လူချွန်လူကောင်းတွေပေါ်သလို ပျက်စီးပြီး ဖရိုဖရဲဖြစ်တဲ့ လူငယ်တွေ ယောက်ျားလေး၊ မိန်းကလေးတွေ အများကြီးရှိလာမှာပဲ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)

0
99

1811918

ဘဝသရုပ်ဖော်နဲ့ ပညာပေး ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ “ခေါက်ထီးလေးမလုံ့တလုံ” ဝတ္ထုကို စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) က ၁၉၇၇ခုနှစ်မှာ ရေးသားခဲ့တာဖြစ်ပြီး အခုဆိုရင် ဒီဝတ္ထုက နှစ်ပေါင်း ၄ဝ တိတိရှိနေပြီ ဖြစ်ပါ တယ်။ ဒီဝတ္ထုကို ရေးသားဖြစ်ခဲ့ပုံကို ဆရာမကြီးက

” အန်တီတို့ခေတ်တုန်းက မေဖဲလ်ကလပ် ဆိုတာရှိတယ်။ နောက်တော့ ပြည်သူပိုင်သိမ်းပြီး စက်မှုဝန်ကြီးရုံးဖြစ်သွားတယ်။ အခုတော့ဟိုတယ်တွေဖြစ်တယ်။ မြန်မာပလာဇာဖြစ်တယ်ပေါ့။ အဲဒီမှာ ညနေပိုင်းဆိုရင် ပါတီတွေရှိတယ်။ အင်းယားကန်ပေါ် လမ်းလျှောက်ရင်းနဲ့ ကန်ဘောင်ကနေ လှမ်းကြည့်ရင် အဲဒီအိမ်က မြန်မာ မိန်းကလေးငယ်ငယ်လေးတွေနဲ့ foreigner တွေနဲ့တွဲပြီးကခုန်နေတာတွေ့ရတာပေါ့။ စိတ်ဝင်စားတော့ ရပ်ကြည့်မိတယ်။ တစ်နေ့ကျတော့ ဗဟန်းရဲစခန်းက အဲဒီအိမ်ကို ဝင်စီးလိုက်တယ်။ နောက်နေ့ သတင်းစာတွေထဲမှာ ပါလာရော။ အဲဒီရုံးချိန်းတိုင်းရုံးချိန်းတိုင်းကို သွားခဲ့တယ်။ ဒီမိန်းကလေးတွေကို တွေ့ရတယ်။ သူတို့ပြောတာတွေနား ထောင်တယ်။ သူတို့ဘဝအကြောင်း ထိုင်ပြီးတော့ စကားပြောရင်း သိခဲ့ရတယ်ဆိုတော့ သူတို့ကို စိတ် ဝင်စားသွားတယ်။ သူတို့အားနည်း ချက်ကို ကိုယ်ကသိသွားတာပေါ့။ သူတို့အခုလိုဒုက္ခရောက်ရတာ။ သူတို့အခုလို ဒီဘဝရောက်ရတာ အားလုံးကသူများရဲ့ အပြစ်ချည်းပဲ။ သူ့မှာ ဘာမှအပြစ်မရှိဘူးဆိုတဲ့သ ဘောတွေဖြစ်တာပေါ့။ ကိုယ့်ကိုယ် ကိုသတိမရတဲ့ မိန်းကလေးတွေကို သတိရစေချင်လို့ ကိုယ့်မှာလည်း တာဝန်ရှိတယ်ဆိုတာ ပြောချင်လို့ ဒီဝတ္ထုလေးကိုရေးလိုက်တာပါ။ ခေတ်တိုင်းမှာ ခုထိ ရှိကြမှာပဲ။ Facility တွေ တအားများပြီးတော့ လူမှုအသုံးဆောင်တွေ ပိုထွန်းကား တဲ့အချိန် လူမှုဆက်ဆံရေး ပိုကျယ်ပြန့်တဲ့ခေတ်ကို ပိုရောက်လေ လူချွန်လူကောင်းတွေပေါ်သလို ပျက်စီးပြီး ဖရိုဖရဲဖြစ်တဲ့ လူငယ်တွေ ယောက်ျား လေး၊ မိန်းကလေးတွေ အများကြီး ရှိလာမှာပဲ” လို့ပြောပါတယ်။

ဒီဝတ္ထုကို ရုပ်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားတာကို ကြည့်ရတဲ့အခါ ကျေနပ်အားရမိကြောင်းကိုလည်း ဆရာမကြီးက ..

” ဝတ္ထုရေးတဲ့ လူတစ်ယောက်အနေနဲ့ ဝတ္ထုက ပုံစံတစ်မျိုး၊ ရုပ်ရှင် ရဲ့ တင်ဆက်ပုံက ပုံစံတစ်မျိုး။ မတူကြဘူး။ အခုရုပ်ရှင်တစ်ကားအနေနဲ့ ကြည့်လိုက်ရတော့ တော်တော်သပ်သပ်ရပ်ရပ်ရှိပြီး ဇာတ်ညွှန်းဆရာ နဲ့ ဒါရိုက်တာကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာ လျှောကျ သွားအောင်ကြည့်ရှုရတဲ့ ဇာတ်ကား လေးဖြစ်လို့ပါ။ နောက်ပြီး သရုပ်ဆောင်တွေကျတော့လည်း အေးမြတ် သူဆိုရင် ငယ်လည်း ငယ်တယ်လေ။ ဒီဇာတ်ရုပ်ကြီးကို လုပ်ချင်မယ် လို့မထင်ဘူး။ လုပ်ရင် လည်း အဆုံး ထိလုပ်မယ် မထင်ဘူး။ သူကတစ်ဆုံးလုပ်သွားတယ်။ အဲဒါ ကြောင့် သူ့ကို လည်း ကျေးဇူးတင် ပါတယ်။ အဲဒါ ကြောင့်ရုပ်ရှင်က လှသွားတယ်လို့ ထင်ပါတယ်။ နောက် ပြီး ကိုမင်း မော်ကွန်းကျတော့ ခါတိုင်း ဇာတ်ကားတွေကြည့်ရတာ သူ့ကိုက လေးလေးတစ်ယောက်ကို မြင်ရ သလိုပဲ။ ဒီဇာတ်ကားမှာ တကယ် ရင့်ကျက်တဲ့ ရှေ့နေ တစ်ယောက် ပုံစံဖြစ်သွားတယ်။ သူ့လည်း ကျေးဇူးတင်ရတာပဲ။ အမှန်ကတော့ ဝတ္ထုအနေနဲ့ ဆိုရင် ဒီဇာတ်က စိုးပြည့်ဇာတ်ဖြစ် လိမ့်မယ်။
ရွှေစင်မွန်လို တရား ဥပဒေကို အမြဲတမ်းဦးထိပ်ထားတဲ့ နောက်ပြီး မိန်းကလေးရဲ့ သိက္ခာကိုတန်ဖိုးထားတဲ့ အဲဒီလို မိန်းကလေး တွေ အများကြီးဖြစ်စေချင်လို့ ဝတ္ထုထဲမှာ ရွှေစင်မွန်ကို အဓိက ဇာတ်ဆောင်အနေနဲ့ ရေးခဲ့ဖူးတာ။ ဒါပေမယ့် ရုပ်ရှင်မှာကျတော့ အလှုပ်ဇာတ်ဆောင်ဖြစ်တဲ့ြေ<ွကက တက်သွားတာ။ြေ<ွကကအြ<ွက ဆုံးဖြစ်နေတော့ အကယ်ဒမီကို အေးမြတ်သူများ မှန်းနိုင်မလားလို့ ထင်မိတယ်။ စိုးပြည့်သဇင်လည်း အင်မတန်တော်ပါတယ်” လို့ပြောပါတယ်။ “ခေါက်ထီးလေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားကို ဧပြီလ၂၈ရက် နေ့မှာ ရုံတင်ပြသပြီဖြစ်ပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here