ရွှေမှုန်ရတီအတွက်သီချင်းတွေ ထပ်လုပ် ပေးဖို့ရှိတယ်ရွှေထူး

ရွှေမှုန်ရတီအတွက်သီချင်းတွေ ထပ်လုပ် ပေးဖို့ရှိတယ်ရွှေထူး
February 15, 2019 Asian Fame
ရွှေမှုန်ရတီအတွက်သီချင်းတွေ ထပ်လုပ် ပေးဖို့ရှိတယ်ရွှေထူး

ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး အဆိုတော်တွေနဲ့ မြန်မာနိုင်ငံရဲ့ အကျော် ကြားဆုံး အဆိုတော်တွေ တီထွင်ဖန်တီးမယ့် “Shake the World” ဆိုတဲ့ အစီအစဉ်ကြီးကိုဲဥဥဌ ကာရာအိုကေမှ တရားဝင်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါ တယ်။ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး အဆိုတော်နဲ့အတူ ပေါင်းဖက်သီဆိုမယ့်သူ တွေထဲမှာ အဆိုတော်ရွှေထူးလည်း ပါဝင်ခဲ့ပါတယ်။ “Shake the World” ပွဲအတွက် ဘယ်လိုကြိုတင် ပြင်ဆင်မှုတွေ လုပ်နေပြီလဲလို့ မေးကြည့်တဲ့အခါမှာ တော့ ရွှေထူးက –

”ကျွန်တော်က ဒီထဲမှာ ပါဝင်ရတဲ့အပိုင်းက သူတို့ဒီယိုးဒယားက အဆို တော်တွေနဲ့ မြန်မာနိုင်ငံက အဆို တော်နဲ့ပေါင်းပြီး လုပ်ကြတယ်။ ကျွန်တော်တွဲ ဆိုရမယ့်သူကလည်း အရည်အချင်းတော်တော်ရှိမယ့်ပုံပဲဗျ။ သူနဲ့အတူ သီချင်း လုပ်ရမယ့်အတွက် ဝမ်းသာတယ်။ သီချင်း ကတော့ အခုထိ မလုပ်ရသေးဘူး။ သူနဲ့လည်း မဆုံရသေးတော့ အဲ့ဒါတွေ မတိုင်ပင်ရသေးဘူး။ သူလည်း သူ သီချင်းလုပ်ချင်တဲ့ပုံစံလေးတွေပြမယ်။ ကျွန်တော်ကလည်း ကျွန်တော် ဖြစ် ချင်တဲ့ ပုံစံလေးတွေပြောရင်း အရင်ဆုံး အွန်လိုင်းကနေ ညှိကြမယ်။ အဆင် ပြေသွားပြီဆိုရင် ကျွန်တော်တို့ ၃ ရက်လောက် ဘန်ကောက်ကိုသွားပြီး သုံးရက် လောက် သီချင်းသွားသွင်းရမှာပေါ့နော်။ ကျွန်တော့်အနေနဲ့ကတော့ သူ့လိုင်းနဲ့ ကိုယ့်လိုင်းနဲ့ကလည်း တူတဲ့အတွက် ကျွန်တော်နှစ်ယောက်ပုံစံလေးပဲပေါ့။ မိန်းကလေး အကြိုက်ပုံစံလေးပဲ ဖန်တီးဖြစ်မယ်ထင်ပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်ကို ပြောတာပေါ့နော်။ သူ့အနေနဲ့ကတော့ ဘယ်လိုမြူးဇစ်ပုံစံ တွေ လာဦးမလဲဆိုတာ ကျွန်တော် မသိသေးဘူး။ ဒါကတော့ အခု ဘာမှမဟုတ် ဘဲ ဒီလို နိုင်ငံခြားကသူတွေနဲ့ သီချင်းလုပ်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာ မိပါတယ်။ နောက်ပိုင်းတွေလည်း အခွင့်အရေးရရင် ရသလို လုပ်သွားဖို့ရှိပါ တယ်”လို့ ပြောပါတယ်။

ဇနီးဖြစ်သူ ရွှေမှုံရတီအတွက် သီချင်းရေးပေးထားတဲ့ ”အမှား” သီချင်း ကလည်း အားပေးတဲ့သူများခဲ့တဲ့အပေါ် ရွှေမှုံရတီအတွက် နောက်ထပ်သီချင်း တွေ လုပ်ပေးသွားဖို့ အစီအစဉ်ရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ ရွှေထူးက…

”သူ့ကို သီချင်းထပ် ပြီးလုပ်ဖို့ တိုင်ပင်ထားတာတွေရှိပါတယ်။ ဒါပေမဲ့ သူက Professional က သရုပ်ဆောင်ပိုင်းဖြစ်နေတော့ သီချင်းဆိုခဲ့တာကလည်း ကျွန်တော့် အမျိုးသမီးပင်ပန်းလို့ အိမ်ပြန်လာတဲ့အချိန် နားထောင်ဖို့ လုပ်ပေး ဖြစ်တာပါ။ နောက်ထပ်လည်း သူ့ကို ဖန်တီးမှုအသစ်တွေလုပ်ပေးဖို့ရှိပါတယ်။ ဒါပေမဲ့ အခုတော့ ပြောပြမယ့်အချိန် စောနေသေးလို့ပါ။ အချိန်တန်ရင်တော့ ပြောပြမှာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*