ကိုယ်​ဘာကြိုက်​လဲ ဆိုတာ ဘ၀မှာ ရှာ​ဖွေဖို့ပါပဲလို့ ဆိုတဲ့ ​ဇော်​၀င်းထွဋ်

ကိုယ်​ဘာကြိုက်​လဲ ဆိုတာ ဘ၀မှာ ရှာ​ဖွေဖို့ပါပဲလို့ ဆိုတဲ့ ​ဇော်​၀င်းထွဋ်
February 7, 2019 Asian Fame Media Group
ကိုယ်​ဘာကြိုက်​လဲ ဆိုတာ ဘ၀မှာ ရှာ​ဖွေဖို့ပါပဲလို့ ဆိုတဲ့ ​ဇော်​၀င်းထွဋ်

ကိုယ်​ယုံကြည်​ရာ ဂီတလမ်းကို ​လျှောက်​ကြမယ့်​ လူငယ်​ဂီတသမား ​တွေအတွက်​ ၀ါရင့်​ဂီတသမားကြီး ဖြစ်​တဲ့ ​ဇော်​၀င်းထွဋ်​က အခုလိုအကြံ​ပေးစကားဆိုပါတယ်​။

“အဓိကက​တော့ ကိုယ်​ဘာကြိုက်​လဲဆိုတာ ဘ၀မှာရှာ​ဖွေဖို့ပါပဲ။ ကျွန်​​တော်​တို့ကလည်း ​ရှေ့မှာ ကိုယ့်​ အ​တွေ့အကြုံအရ ​ပြောတာ​ပေါ့။ ကိုယ်​မလိုချင်​တာ​တွေ၊ ကိုယ်​တကယ်​မကြိုက်​တာ​တွေကို ရှာ​ဖွေရင်းနဲ့ အချိန်​​တွေဖြုန်းခဲ့ကြတာကိုး။ အဲဒီ​တော့ ဘ၀ဟာ တိုတို​လေးဖြစ်​တဲ့ အတွက်​ ဘ၀ကို အရသာရှိရှိသုံး​ဆောင်​ပြီး​တော့ အချိန်​​တွေကို ဖြတ်​သန်းဖို့ပဲ အကြံ​ပေးချင်​ပါတယ်​” လို့ ​ဇော်​၀င်းထွဋ်​ က ​ပြောပါတယ်​။ အခု​ခေတ်​လို နာမည်​ကြီးရင်​ပြီး​ရော၊ ​ပေါ်ပင်​​တွေများတဲ့​ခေတ်​မှာ ဂီတသမားစစ်​စစ်​​တွေ အတွက်​ အချိန်​တန်​ရင်​ စကား​ပြောသွားလိမ့်​မယ်​လို့ သုံးသပ်​ပြသွားတဲ့ ဦးညီထွဋ်​က…

“အဓိကက ၂ မျိုးရှိပါတယ်​။ ကျွန်​​တော်​တို့က နာမည်​ကြီးချင်​လို့၊ ​အောင်​မြင်​ချင်​လို့ လုပ်​တယ်​ဆိုရင်​​တော့ အို​ကေတယ်​​လေ။ သူနာမည်​ကြီးတာပဲ။ ​အောင်​မြင်​တာပဲဆို​တော့ အဆင်​​ပြေတယ်​။ ကျွန်​​တော်​တို့ လုပ်​တဲ့ပုံစံက​တော့ အဲ့ဒီလို မဟုတ်​ဘူး​ပေါ့​နော်​။ ကိုယ်​ကမလုပ်ရရင်​ မ​နေနိုင်​လို့ ကိုယ့်​​ရွေးချယ်​မှုတစ်​ခုအ​နေနဲ့လုပ်​ရတာကိုး။ အဲဒီ​တော့ နာမည်​မကြီးလည်း ကျွန်​​တော်​တို့က လုပ်​​နေရမယ်​ ဆိုတဲ့သ​ဘော​တော့ရှိတာ​ပေါ့။ အဲဒီ​တော့ တကယ့်​ Musician နဲ့ သူ့ဘာသာသူစန်းထပြီး​တော့ နာမည်​ကြီးတာနဲ့​တော့ မတူဘူး​ပေါ့။ ကျွန်​​တော်​တို့က အဲဒီလို စန်းထပြီး​ နာမည်​မကြီးချင်​ဘူး​ပေါ့​နော်​။ အဲဒီလိုကြီးရင်​ ကျွန်​​တော်​တို့အတွက်​ ​တော်​​တော်​ ဒုက္ခ​ရောက်​တာ​ပေါ့။ အဲဒီလိုဖြစ်​​နေရင်​ ဘာမှန်းညာမှန်းမသိဘဲနဲ့ ကိုယ်​ကလည်း ဘာဆက်​လုပ်​ရမှန်းမသိ။ အဲဒီလိုဘ၀မျိုး ​ရောက်​ခဲ့ဖူးပါတယ်​ ကိုယ့်​ကို ဘာမှန်းမသိဘဲနဲ့ စွတ်​ကြပ်​ပြီး​တော့ ဒုက္ခ​ရောက်​တာ​ပေါ့။ အဲဒီလိုဖြစ်​တဲ့ က​လေး​တွေကိုလည်း ဘ၀မှာတစ်​ခါ​တော့ ထိပ်​ဆုံး ​ရောက်​ဖူးတာ​ပေါ့။ ဒါ​ပေမယ့်​အားလုံး က အချိန်​တန်​ရင်​​တော့ပြီးသွားမှာပါ”လို့ ​ပြောပြခဲ့ပါတယ်​။

မျိုး​မောင်​၊
ဓာတ်​ပုံ-​အောင်​​ဇော်​မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*