မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ အဓိက ရင်ဆိုင်နေရသော စတီရီယို၊ မိုနို ပြဿနာ

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ အဓိက ရင်ဆိုင်နေရသော စတီရီယို၊ မိုနို ပြဿနာ
February 13, 2019 Asian Fame
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ အဓိက ရင်ဆိုင်နေရသော စတီရီယို၊ မိုနို ပြဿနာ

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ လက်ရှိဆောင်ရွက်လျက် ရှိသော အကြောင်းအရာများအား အမှန်အတိုင်းသိရှိစေရန် စာနယ်ဇင်း မီဒီယာများနှင့် ဂီတလောကသား များအား ရှင်းလင်းတင်ပြခြင်းအစီအ စဉ်ကို ဖေဖော်ဝါရီလ ၇ရက်၊ နေ့ခင်း က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တွင် ကျင်းပပြုလုပ်ခဲ့သည်။ အ ဓိက စာနယ်ဇင်း ရှင်းလင်းရသည့် အကြောင်းအရင်းကို မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်အယ်လ်ခွန်းရီက

”သူတို့စွပ်စွဲသလိုမျိုး စတီရီယို တွေက အားနည်းနေတယ်။ မိုနို တွေက အုပ်စိုးနေတယ်ဆိုတာမဟုတ် ပါဘူး။ တကယ်တမ်းအစည်းအဝေး မှာ လာကြည့်မယ်ဆိုလို့ရှိရင် စတီရီယိုအုပ်စုကပဲစွာပြီးတော့တင်ပြနေ တာရှိတယ်။ တကယ်တမ်းက လက် ဖမိုးဖြစ်နေတာကို လက်ဖဝါးဖြစ် နေပါတယ်လို့ သူတို့ပြောတယ်။ တကယ်တမ်းနှုတ်သွက်၊ အာသွက် ပြောတတ်တာက စတီရီယိုအုပ်စုပေါ့။ အန်တီတို့က ပုံမှန်ရိုးရိုးသားသားပဲ ဆိုတော့ ဘာမှတွေ့ဆုံဆွေးနွေးပွဲ လည်းမလိုဘူးလေ။ အားလုံးကိုလိုက် ပြီးရှင်းပြနေစရာမလိုဘူး။ သို့သော် လည်း တကယ် ဗညအင တွေကကျတော့ အကုန်လုံးလိုက်စည်းရုံးပြီးတော့ အမှားကို အမှန်ထင်တဲ့အခါကျတော့ အန်တီတို့ဂီတအစည်းအရုံးကို လာနားမထောင်တဲ့ ဂီတလောကသား တွေအနေနဲ့ အမှားကို အမှန်ထင်သွား မှာစိုးတဲ့အတွက် မဖြစ်တော့ဘူး။ ဂီတလောကသားတွေရော၊ မီဒီယာကိုရော ရှင်းပြမှဖြစ်တော့မယ်ဆို ပြီးတော့ ဒီရှင်းလင်းပွဲလေးလုပ်ဖြစ်သွားတာပါ” ဟုဆိုသည်။

ဂီတလောကသားတစ်ဦးဖြစ်သလို မြန်မာနိုင်ငံဂီတအစည်းအရုံးအတွက် အကြံပေးတစ်ယောက်လည်းဖြစ်သူ ကိုနိုင်ဇော်က ဖြစ်သည့်အကြောင်း အရင်းကို ယခုလိုပြည့်ပြည့်စုံစုံရှင်းပြသည်။

”တကယ်ဖြစ်တဲ့ပြဿနာက ရွေးချယ်တင်မြှောက်ရေးကော်မရှင် ဆိုတာရှိတယ်။ ရွေးချယ် တင်မြှောက်ရေးကော်မရှင်က ပွဲပြီးသွားတဲ့ အချိန်မှာ ဒီဂီတအစည်းအရုံးကို ဆက်သွားတယ်လေ။ ဆက်သွားတဲ့အခါမှာ ကော်မရှင်ကိုဖျက်ရတော့မယ် ဆိုပြီးတော့ ဂီတအစည်းအရုံးက မှတ်တမ်းပြောလိုက်တာပေါ့နော်။ ကော်မရှင်ကကျတော့လည်း ဂီတ အစည်းအရုံးကို တချို့ကိစ္စတွေမှာ သူတို့အနေနဲ့ စိတ်မချဘူး။ မဖျက် ချင်ဘူးပေါ့။ မဖျက်ချင်တဲ့အတွက် ဖျက်သင့်တယ်၊ မဖျက်သင့်ဘူး ညှိရင်း၊ ညှိရင်းနဲ့ နောက်ဆုံးကျတော့ ဝန်ကြီးဆီရောက်သွားတာပေါ့နော်။ အဲဒီတော့ ဂီတအစည်းအရုံးကို ဂီတသမားတွေက အယုံအကြည်မရှိဘူးဆိုတဲ့ အဆိုမျိုး သူတို့က သွားတင်တဲ့အခါကျတော့ ဂီတအစည်းအရုံးကလည်း သူတို့ဘက်က ဂီတသမား တွေထောက်ခံထားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဂီတအစည်းအရုံးက လုံးဝကို ဂီတသမားတွေနောက်ကွယ် မှာရှိတယ်လို့ပြောတယ်။ ဒါပေမဲ့ တစ်ဖက် ကော်မရှင်ဘက်မှာလည်း ဂီတအစည်းအရုံးအပေါ်မှာ သံသယရှိတဲ့ လူမျိုးတွေရှိတဲ့ အခါကျတော့ နှစ်ဖက်စလုံးက မကောင်းဘူးပေါ့။ အဲဒီတော့ ဝန်ကြီးက အားလုံးပြန်ညှိ ကြပါလို့ ပြောလိုက်တယ်လို့ ယူဆ ရတယ်။ အဲဒီအစည်းအဝေးကို ကျွန်တော်မတက်ရဘူး။ အဲဒီလိုဆို တော့ ကော်မရှင်မှာပါတဲ့သူတွေက ဂီတအစည်းအရုံးကို နာမည်ပျက် အောင်လုပ်တယ်ဆိုပြီးတော့ ကော်မ ရှင်ကလူတွေကို ထုတ်မယ်လုပ်တော့ ဟိုဘက်က အထုတ်ခံရတဲ့လူတွေ ကလည်း ဒိတ်ဒိတ်ကြဲဂီတသမားတွေ။ အဲဒီအခါကျတော့ တိုက်ပွဲက ဘယ် လိုပြန်ပြောင်းသွားလဲဆိုတော့ ဂီတ အစည်းအရုံးနဲ့ ကော်မရှင်နဲ့ မဟုတ်ဘဲနဲ့ စတီရီယိုနဲ့ မိုနိုဖြစ်သွားတယ်။ အခုတိုက်ပွဲမှာသွားတဲ့ ကိုကြည်မင်းသိန်းတို့၊ ကိုခင်မောင်ထူးတို့၊ မဟေမာတို့ဆိုတာက စတီရီ ယိုသမားတွေ ဖြစ်တာကိုး။ ဖြစ်တဲ့အခါကျတော့ မိုနိုနဲ့ စတီရီယိုတိုက်ပွဲလို ဖြစ်သွားတာပေါ့။ တိုက်ပွဲက အရမ်းကျယ်ပြန့်သွားတဲ့ အခါကျတော့ သွေးကွဲသွားတာပေါ့” ဟုပြောပြခဲ့သည်။

မျိုးမောင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*