မကြာခင်ဖွင့်လှစ်တော့မယ့် ရုပ်ရှင်သင်တန်းကျောင်းတွင် သဘင် သရုပ်ဆောင်ပညာသင်ကြားပေးနိုင်ရန် မြန်မာနိုင်ငံ သဘင်အစည်းအရုံးနဲ့ လာရောက်ညှိနှိုင်း

မကြာခင်ဖွင့်လှစ်တော့မယ့် ရုပ်ရှင်သင်တန်းကျောင်းတွင် သဘင် သရုပ်ဆောင်ပညာသင်ကြားပေးနိုင်ရန် မြန်မာနိုင်ငံ သဘင်အစည်းအရုံးနဲ့ လာရောက်ညှိနှိုင်း
February 26, 2019 Asian Fame
မကြာခင်ဖွင့်လှစ်တော့မယ့် ရုပ်ရှင်သင်တန်းကျောင်းတွင် သဘင် သရုပ်ဆောင်ပညာသင်ကြားပေးနိုင်ရန် မြန်မာနိုင်ငံ သဘင်အစည်းအရုံးနဲ့ လာရောက်ညှိနှိုင်း

မြန်မာနိုင်ငံရှိ Forever Group နှင့် ပြင်သစ် နိုင်ငံရှိ Cinefabrique National Film School ပူးပေါင်း ဖွင့်လှစ်မည့် ရုပ်ရှင်သင်တန်းကျောင်း၌ သဘင်သရုပ်ဆောင်ပညာနှင့် သက်ဆိုင်သော ကဏ္ဍများတွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံးနှင့် လက်တွဲ ဆောင်ရွက်နိုင်ရန် အတွက် Project Director Ms. Cyrielle Nifleç Production Director Mr. Benoit De Lorme နှင့် MMDC မှ Center Manager ဒေါ်စုမွန်ထွေးတို့သည် ဖေဖော် ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် သန်လျင်မြို့၌ လာရောက်တွေ့ဆုံခဲ့ကြသည်။

”အခုမှ ဆွေးနွေးတုန်း အဆင့်ပါ။ သူတို့က မြန်မာရဲ့ Taste ကိုများများ လိုချင်တယ်လို့ ပြောတယ်။ မြန်မာ့ယဉ်ကျေးမှုကို သူတို့ စိတ်ဝင်စား ကြတယ်။ သူတို့ စိတ်ဝင်တစားနဲ့လည်း မေးမြန်းကြ တယ်။ ဇာတ်သဘင်နဲ့ ရုပ်ရှင်မှာက အိုက်တင်ချင်း မတူဘူးလေ။ ဇာတ်စင်ပေါ်မှာလုပ်ရတဲ့ အိုက်တင်နဲ့ ရုပ်ရှင်မှာလုပ် ရတဲ့ အိုက်တင် ကကွဲတယ်။ အဲဒီ့တော့ သူတို့ရဲ့ သင်တန်းကျောင်းမှာ ဇာတ်စင်ပေါ်မှာလုပ် ရတဲ့ အိုက်တင်နဲ့ပတ်သက်လို့ သဘင်အစည်း အရုံး က ကူညီဆောင်ရွက်ပေးစေချင်တယ်ပေါ့။ ဇာတ်စင် ပေါ်က အိုက်တင်နဲ့ပတ်သက်လို့ သဘင်အစည်းအရုံး က ပညာရှင်တွေခေါ်ပြီး သင်ပေးရမယ်။ ပြီးတော့သင် ရိုးညွှန်းတမ်းအနေနဲ့လည်း လုပ်ပေးရမယ်လို့ပြော တယ်။ သူတို့သင်တန်းကျောင်းကတော့ အောက်တို ဘာလမှာ စဖွင့်မယ်လို့ပြောတယ်။ သူတို့တွေအနေ နဲ့လည်း ဇာတ်တွေကို လိုက်ကြည့်တယ်။ ပြီးတော့ ဇာတ်သဘင်အကြောင်းကို သေချာအသေးစိတ် မေးမြန်း ကြပါတယ်” လို့ အဆိုပါတွေ့ဆုံမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)ပြန်ကြားရေးမှူး ပတ္တမြားကေခိုင်က ပြောပြပါတယ်။

အစည်းအဝေးကို နာယကကြီး စည်သူဦးစိန် ဘမော်၊ တွဲဘက် အတွင်းရေးမှူး (၂) မြန်မာပြည် ကျောက်စိမ်း၊ စာရင်းစစ် (၁) ဒေါ်အေးအေးမော်နှင့် ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်တို့ တက်ရောက် ကြပြီး အစည်းအဝေးအပြီးတွင် ကျိုက်ခေါက်ဘုရား ပွဲရှိ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်၏ ဇာတ်ရုံသို့ သွားရောက်လေ့လာခဲ့ကြပါ တယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*