ကြောက်​မက်​ဖွယ်​ရာ ဖန်​တီးမှုတစ်​ခုကို တွေ့ မြင်​ရဦးမယ့်​ လိပ်​ပြာစံအိမ်​ ရုပ်​ရှင်​ဇာတ်​ကား

ကြောက်​မက်​ဖွယ်​ရာ ဖန်​တီးမှုတစ်​ခုကို တွေ့ မြင်​ရဦးမယ့်​ လိပ်​ပြာစံအိမ်​ ရုပ်​ရှင်​ဇာတ်​ကား
February 7, 2019 Asian Fame
ကြောက်​မက်​ဖွယ်​ရာ ဖန်​တီးမှုတစ်​ခုကို တွေ့ မြင်​ရဦးမယ့်​ လိပ်​ပြာစံအိမ်​ ရုပ်​ရှင်​ဇာတ်​ကား
Brave Empire Entertainment (Film Production) က ထုတ်လုပ်ထားတဲ့ လိပ်​ပြာစံအိမ် The Only Mom ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ ကဲJunction City (JCGV) ရုပ်ရှင်​ရုံမှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။အဆိုပါ အထူးပွဲသို့ ရုပ်ရှင်ဇာတ် ကားတွင် ပါဝင်ခဲ့ကြတဲ့ ဒေါင်း၊ ဝတ်မှုန်ရွှေရည်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်၊ တုန်တုန်နှင့် အခြားအနု ပညာရှင်​များလည်း တက်ရောက်ခဲ့ ကြပါတယ်။ From Bangkok To Mandalay ကို ရိုက်​ကူးခဲ့တဲ့ ဒါရိုက်တာ Chartchai Ketnust ရဲ့ ကြောက်မက်ဖွယ်ရာ ဖန်တီးမှုလက် ရာတစ်ခုလည်း ဖြစ်​ပါတယ်​။
 
“ဒီဇာတ်​ကားကို ရေနံချောင်းမြို့မှာ ရိုက်​ကူးထားတာ နှစ်​နှစ်​ရှိပြီ။ တကယ်​ကို ပင်​ပန်းစွာနဲ့ရိုက်​ကူးထားတဲ့ ဇာတ်​ကားကောင်းတစ်​ကားပါ။ ဒီဇာတ်​ကားမှာ မိခင်​တစ်​ယောက်​ရဲ့ မေတ္တာကို မြင်​ရမှာ ဖြစ်​ပါတယ်​။ မြန်​မာပြည်​က မင်းသား၊ မင်းသမီးတွေလည်း သရုပ်​ဆောင်​ကြတာ တအားတော်​ကြပါတယ်​။ ကလေးနေရာကနေ သရုပ်ဆောင်တဲ့ ပြည့်ပြည့်နဲ့ တုန်တုန်ဆိုရင်လည်း တကယ်ကို တော်ပါတယ်။ ဒီဇာတ်ကားမှာ သူတို့ရဲ့ အိုက်တင်ကလည်း အရေး ကြီးတယ်။ ကျွန်တော် သင်ပေးသလို သူတို့တွေ အကောင်းဆုံး လိုက်လုပ် နိုင်တယ်။ နိုင်နိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်လည်း တကယ်ကို သရုပ်ဆောင်ထားတာ ကောင်းပါတယ်။ ဒီဇာတ်​ကားကို ပရိသတ်​အားပေးမှုများရင်​ နောက်​ထပ်​လည်း မြန်​မာပြည်​မှာ ဇာတ်​ကားကောင်းတွေ ထပ်မံရိုက်​ကူးသွားမှာပါ။ From Bangkok To Mandalay ရုပ်​ရှင်​ဇာတ်​ကားလိုမျိုးပဲ ဒီဇာတ်​ကားကို အားပေးကြပါဦး” လို့ ပြောပြခဲ့ပါသေး တယ်​။ လိပ်​ပြာစံအိမ်​ ရုပ်​ရှင်​ဇာတ်​ကားကို ဖေဖော်​ဝါရီလ ၈ ရက်​နေ့မှ စတင်​ကာ မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံ နှစ်​နိုင်​ငံလုံးမှာ တစ်ပြိုင်တည်း ရုံတင်​ပြသတော့မှာ ဖြစ်​ပါတယ်​။
 
ခိုင်​ဝါဝင်း၊ဓာတ်​ပုံ – အောင်​ဇော်​မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*