စိန်​ခေါ်မှုရှိတဲ့ ကာရိုက်​တာကို အကောင်း ဆုံး သရုပ်​ဆောင်​ထားတယ်​ ဆိုတဲ့ ဒေါင်း

စိန်​ခေါ်မှုရှိတဲ့ ကာရိုက်​တာကို အကောင်း ဆုံး သရုပ်​ဆောင်​ထားတယ်​ ဆိုတဲ့ ဒေါင်း
February 5, 2019 Asian Fame
စိန်​ခေါ်မှုရှိတဲ့ ကာရိုက်​တာကို အကောင်း ဆုံး သရုပ်​ဆောင်​ထားတယ်​ ဆိုတဲ့ ဒေါင်း

အပြုံးချိုချိုလေးနဲ့ ပရိသတ်​တွေရဲ့ အချစ်​တွေကို သိမ်းပိုက်​ထား နိုင်သူကတော့ ဒေါင်းပါ။ သူ့ရဲ့ ဇာတ်​ ကားတွေကို မျှော်လင့်​နေတဲ့ ပရိ သတ်​တွေအတွက်​ ဖေဖော်​ဝါရီလ ၈ ရက်​နေ့မှာ ရုံတင်​တော့မယ့်​ လိပ်​ပြာစံအိမ်​ရုပ်​ရှင်​ဇာတ်​ကားမှာ နိုင်း နိုင်း၊ ဝတ်​မှုန်​ရွှေရည်​တို့နဲ့ အတူတူပါဝင်​သရုပ်​ဆောင်​ထားပါတယ်​။ စိန်​ခေါ်မှု ရှိတဲ့ ကာရိုက်​တာတစ်​ခုကို အကောင်းဆုံး သရုပ်​ဆောင်​ထားတယ်​ဆိုတာကို ဒေါင်းက…

”ဒီလိပ်​ပြာစံအိမ်​ဇာတ်​ကားက ကျွန်​တော့်​အတွက်​ စိန်​ခေါ်မှုရှိတဲ့ ကာရိုက်​တာတစ်​ခုပါ။ ဒီကာရိုက်​တာကို စလုပ်​မယ်​ဆိုက တည်းက mood ကို အပြီးတိုင်​ထည့်ထားပြီးသားပါ။ အဓိကသရုပ်​ဆောင်​ရတာ ခက်​ခဲတဲ့အပိုင်းက အမေ အခန်းပါ။ အမေနေရာကနေ သရုပ်​ဆောင်​ရတာ တော်​တော်​ခက်​ခဲတယ်။ ဒါပေမဲ့ ဒါရိုက်​တာပြောတဲ့ အတိုင်းကို သေချာကြိုးစားပြီးတော့ သရုပ်​ဆောင်​ထားပါတယ်” လို့ပြောပြခဲ့ပါတယ်​။ ဇာတ်​ကားထဲမှာ အတူတူ ပါဝင်​သရုပ်​ဆောင်​ထားတဲ့ ဝတ်​မှုန်​ရွှေရည်​ကလည်း ဒေါင်းရဲ့ သရုပ်​ဆောင်​မှုတွေနဲ့ပတ်​သက်​ပြီး ချီးကျူးစကားပြောခဲ့ပါသေးတယ်

”သူက ဇာတ်​ကားထဲက ဇာတ်​ကောင်​စရိုက်​ကို အပိုအလိုမရှိ သရုပ်​ဆောင်​သွား နိုင်​တယ်​။ ပထမဆုံး movie ဖြစ်​ပေမယ့်​လည်း လုံးဝစိမ်းတာမျိုးမရှိဘဲ ကာ ရိုက်​တာကို အကောင်းဆုံး သရုပ်​ဆောင်​သွားနိုင်​တယ်​” လို့လည်း ပြောပြခဲ့ပါ သေးတယ်။

လိပ်​ပြာစံအိမ်​ရုပ်​ရှင်​ဇာတ်​ကား ရိုက်​ကူးခဲ့တဲ့ အိမ်​ကြီးနဲ့ ပတ်​သက်​တဲ့ အကြောင်းတွေကိုလည်း ”အဲဒီအိမ်​ကြီးက နှစ်​ပေါင်းတစ်​ရာကျော်​နေပြီဆိုတဲ့ အငွေ့အသက်​ကြီးက ကျွန်​တော်​တို့ကို ရိုက်​နေရင်းနဲ့ကို စိတ်​လှုပ်​ရှားစေတယ်​။ အဲဒီအိမ်​ကြီးက အပြင်​မှာ ကြောက်​စရာတကယ်​ကောင်းတယ်​။ ကျွန်တော်​တို့ ညတစ်​ညလုံးရိုက်​ကူးရတဲ့ အခန်းတွေရှိတယ်​။ ရိုက်​ကူးရင်းနဲ့ကို ကြောက်​ဖို့ကောင်း နေတယ်​။ အခုရိုက်​ထားတဲ့ ဇာတ်​ကားကို ကိုယ်​ကိုယ်​တိုင်​ပြန်​ကြည့်​တဲ့အချိန်​မှာ လည်း ကြောက်​လည်း ကြောက်​တယ်​။ ရင်​လည်းခုန်​တယ်​။ ပရိသတ်​ကြီးလာကြည့် ရင်​လည်း တကယ်​ကို သဘောကျမယ့်​ ဇာတ်​ကားကောင်းတစ်​ကား ဖြစ်​ပါတယ်” လို့လည်း ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*