မွေးနေ့အလှူမှာ မျက်စိအခမဲ့ခွဲစိတ်လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့ သရုပ်ဆောင် စည်ဖြိုးရဲ့ မိခင် ဒေါ်သီသီဝင်း

မွေးနေ့အလှူမှာ မျက်စိအခမဲ့ခွဲစိတ်လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့ သရုပ်ဆောင် စည်ဖြိုးရဲ့ မိခင် ဒေါ်သီသီဝင်း
March 12, 2019 Asian Fame
မွေးနေ့အလှူမှာ မျက်စိအခမဲ့ခွဲစိတ်လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့ သရုပ်ဆောင် စည်ဖြိုးရဲ့ မိခင် ဒေါ်သီသီဝင်း

သရုပ်ဆောင် စည်ဖြိုးရဲ့ မိခင် ဒေါ်သီသီဝင်းရဲ့ အသက် ၅၇ နှစ်ပြည့် မွေးနေ့အလှူအဖြစ် ကိုယ်တိုင်ဆောက်လုပ် လှူဒါန်းထားတဲ့ ပုသိမ်မြို့ တိုက်ကြီးကျောင်း ပရိယတ္တိစာသင် တိုက်ရဲ့ မျက်စိဆေးရုံကြီးမှာ မတ်လ ၂ ရက်နေ့က မျက်စိ အခမဲ့ ခွဲစိတ်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အလှူအတန်းတွေ ဆက်တိုက် လုပ်နေပြီး အသက် ၅၇ နှစ် ပြည့်မွေး နေ့မှာလည်း အလှူအတန်းတွေနဲ့ပဲ ဖြတ်သန်း ဖြစ်နေပုံကို သရုပ်ဆောင် စည်ဖြိုးရဲ့မိခင်ဖြစ်သူ ဒေါ်သီသီဝင်း က…

“အန်တီရဲ့ အသက် ၅၇ နှစ် ပြည့်မွေးနေ့မှာ အလှူအတန်း တွေ ပြုလုပ်ဖြစ်တယ်။ အလှူအတန်းတွေက အမြဲပြုလုပ်ဖြစ် ပါတယ်။ ဒီတစ်ခေါက်ကတော့ အန်တီတို့ ဆောက်လုပ်လှူဒါန်း ထားတဲ့ ပုသိမ် မြို့မှာရှိတဲ့ မျက်စိဆေးရုံကြီးမှာ မျက်စိအခမဲ့ ခွဲစိတ်မှုတွေကို ငါးရက်တိုင်တိုင် ပြုလုပ်ပေးနေတယ်။

ပြီး တော့ သက်ကြီးရွယ်အိုတွေကို အဝတ်အစားတွေ၊ သုံးချင်ရင် သုံးလို့ရမယ့် ငွေတချို့နဲ့ ကန်တော့ခဲ့တယ်။ အကျွေးအမွေး တွေနဲ့ကော အန်တီရဲ့ ၅၇ နှစ်ပြည့် မွေးနေ့အလှူမှာ ပြုလုပ် ခဲ့တယ်။ အဲဒီအတွက်လည်း ဝမ်းသာပီတိတွေဖြစ်နေတယ်။ အန်တီတို့ မိသားစုရဲ့ အလှူကို ကြည့်ပြီးတော့လည်း သာဓု ခေါ်ကြပါဦး”လို့ ပြောပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*