ဇာတ်သဘင်မှာ ဂီတနဲ့ သရုပ်ဆောင်တွေ ခေါ်ယူ သီဆိုဖြစ် ရခြင်းအကြောင်း ဇာတ်ကန်ထရိုက် ကိုကျော်ဇေယျ ရှင်းပြ

0
105

Kyaw-Zay-Yaအခုလက်ရှိ အချိန်မှာတော့ ပဲခူးဘုရားပွဲကြီး ပြီးစီး သွားပြီ ဖြစ်တဲ့အတွက် ဇာတ်အဖွဲ့တွေ အနေနဲ့ ရန်ကုန် လက်ကျန် ပွဲစဉ်တွေကို ကပြဖျော်ဖြေလျက် ရှိနေပါတယ်။ အခုနှစ်ပိုင်းတွေ မှာ ဇာတ်သဘင်ဟာ အရှိန်တော်တော် ကောင်းမွန်လာခဲ့ပါတယ်။ ဒီလိုကောင်းမွန် လာတဲ့အခါ မှာတော့ ဇာတ်သဘင်မှာ ဂီတနဲ့  ရုပ်ရှင်သရုပ်ဆောင် တွေကို ဖိတ်ကြားကာ ဖျော်ဖြေ တင်ဆက်နေခြင်း အပေါ် ဝေ ဖန်ထောက်ပြ နေခြင်းများလည်း ရှိလာခဲ့ပါ တယ်။ ဇာတ်သဘင် တင်ဆက်မှုမှာ ဂီတနဲ့သရုပ်ဆောင် တွေကို ဖိတ်ခေါ်ကာ သီဆိုဖျော်ဖြေခြင်းမျိုးက အရင် ခေတ်ကာလ တုန်းကလည်း ရှိခဲ့ကြောင်းလည်းသိရပါ တယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ဇာတ်ကန်ထရိုက် တစ်ဦးဖြစ်တဲ့ ကိုကျော်ဇေယျက အခုလို ရှင်းပြတာက

“ပဲခူးဘုရားပွဲမှာ  ကပြခဲ့တဲ့ စံပြသဘင် ဇာတ်မှာ မြန်မာပြည် တစ်ပြည်လုံး Hit ဖြစ်နေတဲ့ မနောကို သီဆိုပေးဖို့ ဖိတ်ခေါ်ထားတယ်။ ဒါကို စီစဉ် တာ ကလည်း ကျွန်တော်စီစဉ်တာပါ။ ကျွန်တော့် မှာသာ တာဝန်ရှိပါ တယ်။ ဒါက လည်း ဘာဖြစ်လို့ ဒီလိုစီစဉ်ရလဲ ဆိုတော့ ဒီအချိန် မှာ အားလုံးဟာ ရီမုတ်တစ်ချက် နှိပ်လိုက်တာနဲ့  တီဗီမှာ တစ်ကမ္ဘာလုံးရဲ့ ဖျော်ဖြေမှုတွေကို ကြည့်ရှုလို့ ရနေတဲ့ အနေ အထား ဖြစ် လာတယ်။ ဒီဇာတ်ရုံထဲကို ပရိသတ်တွေ ရောက်ရှိလာဖို့ဆိုတဲ့ အနေအထားမှာ ဆိုရင် သူတို့ စိတ်ဝင်စားအောင် ကျွန်တော်တို့ အနေနဲ့  တစ် နှစ်ထက် တစ်နှစ်ဘယ်လို တီထွင်မလဲပေါ့။ နောက်ထပ် ပြီးတော့ ပရိသတ်တွေ စိတ်ဝင်စားစေမယ့်အရာ ဘာ တွေစီစဉ်မလဲ ဆိုတာကို စဉ်းစားရပါတယ်။ နောက်ပြီး တော့ ဇာတ်သဘင်တွေမှာ အဆိုတော်တွေ ထည့်တယ် ဆိုတာက အခုမှ လုပ်လာတဲ့ ကိစ္စလည်းမဟုတ်ပါဘူး။  သဘင် ရွှေခေတ်ဖြစ်နေတဲ့ အချိန်မှာလည်း ရှေး လူကြီးများက ဒီအဆိုတော် ပေါင်းမြောက်မြား စွာကို ဇာတ် သဘင်တွေမှာ ပရိသတ်တွေ စိတ်ဝင်စားမှု ရှိအောင် ငှားရမ်းပြီးတော့ ခေါ်ယူ သီဆိုစေခဲ့တာတွေ လည်း အများကြီး ရှိပါတယ်။ ဒါက ကျွန်တော်တို့ ဒီဘက်ခေတ် မှ ဖြစ်ပေါ်လာတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အဓိက ကတော့ Hit ဖြစ်နေတဲ့ အနုပညာရှင်တွေနဲ့ ပူးတွဲ ဖျော် ဖြေတင်ဆက်ရခြင်း အကြောင်းအရင်း သည် ကျွန်တော် သည်လည်း စံပြသဘင်ရဲ့ မန်နေဂျာ တစ်ဦးလည်းဖြစ်၊ ကန်ထရိုက် တစ်ဦးလည်းဖြစ်တဲ့ အတွက် မားကက် တင်းပိုင်းက ကျွန်တော့် အတွက် အများကြီး တာဝန်ရှိပါ တယ်။ အဲဒီတော့ ပရိသတ်တွေ စိတ်ဝင်စားမှု ရှိအောင် ဇာတ်ရုံထဲ အထိကို ပရိသတ်တွေ လာကြည့်နိုင်အောင် ဆွဲဆောင်မှု တစ်ခုအနေနဲ့ ကျွန်တော် စီစဉ်လိုက်တာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကိုကျော်ဇေယျက ဇာတ်ကန်ထရိုက် သက်တမ်း အနေနဲ့ (၁ဝ)နှစ် ကျော်ဝန်းကျင် သက်တမ်းရှိသူ တစ်ဦး လည်းဖြစ်ပြီး လက်ရှိ အချိန်မှာတော့ စံပြသဘင်ရဲ့  ဇာတ်မန်နေဂျာ တစ်ဦးအဖြစ်နဲ့ ကန်ထရိုက်တစ်ဦး အဖြစ် လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here