နည်းပညာတိုးတက်မှုတွေကြောင့် အနုပညာက ပျောက်ချင်သလို ဖြစ်လာတယ် မင်းသား လှိုင်ဘွားအောင်

0
159

Tabin 2

ဇာတ်မင်းသားလေးလှိုင်ဘွားအောင်က အထက်မြန်မာပြည်အနှံ့မှာ ကပြလျက်ရှိနေတဲ့ မင်းသားတစ်ဦး ပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့မန္တလေးဇာတ် ဖြစ်တဲ့အတွက် ဗလာဇာတ်ကို အဓိကထားကပြခဲ့ပါတယ်။

ရန်ကုန်မှာလည်း ဗလာဇာတ်အနေနဲ့ အလှူပွဲ တစ်ပွဲအတွက် လာရောက်ခဲ့ပြီး ပရိသတ်ရဲ့ အားပေး မှုကိုလည်း ရရှိခဲ့ပါတယ်။ ရန်ကုန်မှာတော့ ရုံဇာတ်တွေ ကိုသာ အဓိကထား ကပြကြတာဖြစ်တဲ့အတွက် ဗလာ ဇာတ်အနေနဲ့ကတော့ ရန်ကုန်ပရိသတ်တွေနဲ့ အကျွမ်း ဝင်မှုနည်းနေမှာပါ။ ဗလာဇာတ်တစ်ဇာတ်အနေနဲ့ လည်း ခမ်းနားမှုတွေရှိသလို ခက်ခဲမှုတွေလည်းရှိ နေပါတယ်။ ဗလာဇာတ်ရဲ့ အနေအထားကို သူကအခု လို ပြောပြတာက ” အနုပညာကတော့ အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဗလာဇာတ်ကျတော့ အမိုး လည်းမပါသလို အကာလည်းမပါဘူး။ ရာသီဥတု ဒဏ် တွေကို အများကြီးရင်ဆိုင်ကြုံတွေ့ရတယ်။ လေ တိုက်ရင် ကားလိပ်တွေ ချမရဘူး။ ပြီးတော့ဘေးက Effect တွေ အများကြီးရှိတယ်။ ဆက်တင်တွေ လုပ်တဲ့အခါ အများကြီး အခက်အခဲရှိတယ်။ အသံတွေ ကြောင့်လည်း အခက်အခဲတွေရှိတယ်။ အဲဒီကြားထဲ ကနေ အကောင်းဆုံးကြိုးစားပြီး တင်ဆက်ရတော့ တော်တော်ခက်ခဲတယ်။ တစ်ခါတလေကျတော့လည်း လွယ်ကူပါတယ်။ တချို့ကတော့ ရုံဇာတ်ကို ဇာတ်ကြီး လို့ သတ်မှတ်ကြတာပေါ့။

ဗလာဇာတ်ကိုတော့ ဇာတ်လေးတွေ ဆိုပြီးသတ် မှတ်ကြတယ်။ ကျွန်တော်ကတော့ အဲဒါတွေနဲ့ ပတ် သက်ပြီး ခံယူချက်မထားပါဘူး။ အနုပညာကတော့ အတူတူပါပဲ။ ခေါင်းပေါင်းပေါင်းထားတဲ့ အားလုံးက တော့ ဇာတ်မင်းသားပဲလေ။ ရုံမင်းသား၊ ဗလာ မင်းသားဆိုပြီး ခွဲခြားတာလည်း သဘော မကျဘူး။ အဲဒီလိုကြီးသတ်မှတ်တဲ့ သတ်မှတ်ချက်ကိုလည်း သဘော မကျဘူး”လို့ ကိုလှိုင်ဘွားအောင်က ပြောပြပါတယ်။ မန္တလေးမင်းသားတွေအနေ နဲ့ မန္တလေးအမျိုးသားဇာတ်ရုံမှာ အကြောင်းအမျိုးမျိုးတွေကြောင့် ကပြနိုင်ဖို့ အခွင့်အရေးမရသေးတာ ကြောင့်လည်း သူကထပ်ပြောပါတယ်။ ဒါ့အပြင် ဗလာဇာတ်တွေရဲ့ ရုန်းကန်ရမှု အနေအထားကိုလည်း သူက ဆက်လက်ပြောပြတာက ..

” အခုခေတ်က နည်းပညာတွေ အများကြီး တိုးတက်လာတော့ အဲဒါ တွေကိုပရိသတ်တွေက အဓိကထား ပြီး ကြည့်ချင်ကြတော့ အဲဒီမှာ အနုပညာက ပျောက်ချင် သလိုဖြစ်လာတယ်။ မင်း သားတစ်ယောက်ရဲ့ အနု ပညာသိပ်မကြည့် တော့ဘူး။ ဒီဇာတ်က Lighting တွေက ဘယ်လိုရှိလဲ၊ Audio တွေ ကဘယ်လိုရှိလဲ၊ LED တွေက ဘယ်လို ရှိလဲပေါ့။ ဒါ ကျွန်တော်တို့ အထက်ပိုင်းက ပွဲငှားတွေ ရဲ့အထာပေါ့။ အဲဒီလို ကောင်းကောင်းလုပ်နိုင်မှ ဇာတ်ကောင်းတယ် ဖြစ်လာတယ်။ တချို့အနုပညာ တအားကောင်းကြတယ်။ ဒါပေမဲ့ အဲဒါတွေ မပါတဲ့ အခါကျတော့ အဲဒီဇာတ်က မကောင်းပါဘူးကွာဆိုပြီး ဖြစ်လာတယ်။ အဲဒီတော့ နည်းပညာပိုင်းကိုလည်း တိုးတက်အောင်လုပ်မယ်၊ အနုပညာကို လည်း နည်းပညာက ဖုံးအုပ်မသွား အောင် ကျွန်တော်တို့ဘက်က အများကြီး ကြိုးစားရတာပေါ့။ အခုက နည်း ပညာပိုင်းက ဖုံးချင်သလို ဖြစ် နေတယ်။ နည်းပညာက ကျွန်တော်တို့အတွက် အထောက်အကူပဲ ဖြစ် စေချင်တယ်။ ကျွန်တော် တို့အတွက် အနှောက် အယှက် မဖြစ်စေချင်ဘူး။ အဲဒီလို မဖြစ်ရ အောင်လည်း ကြိုးစားတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အနုပညာ သေသွား မှာ ကြောက်လို့ပါ” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here