တစ်ကိုယ်တော် အခွေထွက်မှာလား Music Streaming နဲ့ပဲ သွားမှာလား Oasix

တစ်ကိုယ်တော် အခွေထွက်မှာလား Music Streaming နဲ့ပဲ သွားမှာလား Oasix
February 15, 2019 Asian Fame
တစ်ကိုယ်တော် အခွေထွက်မှာလား Music Streaming နဲ့ပဲ သွားမှာလား Oasix

သီချင်းအသစ်တွေဖန်တီးထားတာများစွာရှိနေပြီဖြစ်ပြီး တစ်ကိုယ် တော်အခွေအနေနဲ့ သွားမှာလား၊ Streaming အနေနဲ့သွားမှာ လားဆို တာ ဝေခွဲရခက်နေတဲ့ ဟစ်ဟော့ပ်အ ဆိုတော် Oasix က သူကြုံနေရတဲ့အ ခက်အခဲကို အခုလိုပြောပြခဲ့ပါတယ်။

”ပျော်ရဲ့လားပြီးသွားရင် သီချင်းတွေက တောက်လျှောက် လာဦးမှာ။ လုပ်သွားမှာဆိုတော့ Streaming အနေနဲ့လည်း ဖြန့်မယ်။ အခွေအနေနဲ့လည်း တည်လို့ရအောင် ကျွန်တော်လုပ်နေတယ်။ ကျွန်တော့် လက်ထဲမှာ သီချင်းတွေကရှိတယ်။ အဓိက ပြဿနာက အဲဒါကို စုစည်း ပြီးတော့ ဒီအလုပ်ကြီးကို တကယ် လုပ်လိုက်ရင် အခုဒီအခြေအ နေမှာဆိုရင် ပိုဆိုးတယ်ဗျာ။ လူတွေ က Streaming ပဲနားထောင် တော့တာ။ ပြီးကျတော့ ကျွန်တော်တို့ Audio CD တို့ဘာတို့ သိမ်းထား တယ်ဆိုတာ ကျွန်တော်တို့ ဒီဖက် ပိုင်းမှာ သိပ်မရှိတော့ဘူးဗျာ။ သိပ်ပြီး တော့လည်း တန်ဖိုးမထားကြတော့ ဘူး။ အဓိကက MP3 တစ်ပုဒ် လောက်ပဲ။ 3 MB လောက်ကို ဖုန်းထဲထည့်ထားမယ်။ အဲဒီ လောက်ပဲဖြစ်သွားတာပေါ့။ အဲဒီ ကျတော့ ကျွန်တော့်အနေနဲ့ကလည်း အဲဒီအတိုင်းမသွားဘဲနဲ့ Streaming အနေနဲ့ သွားကြည့်ချင်တယ်။ အဲဒါကိုမှ ကျွန်တော့်ကို အခွေမထွက် သေးဘူးလား ဘာညာပြောမယ့်အစား သီချင်းအသစ်က ဘာထွက်လာလဲ။ ကျန်တဲ့ Artists တွေဆိုရင်လည်း အဲဒီလိုမျိုး စောင့်ပြီးတော့ Supporting လုပ်တာပိုကောင်းမယ် လို့ထင်တယ်။ တစ်ပုဒ်ထွက်လာရင် တစ်ပုဒ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လွယ်မှမလွယ်တာ။ ဒါကြီးက။ လုပ်ရ တာ တဖြည်းဖြည်းကလေ” လို့ Oasix ထံမှ သိရှိခဲ့ရပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*