ပရိုဂျူဆာ၊ ဒါရိုက်တာအနေနဲ့ မင်းလူရဲ့ ဝတ္ထု တွေကို ရုပ်ရှင်ရိုက်ဖို့ ကူးကြိုးစားနေတဲ့ ပြေဇင်

0
118

Pay Zin

စာရေးဆရာ မင်းလူရဲ့ အမှတ်တရအနေနဲ့ “မင်းလူနဲ့ ညနေခင်း” ဆိုတဲ့ ဆရာမင်းလူ အလွမ်းပြေပွဲလေးတစ်ပွဲကို မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီက လမ်းမတော်၊ သံဈေးမှာ ဖွင့်လှစ်ထားတဲ့ Yangon Book Plaza မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲလေးမှာ ဆရာမင်းလူရဲ့ ဆွေမျိုးလည်းဖြစ်၊ အနုပညာမျိုးဆက် လည်းဖြစ်တဲ့ သရုပ်ဆောင်ပြေဇင်နဲ့ တွေ့တော့ သူနှစ်သက်တဲ့ ဆရာမင်းလူရဲ့ စာအုပ်တွေနဲ့ ဒီစာအုပ်တွေကို ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားအနေနဲ့ ရိုက်ကူးပုံဖော်သွားဖို့ ရှိလားလို့ မေးမြန်းဖြစ်ခဲ့တော့ “ဦးဥာဏ် (မင်းလူ)ရဲ့ စာအုပ်တွေ အကုန်လုံးဖတ်ဖြစ်ပါတယ်။ ကိုယ့်ဦးလေး ဖြစ်တဲ့အခါကျတော့ သူစာအုပ်ထွက်တိုင်းလည်း ကျွန်တော် လက်ဆောင် ရတယ်။ ရတိုင်းလည်းဖတ်ဖြစ်တယ်။ အကုန်လုံးလည်းကြိုက်တယ်။ အကြိုက်ဆုံး ကတော့ ငှက်ကလေးကို ကျွန်တော်အကြိုက်ဆုံးပါ။ စာအုပ် တွေကို ရုပ်ရှင်ရိုက်ကူးဖို့က အစီ အစဉ်ရှိပါတယ်။ အဖေရှိစဉ်ကာလ တုန်းကလည်းဒါတွေကို ရိုက်ခဲ့တာပဲ ပေါ့နော်။ ခုနှစ်စဉ်အလွမ်း၊ ရယ်စရာ မောစရာ၊ ရင်ထဲက ဆောင်းရာသီ၊ တော်တော်များများတော့ သူ့ညီ ဦးဥာဏ်ရဲ့ ဝတ္ထုတွေကိုပဲ ရိုက်ကူးခဲ့တာများတယ်။ ဒါပေမဲ့ ကျွန်တော် တို့ရိုက်ဖို့ကျတော့ ကျွန်တော်တို့မှာ အရမ်းတာဝန်ကြီးပါတယ်။ ဇာတ်ညွှန်းခွဲဖို့ကလည်း ဦးဥာဏ်နဲ့ ပတ် သက်တဲ့အသိမိတ်ဆွေတွေနဲ့ ပေါင်းပြီး သေချာအစီအစဉ်တကျ၊ စနစ်တကျလုပ်မှကောင်းမယ်လို့ ထင်တယ်။ အဲဒီလို မလုပ်နိုင်သေးသရွေ့တော့ ကျွန်တော်တို့ မလုပ်သေးပါဘူး။ ဦးဥာဏ် မဆုံးခင်မှာ သူ့ဝတ္ထုတွေကို သူ့ဘာသာ သူဇာတ် ညွှန်းခွဲထား တာတွေရှိပါတယ်။ သူ့ဇာတ်ညွှန်းကိုပဲ ကျွန်တော်တို့ယူပြီးရိုက်ကူးတာ မျိုးကပိုအဆင်ပြေလိမ့်မယ်။ ရိုက် ကူးဖို့တော့ အစီအစဉ်ရှိတယ်”လို့ ဆိုပါတယ်။

ဆရာမင်းလူရဲ့ စာအုပ်တွေကို ဇာတ်ကားအဖြစ် ပုံဖော်တဲ့အခါ ဈေးကွက်အရ ကိုယ်တိုင်အဓိကသရုပ်ဆောင်မလုပ်ဘဲ ပရိုဂျူဆာ၊ ဒါရိုက်တာအနေနဲ့ ရိုက်ကူးနိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ပြေဇင်က …

” ကျွန်တော်ကိုယ်တိုင် သရုပ်ဆောင်ဖို့ကတော့ မဖြစ်နိုင်ဘူးနဲ့တူတယ်။ အခုဟာက ဈေးကွက်အရ ဈေးကွက်ဝင် တန်းဝင်မင်းသား၊ နိုင်ငံကျော် သရုပ်ဆောင်၊ အဲဒါမျိုး တွေနဲ့ ရိုက်ကူးမှ အဆင်ပြေလိမ့် မယ်။ ကိုယ် ပရိုဂျူဆာလုပ်နိုင်ရင် တော့ဒါရိုက်တာလုပ်ပေါ့။ အရင်တုန်းက အဖေတို့လုပ်ခဲ့သလို ပြန်လုပ်နိုင်တဲ့အချိန်၊ ကျွန်တော် ကြိုးစားနေတာ ပေါ့နော်။ ဖြစ်နိုင်ရင် အဲဒါမျိုးပဲလုပ်ချင်တာပေါ့” လို့ ဆိုပါတယ်။ သရုပ်ဆောင်ပြေဇင်အနေနဲ့ ဒါရိုက်တာကိုပေါက်ရိုက်ကူးတဲ့ MRTV-4 က ဇာတ်လမ်းတွဲ ရိုက်ကူးထားပြီး လတ်တလောမှာတော့ ကားရိုက်ရပ်နားထားတယ်လို့ သိရပါ တယ်။

ထူးရွှေရည်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here