နွေနှောင်းဝသန် အိမ်ပြန်ခရီး

နွေနှောင်းဝသန် အိမ်ပြန်ခရီး
February 7, 2019 Asian Fame
နွေနှောင်းဝသန် အိမ်ပြန်ခရီး

နှောင်းနွေသန်လု စက်ရာသီမှာ
လေယူဆောင်နှင်း မြေသီသင်းနဲ့သာ
စိန်ခြူးအုံကြွ ကြာညောင်သဉ္စာ
ပန်းကြဲ . . တဲ့ . .ဖဲမွေ့ယာမှာ
မယ့်ကိုယ်စား မွှေးမြလေသလား . . (နွေနှောင်းဝသန် သီချင်းတစ်စ)

(လရောင်ဝင်းလဲ့ တောတောင်ကြား) မြေသင်းနံ့သင်းသင်းလေး။ ပန်းကြဲ အိညက်ခင်းလွှာ၊ စိန်ခြူးရုပ်ဆင် ကု တင်စက်ရာဆီက လေဆောင်လွင့်ပါ လာတဲ့ သက်လျာဓာတုရဲ့ ကိုယ်သင်း နံ့များလေလား . . .

(ကျွန်တော့်အသက် ၂၅ နှစ် အရွယ်တုန်းကများ) နွေနှောင်းဝသန် သီချင်း နားထောင်မိတိုင်း အဲဒီနေ ရာလေးမှာ စက်ရုပ်အလွမ်းစိတ်နဲ့ ဘာသာပြန်မိတယ်။ နွေအခွာ မိုးအ ကူး။ တောတောင်တစ်ကြော လေ ညှင်းလေးကမြူး။ နွေရာသီ သဘာဝ မီးလောင်မြေမှာ မိုးပြေးကလေး ဖျန်းထားတော့ မြေသင်းနံ့တွေက တတောလုံးကြိုင်။ (နွေကျန်ည လရောင်က တောအထပ်ထပ် တောင်အသွယ်သွယ် ပျံ့နှံ့လို့ နေ တော့တယ်။)

ဒီနွေနှောင်း ညရုပ်ဝန်းကျင်ရဲ့ ကြည်စားလှုပ်ခါမှုခံရပြီး မာယာရာ သီပြကွက်မိသူ စာဆိုစစ်သည်ဟာ မတင်းနိုင်၊ မတောင့်နိုင် ခွေယိုင်လို့ လွမ်းပါပေါ့။ တောင်ယံတောတန်း စစ်စခန်းကနေ ကြင်ယာအိပ်ခန်း ကြိုင်လျှမ်းနံ့သာ ချစ်သူရွာသို့။ ၁၉၇၁ ခုနှစ်၊ ကျွန်တော်တို့ ပညာ ရေးတက္ကသိုလ်စရောက်တော့ နဝဒေးဆောင်မှာ နေရတယ်။ အဆောင်ရှေ့ ငုဝါပင်ကြီးက ကြွေ တချို့ပွင့်တဖြာ။ မေလကုန် ဇွန်လ ဆန်းမို့ နွေခွာသွားတာ မကြာသေး ဘူး။ သူ့ခြေရာ လက်ရာတွေ ထင် တုန်း။ မိုးမရွာရင် အခွင့်ရတာနဲ့ ပူ ပြနေသေးတယ်။ အိမ်ပြန်ကြတော့ မယ့် ငုဝါပွင့်တွေက နှုတ်ဆက်နေကြ။ ရွှန်းလက်နီရဲ စိန်ပန်းတွေ မိုးရေရလို့ ပွင့်နှင့်နေကြပြီ။ ဖွင့်ခါစ တက္ကသိုလ် ကျောင်းတွေကိုများ တမင်ကြိုနေသ လားမသိပါ။ ဟိုးတစ်ချိန်က ဒီလို ရာသီ တောတောင်တစ်နေရာ စစ် စခန်းရောက်စစ်သည်စာဆို နတ်ရှင် နောင်ဟာ သူ့အလွမ်းကို ‘နွေနှောင်း ဝသန်’ဆိုတဲ့ စကားလုံးနဲ့ မြန်မာစာ၊ မြန်မာဂီတလောကအတွက် ကိုယ် စားပြု ဖွဲ့ဆိုထားရစ်ခဲ့ပေါ့။ မြန်မာ သံစဉ် ဂီတနံရံမှာ စူးစူးနစ်နစ် မြှုပ် ရစ်ခဲ့ပြီ။

လူငယ်ရေးရာ ညကျောင်းသား ဘဝနဲ့ တိုင်ပတ်နေခဲ့တဲ့ ကျွန်တော့် တက္ကသိုလ်ကြိုကာလ ပညာရေးခရီး ကွေ့ကောက်လို့လားမသိပါ။ တက္က သိုလ်ရောက်ခါစအထိ ပီပြင်တဲ့ ဝါသ နာမပါလာခဲ့ပါ။ ကျောင်းသားသစ် လွင်တွေဘဝနဲ့ နှစ်လသုံးလရှိလို့ နေသားကျတော့ အချိန်ပိုရင် ဝါသ နာတစ်ခုခုနောက် လိုက်ကြပြီ။ တောင်ပေါ်တောသား ကျွန်တော် ငွေကုန်အနည်းဆုံး ‘စာသမားလမ်း’ ဆီ မသိမသာ ရောက်တယ်။ ရှေ့က ရောက်နှင့်တဲ့ နောင်တော်စာသမား တွေနဲ့ ယှက်နွယ်နိုင်အောင် ကြိုးစား နေချိန်။ ကျောင်းမှာ စာဆိုတော်နေ့ ကျင်းပတော့ အတန်းကြီး စာပေအနု ပညာသမားတွေက ဦးဆောင်တယ်။ ပါချုပ်ဗိုလ်ကြီး စံမြင့်ကလည်း ပတ္တ လားကို ပျံနေအောင်တီးပြပြီး အား ပေးတယ်။ ပွဲမှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ချဉ်ပေါင်ရွက် သည် မောင်မှိုင်းဝတ္တုကို မြင်းခြံ ကိုကျော် ကျော်ခိုင် ဇာတ်ညွှန်းရေးပြီး ပြဇာတ် ကကြတော့ အညာက ကိုဝင်းအောင်၊ အီးမေဂျာကိုမြင့်ဆွေ (BBC ဦး မောင်မောင်သန်း) မြင်းခြံကိုညီညီ ဖေ (ဘန်ကောက်တက္ကသိုလ် ကထိ က)တို့နဲ့အတူ ကျွန်တော်လည်း ဇာတ်ရုပ်တစ်နေရာပါဝင်။ ‘ဝတ္တုဂုဏ် ရှိန်’ကြီးသလောက် ကိုဝင်းအောင်တို့၊ ကိုညီညီဖေတို့၊ ကိုမြင့်ဆွေတို့ ဆိုင် ရာကဏ္ဍကနေ သရုပ်ဆောင်ကောင်း လိုက်ကြတာဗျာ။ အငြိမ့်ခန်းတို့ နှစ် ပါးသွားတို့၊ အကခန်းမှာလည်း မန္တ လေးကိုဖုန်းဆွေ၊ မရီရီမြင့်တို့၊ မလဲ့ လဲ့ကြည်တို့ရဲ့ ကကွက်တွေက မင်းသား၊ မင်းသမီးအစစ်တွေ မနာ လိုလောက်အောင်ကို အနုပညာ မြောက်ကြတော့ သိပ်ကောင်းတဲ့ပွဲ ပါ။ ကျွန်တော်နဲ့အတန်းတူ မမြင့်မြင့် ကြည်၊ မအေးမြစန်းကြည်တို့လည်း ရေအိုးရွက်အညာသူပုံနဲ့ပါကြ။

ပညာရေးတက္ကသိုလ် အားက စားရုံကြီး ပွင့်အံလျှံကျနေတာတောင် ပွဲရဲ့ ‘အနုပညာမှော်’ဆွဲအားဟာ တစ်ရုံလုံးကို ငြိမ်စေတယ်။ ရုံအပြင် က လျှံကျ ပရိသတ်တွေကလည်း အတူလာသူငယ်ချင်းတွေမေ့၊ သူတ ခြားကိုယ်တခြား ခြေဖျားတထောက် ထောက်၊ လည်တမော့မော့နဲ့ ပွဲအ ညှို့မှာ အားလုံးရစ်ပါကြ။ အဲဒီမှာ ကျွန်တော် သတိထားမိတာက ဂီတနဲ့ အနုပညာရဲ့ ကြီးမားကျယ်ဝေးစွမ်း အင်။

တက္ကသိုလ်ဆိုတာ အနည်းဆုံး တော့ မိမိအနာဂတ်အတွက် နေရာ ရွေးချယ်ချထားခွင့်ရနေရာ။ အကောင်းဆုံး ပြင်ဆင်ခွင့်၊ ပြင်ဆင် ချိန်ရတဲ့နေရာဆိုတာ သထိထားဖို့ လိုအပ်လှပါတယ်။ ပင်မအနေနဲ့က တော့ ကျောင်းဆင်းရင် အလုပ်က လေးနဲ့ဟုတ်ပြီ။ ဝါသနာဆိုတာက တော့ မိမိစိတ်နဲ့ နီးစပ်ရာ အမောဖြေ ရာ အလုပ်တစ်မျိုးမျိုး ရှိသင့်တာမို့ သူများတွေ သန်ရာရွေးချယ်ကြ တော့ ကျွန်တော်နဲ့အနီးစပ်ဆုံးက လှည်းတန်းစာအုပ်အဟောင်းတန်း။ အရင်ဆုံး မှတ်မိတာက ဆရာ ဒဂုန် တာရာ ဘာသာပြန် မူးယစ်ဝေသော နွေဦးညများ စာအုပ်ပါ။ နောက်ပိုင်း ဆရာ့စာအုပ်တွေ နိုင်သမျှ ဖတ်ဖြစ် တယ်။ သိပ်မကြာခင် ဗန်းမော်တင် အောင်ရေးတဲ့ သဘာဝသိပ္ပံ စာအုပ် ဝယ်ဖြစ်တယ်။ နောက် ဒေါက်တာရေ ချမ်းတို့ ဘာတို့။

အဆောင်မှာ နှစ်ကုန်ရက် ညစာစားပွဲလုပ်တော့ ကျောင်းမှာ ထင်ရှားတဲ့ စောင်းသမား (အခုနိုင် ငံကျော် ပန်းချီကိုကျော်သောင်း)တို့ လယ်ကွက်ပုဆိုးတွေဝတ်ပြီး အငြိမ့် ကကြတယ်။ မင်းသမီးလည်းပါတော့ အဆောင်သားတွေ တရုန်းရုန်း။ မလဲ့ လဲ့ကြည်အလှည့်ရောက်ရင်တော့ ကိုဝင်းကို (အခုညွှန်မှူး (ငြိမ်း))တစ် ယောက် စကားမပြောအားဘူး။ ကိုကျော်သောင်းကလည်း စင်ပေါ်က နေ မျက်စိတွေက ဟိုရှာဒီရှာ။ မရီရီ ပြုံးက တစ်ခါတလေ ပုန်းနေတယ် ထင်ပါရဲ့။ အဲဒီပွဲမှာ ကျွန်တော့်ကို ‘ဆုတ်နယ်’သွားတာကတော့ အဆောင်မှူး ဦးလှိုင်ရဲ့သူငယ်ချင်း နိုင်ငံကျော် အဆိုတော် ကိုအံ့ကြီးရဲ့ စစ်ကိုင်းတို့၊ ရွှေမင်းဂံတို့ ဝေ့ဝေ့ဝဲဝဲ ‘တေးဂီတ’သံတွေပါ။
အဆောင်မှာက မြန်မာဂီတာ တီးတဲ့ ကျွန်တော်တို့ ပထဝီဆရာ ဦးမင်းထွေးနောင်ရှိတယ်။ ဥက္ကံက မယ်ဒလင်ကိုမြင့်ဆွေ၊ တိုက်ကြီးက တယောကိုဝင်းနိုင်၊ ပျဉ်းမနား တယောကိုတင်အောင်၊ အတန်းဖော် မွန်မင်းကျော်ဝေ ဒုံမင်း၊ သူတို့လက် သံတွေက စင်ပေါ်အဆင့်တွေ။ ကျွန်တော်အားတိုင်း သူတို့ဂီတသံ တွေမှာ နားနေတယ်။ ဒါပေမဲ့ ကျောင်းနှစ်ကုန်တဲ့အထိ ကျွန်တော် လေချွတ်တောင် မတတ်ခဲ့ဘူး။ ကျောင်းဆရာဘဝနဲ့ နယ်တွေ ရောက်။ ခရီးဖော်က မော်ထိန်း(၁)ဘဝနဲ့ ကျောက်ဆည်တက္ကသိုလ် ရောက်တော့ လိုက်နေရင်း အဲဒီမှာ ၁ဝ စုနှစ်ကြာ။

အသက်အရွယ် အိုပယ်ဘဝ ‘ခြောက်ဆယ်ကျော်ခုနှစ်ဆယ်ကြို’ တော့ အိမ်သူသက်ထား ခရီးရှည် ထွက်သွားပြီ။ ၂ဝ၁၁ ခုနှစ်မှာ တစ်ခါ က ကျွန်တော်ကျင်လည်ရာ မိဘသ ဖွယ်၊ မိတ်ဆွေရင်းချာသဖွယ် မဟာ ရန်ကုန်ပြန်ရောက်။ ဝန်းကျင်တိုက် တာတွေ မြင့်မားမိုးမျှော်ပေမယ့် ကိုယ်ပိုင်နေ့ရက်တွေက ခြောက်သွေ့ ပင်ပုတွေ ဘယ်လို ဆက်လက်ရှင် သန်မလဲ။

တစ်ညသားကျတော့ BBC အသံကလားမသိ တယောဦးတင်ရီ ‘ဗျူးခန်း’ကနေ အသက် ၆ဝ ကျော် ရင် တယောထိုးပါလို့ အကြံပြုသံ ကြားရတယ်။ စိတ်ငြိမ်သက်ဖို့အ ကောင်းဆုံးလမ်းဆိုပါတယ်။ တယော ဆိုတာ King of Music ဆို မဟုတ် လား။ တီးလို့ ဖြစ်နိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် အဖော်မဲ့ငေါင်နေတော့ ကြိုးနှစ်ချောင်းရှိ တယောအို တစ်လက်ရလို့ လျှောက်တီးပြီး စိတ် ကိုလွှတ်တယ်။ ကိုင်ပုံပြုပုံကို မြင်ဆ ရာ၊ ကြားဆရာဆီ နည်းနာယူတယ်။ တစ်နှစ်ကြာတော့ အိမ်တွင်းတယော သမားဖြစ်ပြီ။ အနီးစပ်ဆုံးကတော့ သတင်းစာ၊ စာအုပ်ပါပဲ။ ဆရာဒဂုန် တာရာရဲ့ စာတွေပြန်ဖတ်ဖြစ်တယ်။ ဆရာ့အပေါ် ကြည်ညိုရင်းထားတွေ တိုးတယ်။ စာပေအားသစ်ရတယ်။ ၂ဝ၁၃ ခုနှစ် ဆရာ့မွေးနေ့ပွဲရောက် ပြီး ဂါရဝပြု ကဗျာတစ်ပုဒ်ရေးဖြစ် ရွတ်ဖြစ်တယ်။ (ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ တင်ပြခွင့်ရတော့ သိပ် ပျော်သွားပြီ။) အိုးမင်းရင့်ရော်ကဗျာ ဆရာကြီး ဆရာတာ နွမ်းနယ်ခန္ဓာနဲ့ မှိန်းနေနား နေတုန်းသူရေးခဲ့တဲ့ နွေနှောင်းဝသန် သီချင်းကို ကျွန် တော်တယောနဲ့ ဖွနှိုးခွင့်ရသွား တယ်။ စည်းမညီပေမယ့် ဆရာ့ဂီတ ရပ်ဝန်းဆီ ဖျဖျလေးရောက် ထင်ပါ ရဲ့။ ဆရာ့ အနုပညာမျက်ဝန်း လန်း လာ၊ လက်တွေ လှုပ်လာတယ်။ မဟာကဗျာဆရာကြီးရဲ့ မျက်နှာ ကျက်သရေရှိလိုက်တာဗျာ။ ခဏနေ တော့ ဆရာထက်မြက်၊ ဆရာအံ့ မောင်၊ ဆရာလှကွန့်၊ တေးကဗျာ ဦးချစ်မောင်၊ ဒေါ်တင်တင်ဦးတို့ မြင်မိတော့မှ ကျွန်တော်လန့်ဖြန့် အားနာသွားတယ်။ နောက် အဆို တော် ဒေါ်မာမာအေး ရောက်လာ တော့ ပရိသတ်တွေ အားလုံးငြိမ်၊ အဆိုတော်ကြီးက ငြိမ်းချမ်းရေး တေးနဲ့ ဆရာ့ကို ဂါရဝပြုပြီလေ။

စာသမားတွေ ချစ်ကြတဲ့ဆရာ တာ။ သူ နောက်နှစ်တွေမှာ ရှိမနေ တော့ဘူး။ စိမ်းလက်လဲ့ပျို ရှမ်းရိုးမ တစ်နေရာထင်ရူးပင်ရိပ်ခိုပြီ။ ဆရာ တာ ရုပ်လွှာမရှိတော့ဘူး။ မရှိတော့ ဘူး။ မရှိတော့ဘူး။ မဟာကဗျာကြီး မရှိတော့ဘူး။ မြန်မာသံဂီတနဲ့ စာ ပေနယ်တစ်ကြော နွေနှောင်းဝသန် သီချင်းကိစ္စ (စိတ်ဝင်စားသူများ) ဘာညာဘာညာ ညံနေတယ်။ ဒီနယ် ပယ်မှာ ကျွန်တော်က သုညနီးပါးပေ မယ့် နွေနှောင်းဝသန်သီချင်းကို ချစ် တယ်။ ဆရာတာကို ချစ်ကြည်လေး စားတယ်။ ဒီတိုင်း ကြည့်မနေနိုင်ဘူး ဗျာ။

အဲဒီသီချင်းကိစ္စ ရသမျှခြေရာ ခံတော့ ကျွန်တော်ကိုယ်တိုင် အရင် က မတွေ့ဖူးသေးတဲ့ ‘တေးရေးသူ ကွဲပြားမှု’ ရှိတာတွေ တွေ့ရတယ်။ အရင့်အရင် တခြားသူတွေရဲ့ ဒီသီချင်း ရေးစပ်သူအမည် မတူတာ တွေတွေ့လို့ ကျွန်တော် ၂ဝ၁၄ ခုနှစ် မတ်လမှာ စံတော်ချိန်ကနေ အများ ကို တင်ပြဖြစ်ခဲ့တယ်။ (၉.၃. ၂ဝ၁၄)။ အခု ၄ နှစ်ကြာပြီးမှာတော့ ကျွန်တော် ဆောင်းပါးရဲ့ အခြား တစ်ဖက်ရပ်တည်ချက် အဆိုဆောင်း ပါး ၅ ပုဒ် ဟိုနားဒီနား ဖတ်ရတယ်။ ဒါနဲ့အခု ‘နွေနှောင်းဝသန် အိမ်ပြန် ခရီးဆောင်းပါးကို ရေးရခြင်းပါ’။ တက်သိနားလည်လို့၊ သိရှိနားလည်လို့ မဟုတ်။ တွေ့ရှိခြေရာစာများကို တစ် ဆင့်ဖြစ်ပါတယ်။

အဓိကကိစ္စက နွေနှောင်းဝသန် သီချင်းကို စာသားရော၊ သံစဉ်ပါ ‘သီချင်း’တစ်ခုလုံး (တစ်ပုဒ်မဟုတ်) ကိုစောညိန်း ပြုစုခဲ့တယ်။ ‘နောက် တစ်မျိုးက ဒီသီချင်းကို ဆရာ ဒဂုန် တာရာ စာရေးသားပြီး ဆရာကို စောညိန်းက သံစဉ်ဖော်အပြီး သတ် ခဲ့တယ်’ပါ။ အဲဒီမှာ ကျွန်တော် တော်တော်ခက်သွားတယ်။ ကျွန် တော်တွေ့ရှိတာနဲ့ အခြားတစ်ဖက်ရှိ တင်ပြချက်မတူရာမှာ အဓိက ပုဂ္ဂိုလ် က ကျွန်တော် အင်မတန် လေးစားတဲ့ ဂီတနက်သန် ဆရာဦးအုန်းလွင် ဖြစ်နေပြန်တယ်။ ကျွန်တော်ကြိုက်တဲ့ ‘ကွန်းထောက် ဆောင်’ သီချင်းရေး သူဖြစ်တဲ့အပြင် တခြားဂန္တဝင် မြောက် သီချင်း ၂ဝဝ လောက် ရေး ထားသူနဲ့ ကျွန်တော် ဘယ်လိုလုပ်ပြီး တစ်ဖက်စီ နေရေး ရဲပါ့မလဲ။ ၂ နှစ် ကျော် ကျွန်တော် မေ့ထားပြီးသားပါ။ ခက်တာက အခြားဆောင်းပါးတွေ ထွက်လာတော့လည်း ကျွန်တော် တွေ့ရှိချက်နဲ့ မတူတာများနေပြန် ရော။ ဒါဆို အရင်ကျွန်တော် ရေးခဲ့ တာ မှားနေပြီပေါ့။

ကျွန်တော်ပြန်စဉ်းစားတယ်။ ထပ်ရှာတွေ့တာတွေကလည်း ကျွန်တော် အရေးမမှားခဲ့ ဖြစ်ပြန် ရောဗျာ။ ဒါကြောင့် အားလုံးကို အား နာလျက် တင်ပြအပ်ပါတယ်။ ‘နွေ နှောင်းဝသန် အိမ်ပြန်ခရီး’။

အုန်းကျော်နီ B.Ed

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*