Myanmar Idol Season – 4 မှာ အဆိုတော် တင်ဇာမော် ဒိုင်အဖြစ် ပါဝင်ဦးမှာလား

Myanmar Idol Season – 4 မှာ အဆိုတော် တင်ဇာမော် ဒိုင်အဖြစ် ပါဝင်ဦးမှာလား
February 15, 2019 Asian Fame
Myanmar Idol Season – 4 မှာ အဆိုတော် တင်ဇာမော် ဒိုင်အဖြစ် ပါဝင်ဦးမှာလား

ပရိသတ်ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ အဆိုတော် တင်ဇာမော် ကတော့ လက်ရှိမှာလည်း အနုပညာ အလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပြီး လက်ရှိမှာလည်း ရှစ်ခွေမြောက်တေး စီးရီးထွက်ရှိဖို့ စီစဉ်နေသူပါ။ သူက တော့ Myanmar Idol သီချင်းဆို ပြိုင်ပွဲမှာလည်း နှစ်နှစ်ဆက်တိုက် ဒိုင် အဖြစ်ပါဝင်ခဲ့သူပါ။ Myanmar Idol Season – 4 မှာလည်း ဒိုင်အဖြစ် ပါဝင်ဖြစ်ဦးမှာလားလို့ မေးမြန်းဖြစ် ခဲ့ပါတယ်။

” Myanmar Idol Season 4 ကြော်ငြာတွေပါတယ်။ အစ်မက တော့ ဘာမှမသိသေးပါဘူး။ ပြောလို့ လည်း မရသေးဘူးပေါ့။ သူတို့က တော့ စပြီကြေညာပြီပေါ့။ မေးကြပါ တယ် ဒီနှစ်လည်း ဒိုင်လုပ်မလားပေါ့။ တကယ် တရားဝင်ကြေညာတဲ့အချိန် မှာ ဘယ်သူတွေပါလဲဆိုတာ သိရမှာ ပေါ့။ အစ်မကတော့ပါမယ်လို့လည်း ပြောလို့မရဘူး။ မပါဘူးလို့လည်း ပြောလို့မရဘူး။ အခြေအနေတစ်ခု က အမျိုးမျိုး ပြောင်းလဲသွားနိုင် တယ်။ အဲဒါကြောင့် အစ်မမပြော သေးတာပါ” လို့ ပြောပြခဲ့ပါတယ်။

သူကတော့ ပြည်ပမှာ မိသားစု နဲ့အတူ သွားနေဖြစ်သလို မြန်မာ နိုင်ငံမှာလည်း အနုပညာ အလုပ် တွေ လုပ်ကိုင်နေသူပါ။ အတတ်နိုင် ဆုံး သံယောဇဉ် ဖြတ်ထားရတယ်လို့ ပြောလာတဲ့ အဆိုတော် တင်ဇာမော် က …

”အစ်မက အတတ်နိုင်ဆုံး သံ ယောဇဉ်ဖြတ်ရတယ်။ ကိုယ့်ကိုယ် ကိုယ် သေပြီလိုအမြဲမှတ်တယ်။ နေ့ တိုင်းက သေမယ့်ရက်ကို ဖြတ်သန်း တယ်လို့ မှတ်တယ်။ မြန်မာပြည်ကို လွမ်းရင်လည် သေသွားရင် လွမ်းနိုင် ဦးလား။ မိသားစုကို လွမ်းရင်လည်း သေသွားရင် လွမ်းနိုင်ဦးမှာလားပေါ့။ အဲဒါ ကိုယ့်ကိုယ်ကိုယ် သေပြီသာ မှတ်လိုက်တော့။ အဲဒီလိုဆိုတော့ အရာရာအားလုံးက အေးချမ်းပြီး ငြိမ်းချမ်းသွားတာဘဲလေ။ ရောက် တဲ့နေရာမှာတော့ အကောင်းဆုံးဖြစ် အောင် လုပ်မယ် ကြိုးစားမယ်။ အချိန်တိုင်းပေါ့။ လုပ်ခွင့်ရနေ သရွေ့တော့ အကောင်းဆုံး ဖြစ် အောင် ဖြတ်သန်းပါတယ်”လို့ လည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*