မြကျွန်းသာမှာ လမ်းလျှောက်သင်္ကြန်အဖြစ်ပုံဖော်မယ့် CB-KMA Mya Kyun Thar Thingyan Festival 2019

မြကျွန်းသာမှာ လမ်းလျှောက်သင်္ကြန်အဖြစ်ပုံဖော်မယ့် CB-KMA Mya Kyun Thar Thingyan Festival 2019
April 11, 2019 Asian Fame
မြကျွန်းသာမှာ လမ်းလျှောက်သင်္ကြန်အဖြစ်ပုံဖော်မယ့် CB-KMA Mya Kyun Thar Thingyan Festival 2019

CB-KMA မြကျွန်းသာ လမ်း လျှောက်သင်္ကြန်ပွဲတော်ကြီးရဲ့စာနယ် ဇင်းမိတ်ဆက်ပွဲကို ဧပြီလ ၃ ရက် ညပိုင်းက ရန်ကုန်မြို့၊မြကျွန်းသာမှာ ကျင်းပပြုလုပ်ခဲ့ပြီး KMA Grup of company ရဲ့ Managing Director CB-KMA၊ CB-KMA မြကျွန်းသာသင်္ကြန်ပွဲဖြစ် မြောက်ရေးကော်မတီ ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းထက်ထွန်းနဲ့ တာ ဝန်ရှိသူများမှ ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ ပွဲအစီအစဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။ သင်္ကြန် ၄ ရက်စလုံးမှာ နာမည်ကျော်ဒိတ်ဒိတ်ကြဲအနုပညာရှင်များရဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပါ ဝင်မှာဖြစ်ပါတယ်။
ပါဝင်ဖျော်ဖြေကြမယ့် အနု ပညာရှင်တွေထဲက ရန်အောင်က. . .

”သင်္ကြန်မှာ မဖျော်ဖြေဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ အခုပြန်လည် ဖျော်ဖြေရမှာဆိုတော့ ဝမ်းသာမိပါ တယ်။ ပြီးတော့ ဒီလိုလမ်းလျှောက် သင်္ကြန်ဆိုတာ ကြားပဲကြားဖူးတာ။ အခုကိုယ်တိုင်ပါဝင်ဆင်နွှဲရမယ်။ ပြီး တော့ အဆိုတော်တွေများစွာရဲ့ သီ ချင်းတွေကိုလည်း အားပေးရမယ်ဆို တော့ ရင်ခုန်မိတယ်။ ပရိသတ်တွေ လည်း လာရောက်ကြဖို့ ဖိတ်ခေါ်ပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

P.069

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*