ရုပ်​ရှင်​တစ်​သက်​တာ ထူးချွန်​ဆုကို အကယ်​ဒမီ ဒေါ် မြင့်​မြင့်​ခင်​အား ပေးအပ်​ရန် လျာထား

ရုပ်​ရှင်​တစ်​သက်​တာ ထူးချွန်​ဆုကို အကယ်​ဒမီ ဒေါ် မြင့်​မြင့်​ခင်​အား ပေးအပ်​ရန် လျာထား
March 12, 2019 Asian Fame
ရုပ်​ရှင်​တစ်​သက်​တာ ထူးချွန်​ဆုကို အကယ်​ဒမီ ဒေါ် မြင့်​မြင့်​ခင်​အား ပေးအပ်​ရန် လျာထား

မြန်​မာ့ရုပ်​ရှင်​အနုပညာရှင်​သမားတိုင်း တန်​ဖိုးထားရတဲ့ ရုပ်​ရှင်​ တစ်​သက်​တာထူးချွန်​ဆုကို ဒီနှစ်​မှာလည်း ပေးအပ်​ချီးမြှင့်​သွားမယ်​လို့ သိရပါတယ်​။ အဆိုပါထူးချွန်​ဆုကို ၂ဝ၁၂ ခုနှစ်​တုန်းက ကွယ်​လွန်​သွားပြီဖြစ်​တဲ့ ဒါရိုက်​တာကြီး ဦးတင်​ယုကပထမဆုံး အကြိမ်​ရရှိခဲ့ဖူးပြီး စွယ်​စုံရအနုပညာ ရှင်​ကြီး တစ်​ဦးဖြစ်​တဲ့ ဘဘဘိုက လေးတင့်အောင်​က မနှစ်​က ၂ဝ၁၇ ခုနှစ်​အတွက်​ ရုပ်​ရှင်​တစ်​သက်​တာ ထူးချွန်​ဆုကို ရရှိခဲ့ကြောင်း ရုပ်ရှင် နာယကတစ်ဦး ဖြစ်တဲ့ ဒါရိုက်တာ ဦးနှင်းမိုးက ပြော ပါတယ်။

ယခုနှစ်​မှာလည်း ရုပ်​ရှင်​အစည်းအရုံးက အဆိုပါဆုကို အကယ်​ဒမီ ဒေါ်မြင့်မြင့်ခင်​ကို ပေး အပ်​ချီးမြှင့်​ဖို့အတွက်​ လျာထားလျက်​ရှိတယ်​လို့ ရုပ်​ရှင်​အစည်းအရုံး တာ ဝန်​ရှိသူတစ်​ဦးက ပြောပြပါတယ်​။ ရုပ်​ရှင်​တစ်​သက်​တာ ထူးချွန်​ဆု (ဂုဏ်​ထူးဆောင်​ဆု) ကို မြန်မာ့ရုပ်​ရှင်​သမိုင်းမှာ နှစ်​ကြိမ်​သာ ပေးအပ်​ချီးမြှင့်​ခဲ့ဖူးပြီး ယခု အကြိမ်​ချီးမြှင့်​မည်​ဆိုပါက တတိယ အကြိမ်​မြောက်​ ဖြစ်​လာမှာဖြစ်ပါတယ်​။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*