွေထွက်ရှိတဲ့ အထိလည်း အားလုံးစောင့်မျှော် ပေးကြပါ”လို့ Living Sound Entertainment  ရဲ့ CEO ကိုကျော်ကျော် က  ပြောပါတယ်။

အသက် ၂၇နှစ် အရွယ် ရှိပြီဖြစ်တဲ့   Soulja Boy က အဆိုတော် တစ်ယောက် ဖြစ်သလို သရုပ်ဆောင် တစ်ဦးအနေနဲ့ လည်း အနုပညာလှုပ်ရှားမှုတွေကို ဆောင် ရွက်နေသူပါ။ သူ့ရဲ့အောင်မြင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ “Crank That”  သီချင်းက နှစ် ၅ဝ မြောက် ဂရမ်မီဆုပေးပွဲ မှာလည်း ဆန်ခါတင် စာရင်း ဝင်ခဲ့ပါတယ်။ အမေရိကန် ဟစ်ဟော့ အဆိုတော်တစ်ဦး ဖြစ် တဲ့  Soulja Boy အနေနဲ့လည်း အခုလက်ရှိ အမေရိကန် နိုင်ငံမှာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဒေါ်နယ်ထရမ့်အပေါ် သူ့အမြင်က

“သမ္မတ အနေနဲ့ နိုင်ငံကို စည်းစည်းရုံးရုံး နဲ့ ချစ်ချစ်ခင်ခင် ဖြစ်အောင် ကြိုးစားပေးနိုင် တယ်။ ဆောင်ရွက်ပေးနိုင်တယ် ဆိုရင် ကျွန်တော် ကျေနပ်ပါတယ်” လို့ မေလ ၁၂ ရက် နေ့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲက မေးမြန်းမှုကို အခုလို ပြန်ဖြေကြား ပြောပြခဲ့ပါတယ်။

ှSoulja Boy  အနေနဲ့လည်း မြန်မာ နိုင်ငံမှာ ပထမဆုံး တစ်ကိုယ် တော် ဖျော်ဖြေ ပွဲကို မေလ ၁၃ ရက်နေ့က The Vibe Club  မှာ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံက Hip-Hop အဆိုတော်များလည်း သွားရောက်အားပေးခဲ့ တာကို တွေ့ရပါတယ်။
မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here