နာဂတောပန်းကလေးနှင့်ဥယျာဉ်မှူး၏ပီတိ

နာဂတောပန်းကလေးနှင့်ဥယျာဉ်မှူး၏ပီတိ
February 22, 2019 Asian Fame
နာဂတောပန်းကလေးနှင့်ဥယျာဉ်မှူး၏ပီတိ

သူ့ နာမည် လှိုင်စေထောင်းဖြစ် သည်။ သူ့ရွာက မတော်ရီရွာဖြစ် သည်။ အဓိမီရွာ၊ ရှာရှိန်းရွာ၊ လတ် တဲရွာ၊ မတော်ရီရွာများသည် မကူရီ နာဂသွေးချင်းများ နေထိုင်ကြသော ရွာများဖြစ်သည်။ မြန်မာ-အိန္ဒိယ နယ်စပ်၊ နန်းသလပ်ချောင်းဖျားဒေ သခွင်၊ စာရာမေတိအောင်ခြေ၊ တောင်စွယ်တောင်လမ်းများပေါ် တွင် ရစ်ခွေကာ ရွာတည်နေထိုင်ကြ သည်။

နယ်စပ်ဒေသ နာဂကျေးရွာများ မှ ကျောင်းနေရွယ်ကလေးများသည် အိန္ဒိယဘက် နာဂရွာအချို့တွင် ပညာသင်ကြားလိုသဖြင့် နာဂအိမ် များ၌ အိမ်အကူလုပ်၍ အိမ်ရှင်က ထမင်းကျွေး၊ ကျောင်းထားပေးသည်။ ထင်းခွေ၊ ထင်းခွဲ၊ ရေခပ်၊ အိုးခွက် ဆေး၊ ကလေးကူထိန်းအလုပ်များ လုပ်ပေးရသည်။

နာဂလူငယ်လေး လှိုင်စေ ထောင်းသည် နာဂအိမ်တစ်အိမ်၌ အလုပ်ရသည်။ ကျောင်းထားပေးမည် ဟုဆိုသည်။ သို့ရာတွင် တစ်နှစ်ကြာ သည်ထိ ကျောင်းထားမပေးဘဲ၊ အိမ် အကူအလုပ်သာခိုင်းသည် ရွာပြန် ရောက်လျှင် သူ့အဖေက ”မင်းစာ တတ်ခဲ့သလား”မေးသော် မည်သို့ဖြေ ရပါ့မလဲ စာမတတ်ဘဲ ရွာပြန်သွား လျှင် အဖေက ဆူလိမ့်မည်။ ရွာပြန် လို့ မဖြစ်သေးဘူးဟု စဉ်းစားကာ မိုး သောက်ချိန်တွင် ကျောင်းလွယ်အိတ် ကလေးလွယ်၍ ထိုအိမ်ထိုရွာမှ ထွက် လာခဲ့တော့သည်။
မြန်မာဘက်သို့ ရောက်သောအ ခါ လမ်းခရီး၌ ချောင်းတစ်ခုကို ဖြတ် ကျော်ထားသော သစ်သားတံတား တစ်ခုပေါ်သို့ ရောက်လာသည်။ တံ တားအလယ်၌ အမောပြေရပ်ရင်း သူ့သူငယ်ချင်းများ၊ အိမ်အကူအလုပ် နှင့် ကျောင်းတက်နေသော နာဂရွာ များဆီသို့ ငေးမျှော်ကြည့်ရင်း၊ ကျောင်းလွယ်အိတ်ထဲက ဗလာစာ အုပ်ထဲမှာ ကျောင်းစာတစ်လုံးမျှ မရှိ သေးဘူး။ ငါ့ဘဝအတွက် အိပ်မက် လှလှမက်နိုင်တော့မှာ မဟုတ်ဘူးဟု စိတ်ပျက်အားငယ်ကာ ကျောင်းလွယ် အိတ်ကလေးကို ချောင်းရေစီးထဲသို့ ပစ်ချလိုက်တော့သည်။

လမ်းခရီးနာဂရွာတစ်ရွာသို့ ရောက်သောအခါ အိမ်ရှင်အား တစ် ညအိပ်ခွင့်ပြုပါဟု ခွင့်တောင်း၍ မီး ဖိုဘေးမှာ ထိုင်နေစဉ် အိမ်ရှင်နာဂ ကြီးတောင်ယာမှ ပြန်ရောက်လာ သည်။ နာဂကြီးအား သူ့ဘဝအခြေ အနေကို ပြောပြသောအခါ အိမ်ရှင် နာဂကြီးက ”မင်းစိတ်ကူးလွဲနေပြီ” ကျောင်းနေဖို့ အိန္ဒိယဘက်က နာဂ ရွာကို သွားစရာ မလိုတော့ဘူး။ လေ ရှီးမြို့မှာ နာဂမူလတန်းဘော်ဒါ ကျောင်းဖွင့်ထားပြီ။ ဘော်ဒါကျောင်း က ဆရာကြီးကို ပြောပြရင် ကျောင်း အိပ်ကျောင်းစား နေခွင့်ပေးမှာပါဟု ရှင်းပြသောအခါ ပညာငတ်ရှာသော နာဂလူငယ်လေး လှိုင်စေထောင်း၏ ညှိုးလျှလျှ မျက်နှာကလေးမှာ ပြုံးရိပ် သန်းလာပြီး အိပ်မက်လှလှကလေး မက်နိုင်တော့မှာပဲ ဟု စိတ်ဓာတ်အား မာန်တက်လာတော့သည်။ နာဂကြီး က ထမင်းကျွေး၊ ခေါင်ရည်တိုက်၊ ဧည့်ခန်းမီးဖိုဘေးမှာ အိပ်စရာဖျာ ခင်းပေးသည်။

နောက်တစ်နေ့ မိုးသောက်ချိန် တွင် ကြင်နာတတ်သော အိမ်ရှင်နာဂ ကြီးက ထမင်းကျွေး ခေါင်ရည်တိုက်၊ ထမင်းထုပ်ထုပ်ပေးပြီး လေရှီးမြို့ နာ ဂဘော်ဒါကျောင်းသို့ ရောက်အောင် သွားပေတော့မှာကြား၍ လွှတ်လိုက် တော့သည်။

လေရှီးမြို့ နာဂဘော်ဒါကျောင်း ရောက်လျှင် စာသင်ဆောင်၊ အိပ် ဆောင်၊ ထမင်းချက်ဆောင်၊ ထမင်း စားဆောင်၊ ဆန်ဂိုထောင်နှင့် ဘော် လီဘောကွင်းတို့ကို ကြည့်၍ အံ့သြ ဝမ်းသာနေတော့သည်။ မန္တလေးဇာ တိကျောင်းအုပ်ဆရာကြီးက လွယ်ကူ စွာကျောင်းလက်ခံ၍ ဆရာမတစ် ယောက်ခေါ်ပြီး ‘ဆရာမ’ သူ့အရွယ် က နည်းနည်းထွားနေပြီ၊ အချိန်ပိုသင် ပေးပါ နှစ်ဝက်ကျရင် ပထမတန်းကို တန်းကျော်တင်ပေးမယ်ဟု မှာကြား ကာ နာဂတောပန်းကလေးအား ပညာ ဥယျာဉ်မှူးဆရာမကလေးလက် သို့ ယုံကြည်စိတ်ချစွာ လွှဲအပ်လိုက် တော့သည်။

လေရှီးမြို့တွင် ပညာအုပ် တာဝန်နှင့် နာဂဘော်ဒါကျောင်းအုပ် တာဝန်ယူနေသော ဆရာကြီး ဦး အောင်မြင့်သည် တောင်ပေါ်ဆောင်း ရာသီ အအေးဒဏ်မခံနိုင်သဖြင့် ထုံ ရောဂါခေါ် ခြေဆစ်လက်ဆစ်ကိုက် ခဲ့သော ရောဂါဖြစ်လာသည်။ သထုံ ဇာတိ ဆရာဝန်ကြီးက ဆေးရုံဝင်း သူ့အဆောင်မှာ ခေါ်အိပ်ခိုင်းပြီး ညီ နောင်ရင်းပမာ ဂရုစိုက်၍ ပြုစုကုသ ပေးရှာသည်။ နွေကျောင်းပိတ်တောင် ပေါ်မှ ချင်းတွင်းဆိပ်ကမ်းထမာန်သီ ရွာသို့ နာဂကြီးလေးယောက်ထမ်း သော နာဂဝေါခေါ် ဝါးထမ်းစင်မြင့် ထမ်း၍ ညအိပ်ခြေလျင် ဆင်းရသည်။ နောက်တစ်နေ့ ထမာန်သီရွာတွင် နေပူရှိန်ကလေးရလာသဖြင့် ဝေဒနာ အနည်းငယ်သက်သာပြီး တောင်ဝှေး နဲ့ လမ်းလျှောက်နိုင်လာသည်။

ထမာန်သီမှ ခန္တီးသို့ မော်တော် ရေယာဉ်ဖြင့် ရေမိုင် ၇ဝ ညအိပ်ခရီး ဆန်တက်ခဲ့ပြီး နောက်တစ်နေ့တွင် ခန္တီးမှ မန္တလေးသို့ လိုက်ပါခဲ့သည်။ မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူ သည်။ ဝေဒနာသက်သာ၍ ဌာနတာ ဝန်ဖြင့် ဝန်ကြီးရုံးပညာရေးဌာန ဒု ဝန်ကြီး ဒေါက်တာညီညီအား ဝင် တွေ့ပြီး အကျိုးအကြောင်း ပြောပြ ရာ နေရာလပ်ရှိသော ခန္တီးမြို့နယ် သို့ ပြောင်းရွှေ့ပေးသည်။

ခန္တီးမြို့နယ်တွင် တာဝန်ထမ်း ဆောင်နေစဉ် လဟယ်မြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် မြို့နယ်ကောင် စီဥက္ကဋ္ဌ ဦးတင်ကိုတို့ စာရေးသူတည်း ခိုအိမ်သို့ ရောက်လာပြီး ဆရာဦး အောင်မြင့် လဟယ်မြို့နယ် ပညာ အုပ်နေရာလစ်လပ်နေတယ်။ ဆရာ တောင်ပေါ်တက်ခဲ့ပါဗျာ၊ ဆရာအ တွက် ဆောင်းပါးရေးစရာ နာဂရိုးရာ ယဉ်ကျေးမှုဓလေ့စာကုန်ကျမ်းတွေ အများကြီးရှိပါတယ်ဟု စည်းရုံးပြော ဆိုသည်ကို ခေါင်းညိမ့်မိသဖြင့် လျှောက်လွှာမတင်လိုက်ရဘဲ လဟယ်မြို့နယ်သို့ ပြောင်းရွှေ့မိန့် ထွက်လာတော့သည်။

တစ်နေ့သောအခါ ခန္တီးတစ် ဖက်ကမ်းရွာမှ လဟယ်တောင်ပေါ် သို့ အတက်ခရီး နုန်းဇလိမ်ချောင်းမှ ဖြတ်ကျော်၍ ထိန်ညိုတောင်ပြတ် လမ်းတွင်နောက်မှ ဆရာကြီးဟု ခေါ် သံကြားသဖြင့် လှည့်ကြည့်ရာ စစ် အင်္ကျီပုခုံးမှာ တပ်ကြပ်အရစ် နှစ်ရစ် ဖြင့် စစ်သားလူငယ်တွေ့ရပြီး အံ့သြ ဝမ်းသာလျှက် ”မင်း – လှိုင်စေထောင်း မဟုတ်လား”မေးရာ ”ဟုတ်ပါတယ် ဆရာကြီး”ဖြေသည်။ ညအိပ်တည်း ခိုမည့် နာဂရွာအပြင်ရှိ တည်းစခန်း သို့ရောက်သောအခါ ထမင်းချက် နာဂလူငယ်လေး လှိုင်စေထောင်းက စာရေးသူအား ကြက်ဥပြုတ်နှစ်လုံး လာပို့ပြီး ”ဆရာကြီး စားပါ”ဟု ပေး ရှာသည်။

တတ်သမျှ အတန်းပညာကလေး ဖြင့် နာဂတောင်တန်းရှေ့တန်းစစ် ကြောင်းတွင် အမိနိုင်ငံ၏ တာဝန်ကို ထမ်းဆောင်နေသော နာဂတောပန်း ကလေးကို မြင်တွေ့ရသောအခါ ဥယျာဉ်မှူး၏ ရင်ဝယ်ပီတိလှိုင်းက လေးများ လှုပ်ခပ်ဖြာဝေလျှက် ရှိပါ တော့သည်။

မောင်ကြော့ဦး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*