ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် Asia Model Festival ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု များရွေးချယ်

0
107

FOMအာရှနိုင်ငံ ၂ဝကျော် ပါဝင်ယှဉ်ပြိုင်ကျင်းပမယ့် 12th 2017 Model Festival  ပွဲကြီးကို ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ဇွန်လ ၂၂ ရက်မှ ဇွန်လ၂၄ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆို ပါ ပွဲကြီးကို သွားရောက် ယှဉ်ပြိုင်ဖို့ အတွက် မြန်မာနိုင်ငံမှာ Aqua land Co.,Ltd  နဲ့ KMA (Korea Model Association))တို့ နှစ်စဉ် ကြီးမှူး ကျင်းပတဲ့ Face of Myanmar 2017 ပွဲကို အခုနှစ်မှာတော့ ၅ကြိမ်မြောက် အနေနဲ့ ကျင်းပခဲ့ တာဖြစ်ပါတယ်။

Finalist ပြိုင်ပွဲဝင် အမျိုးသား ၁၅ယောက်၊ အမျိုးသမီး ၁၃ယောက် ပါဝင် ယှဉ်ပြိုင်ကြတဲ့ Face of Myanmar 2017 Road to Korea Grand Final ပွဲကို မေလ ၁၃၊ ၁၄ ရက်နေ့များက Junction City  မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ မော်ဒယ်လ်လေးများက National Costume, Sport Wear  နဲ့ Cat- Walk ပိုင်း စတာတွေနဲ့ ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ အဲဒီနောက် Mr. Face of Myanmar 2017 နဲ့ The Best Physique 2017  ဆုကို ထက်ဦးထွဋ်၊ Ms. Face of Myanmar 2017 ဆုကို ထက်ရတနာအောင်၊ Ms. Coreana 2017  နဲ့ The Best Costume 2017 ဆုကို မြတ်နိုးချစ်၊ Ms. Mizon 2017 ဆုကို Angel Main Ni  နဲ့ Mr. Kerasys 2017 ဆုကို နေဦး ခတို့ ဆု ရရှိသွားခဲ့ပြီး သူတို့ ၅ဦးက ကိုရီးယား နိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြပါ တယ်။ ဒီပြိုင်ပွဲမှာ ဆုရရှိတဲ့ ထက်ဦးထွဋ်က..

“ဒီဆုက အမေများနေ့ အတွက် အမှတ်တရ တစ်ခုပါဘဲ။ ကိုရီးယားနိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်တဲ့ အခါကျရင် မြန်မာနိုင်ငံ ကိုယ်စားပြု တစ်ယောက် အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ဂုဏ်မငယ်စေရအောင် အကောင်းဆုံး ကြိုးစား သွားမှာပါ”လို့ ပြောပါတယ်။

လာမယ့် ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကိုရီးယားနိုင်ငံ Pyeong Chang  မှာ ကျင်းပမယ့် Pyeong Chang Winter Olympics 2018 ပွဲတော်နဲ့ အထိမ်းအမှတ်ပွဲ အများအပြားကို Korea Model Association  ကလည်း အိုလံပစ် ကော်မတီ နဲ့အတူ လက်တွဲပြီး အာရှနိုင်ငံ ၂၇နိုင် ငံမှ Winners  များက  Korea especial models များအဖြစ် ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ကောင်းရဲထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here