ရုပ်ရှင်ဇာတ်ကားမှာ ‘ကောင်မလေးနဲ့ ကောင်လေးနဲ့ ညား’လို ပုံစံသီချင်းမျိုး မဆိုတတ်ဘူးဆိုတဲ့ ဖော်ကာ

ရုပ်ရှင်ဇာတ်ကားမှာ ‘ကောင်မလေးနဲ့ ကောင်လေးနဲ့ ညား’လို ပုံစံသီချင်းမျိုး မဆိုတတ်ဘူးဆိုတဲ့ ဖော်ကာ
February 5, 2019 Asian Fame
ရုပ်ရှင်ဇာတ်ကားမှာ ‘ကောင်မလေးနဲ့ ကောင်လေးနဲ့ ညား’လို ပုံစံသီချင်းမျိုး မဆိုတတ်ဘူးဆိုတဲ့ ဖော်ကာ

ဖော်ကာက ရုပ်ရှင်ဇာတ်ဝင်တေးတွေ ဆိုတာနည်းတယ်။ သူငယ်ချင်းဖြစ်သူ မင်းသွေး ရဲ့ ရုပ်ရှင်တွေအတွက်သာ ဆိုပေးဖြစ်တာများတယ်။ ဖော်ကာနောက်ဆုံးဆိုပေးထားတဲ့ သီချင်းဆိုရင် သတ်ကွင်းရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်တေးဖြစ်တယ်။ သူငယ်ချင်းဖြစ်သူ မရှိတော့ပေမယ့်လည်း သတ်ကွင်းနဲ့ပတ်သက်ပြီး ဖော်ကာ အမှတ်တရပြောခဲ့တာ ရှိပါတယ်။

”သူဇာတ်လမ်းတွေ လာလာ ပြောတယ်။ ကျွန်တော်ရေးဖို့လိုတော့လေ။ အဲဒီလိုမျိုး ခဏခဏမေးတယ်။ ဖုန်းဆက်ဆက်ပြီးတော့ ”မင်းဇာတ်လမ်းက ဘယ်နားလေးမှာ ဘယ်လို ဖြစ်တာတုန်း”ဆိုပြီး ကျွန်တော်က ထထဖောက်ပြီးမေးတယ်။ အဲဒီလိုမျိုးလေးတွေတော့ ရှိတယ်။ သူတကယ် အားတက်သရောနဲ့ လေးလေးနက် နက်ကြိုးစားထားတယ်ဆိုတာ တော်တော်သိသာပါတယ်”လို့ ဖော်ကာက ပြောပါတယ်။ ရုပ်ရှင်ဇာတ်ဝင်တေးတွေ ဘာ ကြောင့် သိပ်မဆိုဖြစ်တာလဲဆိုတာကိုတော့ ဖော်ကာက …

”ကျွန်တော်အရင်တုန်းကတော့ ကိုနေတိုး ‘စုန်းပြူး’ဆိုတဲ့ကားမှာ သီချင်းတစ်ပုဒ်တော့ ဆိုဖူးတယ်။ အဲဒီ တုန်းက ကိုဝင်းထွန်းထွန်းက ဖော်ကာ ကြိုက်တာလုပ်ဆိုပြီး ဇာတ်ညွှန်း လေး ပေးလိုက်ပြီးတော့ ပေးရေးတာဆိုတော့လုပ်ဖြစ်ပါတယ်။ အရင်တုန်းက ကိုသားကြီး မဆုံးခင်တုန်းကတော့ သူနဲ့လိုက်ပြီးတော့ သူပြောတဲ့ဟာလေး တွေထိုင်ပြီးတော့ မေမြို့မှာ လိုက်ရေးဖူးတယ်။ အဲဒါတော့ အမှတ်တရပဲ။ ကျန်တာတော့သိပ်မရေးဖူးဘူး။ ကျွန်တော် ကလေ သိပ်မလုံမှာစိုးလို့ အကုန်လုံးကို မဆိုဖြစ်တာပါ။ သူတို့ပြော တဲ့ဟာလေးကို သေသေချာချာဖတ်ပြီး တော့ ကျွန်တော်တစ်ခုခု ခံစားလို့ရတယ်ဆိုရင်တော့ ဆိုဖြစ်ပါတယ်။ ရုပ်ရှင်ကားနဲ့လိုက်မယ်။ တစ်ဖက်မှာ ကျွန်တော်ခံစားလို့ရမယ့်ဟာလေး မို့လို့ ဆိုဖြစ်တာ ပေါ့နော်။ အဲဒီလိုလေးတွေဆိုဖြစ်မှာပေါ့နော်။ ဒီအတိုင်း ရုပ်ရှင်ကားတစ်ကားမှာ ကောင် မလေးနဲ့ ကောင်လေးနဲ့ညား၊ အဲဒီလိုမျိုးကိစ္စကျတော့ ကျွန်တော်မဆိုတတ်ဘူး။ ဒါ အားနည်းချက်နေမှာပါ”လို့ ပြောပြ ခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*