သဘင်အနုပညာနဲ့ ပတ်သက်လို့ အ စွမ်းကုန် ကြိုးစားနေတဲ့ဟန်ဇာမိုးဝင်း

သဘင်အနုပညာနဲ့ ပတ်သက်လို့ အ စွမ်းကုန် ကြိုးစားနေတဲ့ဟန်ဇာမိုးဝင်း
February 22, 2019 Asian Fame
သဘင်အနုပညာနဲ့ ပတ်သက်လို့ အ စွမ်းကုန် ကြိုးစားနေတဲ့ဟန်ဇာမိုးဝင်း


အခုလက်ရှိမှာတော့ စံပြသ ဘင်က ကျိုက်ခေါက်ဘုရားပွဲတော် ကြီးမှာ ကပြလျက်ရှိပါတယ်။ သူ့ အနေနဲ့ ယခင်ကထက်ပိုမိုကောင်း မွန်အောင် တင်ဆက်မှုပိုင်းတွေကို ကြိုးစားထားပြီး လာရောက် ကြည့် ရှုကြတဲ့ပရိသတ်တွေ အနေနဲ့လည်း ကျေနပ်မှုအပြည့်ရမှာပါလို့ ဟန်ဇာ မိုးဝင်းကပြောပါတယ်။ မောင်နှမသုံး ယောက် ကပြခဲ့တဲ့ စံပြသဘင်အ နေနဲ့လည်း အခုဟန်ဇာမိုးဝင်းတစ် ယောက်တည်း ဦးဆောင်ကပြနေ ပေမယ့် ဖျော်ဖြေတင်ဆက်မှုပိုင်း တွေမှာ ပိုလို့ကောင်းလာအောင် သူဟာအစွမ်းကုန်ကြိုးစားလျက်ရှိပါ တယ်။

”၃ယောက်တုန်းကနဲ့ ပုံစံမတူ တဲ့ အမြင်ဆန်းသစ်မှုတွေ ကိုရမှာပါ။ ၃ယောက်တုန်းကလည်းတစ်မျိုးပေါ့။အရသာမတူဘူးပေါ့လေ။ ရေခဲမုန့် ကလည်း ရေခဲမုန့်အရသာပေါ့။ မုန့် ဟင်းခါးကလည်း မုန့်ဟင်းခါး အရ သာပေါ့။ တစ်ယောက်တည်းက တော့လည်း တစ်ယောက်တည်းရဲ့ အရသာပေါ့။ ၃ယောက်ကတော့ လည်း ၃ယောက်အရသာပေါ့။ တစ် ယောက်တည်းတော့ ခိုကပ်ပြီးတော့ ပျင်းရိလုပ်ဆောင်ထားတာတစ်ခုမှမရှိပါဘူး။ ပိုလည်းပိုပင်ပန်းပါတယ်။ လာကြည့်ရင်ပရိသတ်တွေသိမှာပါ။ ကျွန်တော်ဘယ်လောက် ကြိုးစားပြီး ရုန်းကန်ထားရလဲဆိုတာကိုပေါ့။ ကျွန်တော့်စေတနာ ပရိသတ်တွေ အပေါ် ဘယ်လိုထားလဲဆိုတာသိကြ ရမှာပါ” လို့ ဟန်ဇာမိုးဝင်းကပြော ပြပါတယ်။

စံပြသဘင်ရဲ့ ပရိသတ်တွေ ကတော့ ဟန်ဇာမိုးဝင်းရဲ့ဘေးမှာ အမြဲဝန်းရံနေကြတဲ့သူတွေပါပဲ။ သူ တို့တွေအတွက်လည်း ဟန်ဇာမိုး ဝင်းက အနုပညာနဲ့ပတ်သက်လို့ အ စွမ်းကုန် ကြိုးစားနေတာပဲဖြစ်ပါ တယ်။ ပရိသတ်တွေအပေါ်သူပြော ချင်တဲ့စကားကိုလည်း…

”ကျွန်တော်တို့ကို မျိုးရိုးစဉ် ဆက် အားပေးခဲ့တဲ့သူတွေရှိတယ်။ ကျွန်တော်တို့လက်ထက်ရောက်မှ အားပေးခဲ့တဲ့သူတွေရှိတယ်။ မောင် နှမသုံးယောက်လုံးကို ချစ်ပြီး အား ပေးကြတဲ့ ပရိသတ်တွေရှိတယ်။ ဒါ မှမဟုတ် ကျွန်တော့်တစ်ယောက် တည်းကိုပဲ ချစ်လို့အားပေးခဲ့တဲ့သူ တွေလည်းရှိတယ်။ စံပြပရိသတ်က မျိုးစုံသောအားပေးမှုတွေနဲ့ အားပေး ခဲ့တယ်။ အဲဒီအတွက် နှစ်ပေါင်း များစွာလည်း ကျွန်တော်တို့ ရပ် တည်နိုင်ခဲ့တယ်။ အရင်တုန်းက တော့ မောင်နှမသုံးယောက်အားနဲ့ တစ်ဖွဲ့ပေါ့။ အခုကတော့ တစ် ယောက်တည်းအားနဲ့ တစ်ဖွဲ့ပေါ့။တစ်ယောက်တည်းနဲ့ သုံးယောက် အားပေါ့။ ကျွန်တော်ပိုကြိုးစားထား ပါတယ်။ ကဏ္ဍအသီးသီးတွေမှာ အသစ်တွေကို လုပ်ထားပါတယ်။ ပရိသတ်ကိုချစ်လို့ ပရိသတ် စေတနာ ကို ကျွန်တော်တန်ဖိုးထားလို့ပါ” လို့ ဟန်ဇာမိုးဝင်းကပြောပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*