ဟောလိဝုဒ်မှာ လူမျိုးရေးခွဲခြားမှုတွေ ဒီနေ့ထိတိုင် ရှိနေတုန်းပဲလို့ မင်းသမီး ဆာလမာဟိုက်ယက် ကဝေဖန်ပြောဆို

ဟောလိဝုဒ်မှာ လူမျိုးရေးခွဲခြားမှုတွေ ဒီနေ့ထိတိုင် ရှိနေတုန်းပဲလို့ မင်းသမီး ဆာလမာဟိုက်ယက် ကဝေဖန်ပြောဆို
March 13, 2019 Asian Fame
ဟောလိဝုဒ်မှာ လူမျိုးရေးခွဲခြားမှုတွေ ဒီနေ့ထိတိုင် ရှိနေတုန်းပဲလို့ မင်းသမီး ဆာလမာဟိုက်ယက် ကဝေဖန်ပြောဆို

အော်စကာဆန်ကာတင်စာရင်းဝင် ဟောလိဝုဒ်မင်းသမီး ဟိုက်ယက်က ဟောလိဝုဒ်မှာ ဒီနေ့ထိတိုင် လူမျိုးရေးခွဲခြားမှုတွေရှိနေတာ အတော်ကိုအံသြဖို့ကောင်းတယ်လို့ သူ့ရဲ့မကြာသေးမီကလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ပရိုဂျူဆာ ဟာဗေးဝိန်းစတိန်းရဲ့ လိင်မှုဆိုင်ရာ စော်ကားဖို့ကြိုးပမ်းတာကိုခံခဲ့ရဖူးကြောင်း မင်းသမီးက နယူးယောခ့်တိုင်းမ်း သတင်းစာကို ဖွင့်ချခဲ့ဖူးပါတယ်။ဝိန်းစတိန်းကတော့ငြင်းဆိုခဲ့ပေမယ့် အော်စကာဆုရ မင်းသမီး လူပီတာနီယွန်ဂိုကလည်း ၀ိန်းစတိန်းရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရဖူးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အကြောင်းက ဆာလမာက မက္ကဆီကိုနွယ်ဖွားဖြစ်ပြီး၊လူပီတာကလည်း မက္ကဆီကန်-ကင်ညာကပြား ဖြစ်ကြပါတယ်။ ဒီလိုအသားအရောင်နဲ့လူမျိုးကြောင့် ဒီလိုအနိုင်ကျင့်ခံရတာလို့ ဝေဖန်ထောက်ပြမှုတွေလည်းရှိခဲ့ကြပါတယ်။

“အသားအရောင်မတူတဲ့သူဆိုရင် ခွဲခြားဆက်ဆံခံရမယ် အနိုင်ကျင့်ခံရမယ်။ ဒါဟောလိဝုဒ်မှာ သီအိုရီတစ်ခုလိုဖြစ်နေပါပြီ” လို့ ဆာလမာ က ရင်ဖွင့်ခဲ့ပါတယ်။ သတင်းထောက်တစ်ယောက်က ဒီလိုမျိုးခွဲခြားမှုတွေ ဟောလိဝုဒ်မှာ ဘယ်လောက်အတိုင်းအတာထိရှိနေသလဲ လို့ဆိုပြီး မေးခဲ့ရာမှာတော့ ဆာလမာက “Millions” သန်းနဲ့ချီနေပြီလို့ တစ်ခွန်းတည်း ပြန်လည်ဖြေကြားခဲ့တယ်လို့သိရပါတယ်။

 

Ref: Hollywoodlife

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*