ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီဖြစ်တဲ့ ဒိန်းဒေါင်

0
167

Dain-Daung-1ဟာသသရုပ်ဆောင် ဒိန်းဒေါင် က နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် မြောက်ဥက္ကလာပ OSC ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိပါ တယ်။ လက်ရှိ အချိန်မှာတော့ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်း မွန်လာပြီဖြစ်ပြီး ဒိန်းဒေါင်ရဲ့အနုပညာ ညီအစ်ကိုမောင်နှမ များဖြစ်တဲ့ နောက်တိုး၊ ဂွမ်းပုံတို့ အဖွဲ့ကလည်း သွားရောက် အားပေးစကား ပြောခဲ့တာကို တွေ့ရပါတယ်။ လက်ရှိ ဒိန်းဒေါင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး

“ဖြစ်တာကတော့ နှလုံးသွေးကြောကျဉ်း ရောဂါပါ။ စစတက်ချင်းက အောက်သွေးတွေ အရမ်းများတော့ စိုးရိမ်ရတယ်။ အခုတော့ အောက်သွေး ၁၁ဝ လောက်တော့ရှိတယ်။ အစားလည်း စားတယ်။ ဒါပေမဲ့ အများကြီးတော့ စားလို့မရသေးဘူး။ အခုတော့ ရောဂါပြန် သက်သာပြီး ကျန်းမာရေး ကောင်းလာပါပြီ” လို့ ဒိန်းဒေါင်ကို အနီးကပ်ပြုစုနေသူက ပြောပြပါတယ်။

ဒိန်းဒေါင် အနေနဲ့လည်း မေလ ၁ဝ ရက်နေ့ နောက်ပိုင်းမှာ ဇာတ်လမ်း တွေ ပုံမှန်ပြန်လည် ရိုက်ကူး သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here