အခုအချိန်ထိ မင်းသမီးလုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး ဘီလီလမင်းအေး

1
172

BiilyMyanmar Idol Season – 2  ရဲ့ First Winner Up ရရှိခဲ့တဲ့ ဘီလီလမင်းအေး ကတော့ လက်ရှိမှာ Show ပွဲတွေ ဆက်တိုက် သီဆိုခွင့် ရရှိ လာပြီး စီးပွားရေး ကြော်ငြာတွေ လည်း လက်ခံရိုက် ကူးလာပါတယ်။ ခုလတ်တလော မှာတော့Myanmar Idol Season – 2 ဖြစ်သူ သားငယ်နဲ့အတူ အင်းလေးမှာ ဓာတ်မြေသြဇာ ကြော်ငြာတစ်ခု သွားရောက် ရိုက်ကူးခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး ကြော်ငြာရိုက်ကူးခဲ့တဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး…

ဖူးအနေနဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ကြော်ငြာဆိုတော့ အခက်အခဲလေး တွေတော့ အနည်းငယ်ရှိခဲ့တယ်။ နှစ်ယောက်သား စကားပြောရ တဲ့ အခန်းလေးတွေ လည်းပါတယ်။ ပြီးတော့ အင်းလေးမှာ ရိုက်ကူးတုန်းက လှေပေါ်မှာ ရိုက်ကူးရတာ ဆိုတော့ ပထမဆုံးအ နေနဲ့ စိတ် လည်း လှုပ်ရှားခဲ့တယ်။ နောက်ပြီး သားငယ် နဲ့အတူ ရိုက်ရတဲ့အတွက် ထူးထူးဆန်းဆန်း လေးဖြစ်ပါတယ်။ စကားပြောရတဲ့ အခန်းတွေ မှာ လည်း ဖူးအ တွက် အခက်အခဲ နည်းနည်း ရှိခဲ့တယ်။ အဲဒီကြော်ငြာ ရိုက်ကူးရတာ အရမ်း လည်း ပျော် ခဲ့ပါတယ်။ လာရောက် ကမ်းလှမ်းလာတာတွေ ရှိရင် နောက်ထပ်လည်း ကြော်ငြာ ရိုက်ကူးမှာပါ”လို့ ပြောခဲ့ပါတယ်။

ပရိသတ် လက်ခံလောက်တဲ့ ရုပ်ရည်နဲ့ ချစ်စရာ  အမူအရာတွေ ကြောင့် သူမရဲ့ ပရိသတ်တွေကြား မင်းသမီး လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူး စတဲ့ ဝေဖန်မှု များလည်း ရှိနေပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး …

“ဖူးက အနုပညာလောကကို ခုမှစပြီး ဝင်ရောက်တာဖြစ်တဲ့ အတွက် ဒီ Music ပိုင်းကိုပဲ ပိုပြီးအားစိုက် ချင်ပါသေးတယ်။ တခြား လမ်း ကြောင်းကိုသွား ဖို့တော့ ဖူးစဉ်းစား နေတုန်းပါပဲ။ အခုချိန်ထိတော့ မင်းသမီး လုပ်ဖို့ မရှိသေးပါဘူး။ ဖူးက သီချင်းပဲ ဆိုတတ် တာလေ။ သရုပ်ဆောင်တာ ကျတော့လည်း ကိုယ်နဲ့ အစိမ်းသက် သက်ကြီး ဖြစ်နေတော့ နည်းနည်း ကြောက်မိတယ်။ အဲဒါကြောင့် မင်းသမီးလုပ်ဖို့ ခုလော လောဆယ်မှာတော့ မစဉ်းစားချင်သေးပါဘူး” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here