‘အရင်လိုမပတ်သက် တော့ပါ’ တေးစီးရီးနဲ့သရုပ်ဆောင်မင်းခန့်ကျော်ရဲ့ ဂီတခြေလှမ်း

‘အရင်လိုမပတ်သက် တော့ပါ’ တေးစီးရီးနဲ့သရုပ်ဆောင်မင်းခန့်ကျော်ရဲ့ ဂီတခြေလှမ်း
February 26, 2019 Asian Fame
‘အရင်လိုမပတ်သက် တော့ပါ’ တေးစီးရီးနဲ့သရုပ်ဆောင်မင်းခန့်ကျော်ရဲ့ ဂီတခြေလှမ်း

သရုပ်ဆောင် မင်းခန့်ကျော်က ‘အရင်လိုမပတ်သက် တော့ပါ’ လို့ ဆိုတဲ့ တစ်ကိုယ်တော် အယ်ဘမ်လေး ထွက်ရှိပြီး ဂီတလမ်းပေါ် လျှောက်လှမ်းလို့ လာပါပြီ။ သီချင်းတွေ လုပ် ဖြစ်နေတာ လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်း ကပါလို့ဆိုတဲ့ မင်းခန့်ကျော်ကို သရုပ်ဆောင်တွေ အဆို ဘက် ပြောင်းတာ သရုပ်ဆောင်ဘက်က အခြေအနေ မကောင်းတော့လို့လားဆိုတဲ့ ဝေဖန် မှုတွေရှိလာခဲ့ ရင် ရောလို့ မေးတော့ …

”ကျွန်တော်က ဒီဂီတကို ချစ်လို့လုပ်တာ။ ကျွန်တော် သည် တစ်နေရာမှာ ဖြတ်သန်းနေမယ်။ ကျွန်တော် သေဆုံးသွားခြင်းဆိုတာ မရှိဘူး။ မင်းခန့်ကျော်သည် တစ်ထောင့်တစ်နေရာမှာ ရပ်တည်နေမယ်ဆိုတဲ့ သဘော ပါ။ ထင်တာတော့ သရုပ်ဆောင်ဘက်က ပျက်စီးနေကြ တာတော့အမှန်ပဲလေ။ ဒါပေမဲ့ အဲဒီလိုကြောင့် ကျွန်တော်ကူး တာမဟုတ်ပါဘူး။ ကိုယ်ပိုင်သီချင်းဆိုတာလေးနဲ့ နယ်က ပရိသတ်တွေနဲ့ ရင်းနှီးချင်လို့ ကျွန်တော်ဒီအခွေကို လုပ် တာ။ မျိုးဆက်သစ်တွေကို တံခါး ဖွင့်ပေးချင်တဲ့ ရည်ရွယ်ချက်လေး တွေနဲ့လုပ်လိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အခွေတစ်ခွေ လုပ်တာ မလွယ်ကူပါဘူး။ အရင်းများတယ်လေ”လို့ မင်းခန့်ကျော်က ပြောပါ တယ်။

မင်းခန့်ကျော်ပြောခဲ့တဲ့ မျိုးဆက် သစ်တွေကို တံခါးဖွင့်ပေးမယ်ဆို တာကတော့ ‘အရင်လို မပတ် သက်တော့ပါ’ အခွေတစ်ခွေဝယ်ရင် ဖောင် တစ်စောင်ပါမှာဖြစ်ပြီး အခွေထဲက ကြိုက်တဲ့သီချင်းကို Cover Song ဆိုလို့ရကြောင်း၊ အကောင်းဆုံး ၃ ယောက်ကို ပထမ၊ ဒုတိယ၊ တတိယ ဆုချီးမြှင့်မှာဖြစ်ပြီး။ ပထမဆု သိန်း ၃ဝ၊ ဒုတိယဆု သိန်း ၂ဝနဲ့ တတိယဆု ၁ဝ သိန်းကျပ် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*