အကောင်းဆုံးဖြစ်ဖို့ သူများကို မဝေဖန်ဘဲ ကိုယ်ကိုယ်ကိုယ်ပြင်ဆင်ဖို့ အရေးကြီးတယ် ဆိုတဲ့အဆိုတော် Rဇာနည်

အကောင်းဆုံးဖြစ်ဖို့ သူများကို မဝေဖန်ဘဲ ကိုယ်ကိုယ်ကိုယ်ပြင်ဆင်ဖို့ အရေးကြီးတယ် ဆိုတဲ့အဆိုတော် Rဇာနည်
January 31, 2019 Asian Fame
အကောင်းဆုံးဖြစ်ဖို့ သူများကို မဝေဖန်ဘဲ ကိုယ်ကိုယ်ကိုယ်ပြင်ဆင်ဖို့ အရေးကြီးတယ် ဆိုတဲ့အဆိုတော် Rဇာနည်

ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အဆိုတော် Rဇာနည်ကတော့ လက်ရှိမှာ The Voice Myanmar Season -2 ရဲ့ Coach တစ်ဦးအဖြစ်ပါဝင်နေပါတယ်။ Coach တစ်ဦး အဖြစ်ပါဝင်ဆောင်နေတဲ့အကြောင်းနဲ့ ပတ် သက်ပြီး .. .

”ကျားပေါက်၊ ရန်ရန်ချမ်း၊ နီနီခင်ဇော် တို့ကတော့ တကယ့်ကို အနုပညာ ဝမ်းစာ ပြည့်နေတဲ့သူတွေ ဖြစ်တယ်။ သူတို့တွေ နဲ့ယှဉ်ပြီးတော့ ကိုယ့်အသင်းကလူ winner ဖြစ်အောင် ကြိုးစားတဲ့ အခါမှာ နည်းနည်းအခက်အခဲတော့ ရှိတာ ပေါ့နော်။ ဒါပေမဲ့လည်း အကောင်းဆုံး ကြိုးစားသွားဖို့ စဉ်းစားထားပါ တယ်။ Coach လုပ်တာကတော့ ဒိုင်လုပ်ရတာနဲ့မတူပါဘူး။ ကိုယ့်အ သင်း တစ်သင်းလုံးကောင်းဖို့ စဉ်းစားရတာမျိုးဖြစ်တယ်။ အဲဒီတော့ ကျွန်တော်နဲ့က Coach လုပ်ရတာနဲ့ ပိုအဆင်ပြေတယ်။ ကျွန်တော်က သူများကိုလည်း ဆရာမလုပ် တတ်တဲ့အခါကျတော့ သူတို့နဲ့ တိုင်တိုင် ပင်ပင်ပြောပြောဆိုဆိုလေးလုပ်ရတာက ပိုအဆင်ပြေပါတယ်” လို့ ပြောပြခဲ့ပါတယ်။ လာပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေအပေါ်သူရဲ့အမြင်ကိုလည်း . .

”အားလုံးကတော့ ကျွန်တော်တို့ ငယ်ငယ်တုန်း ကနဲ့မတူတော့ပါ ဘူး။ ခုလို မျက်စိပွင့်နားပွင့်ခေတ်ကြီးမှာ အဆိုပြိုင်ပွဲကိုဝင်လာ ပြိုင် ကြတာဆိုတော့ သူတို့က အထိုက်အလျောက် သိပြီးသား၊ တတ်ပြီးသား နားလည်ပြီးသား သူတွေဖြစ်တဲ့အတွက် သူတို့ကိုအ ကြံပေးရတာ သေချာစဉ်းစားပြီးလုပ်ရပါတယ်” လို့ ပြောပြခဲ့ပါ တယ်။ ခေတ်လူငယ် အနုပညာဖန်တီးနိုင်စွမ်းနဲ့ ပတ်သက်ပြီး တချို့ ဝေဖန်မှုတွေလည်း ရှိနေပါ တယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီးလည်း ဆက်လက်မေးမြန်းခဲ့ရာ…

”ကျွန်တော်က ဝေဖန်နေတဲ့သူ တွေကိုမပြောချင်ဘူး။ ဝေဖန်နေတယ်ဆိုတာက အားလို့ဝေဖန်နေတာ ကျွန်တော်တို့က တကယ်လုပ်မှ တကယ်ဖြစ်မယ်ဆိုတဲ့ ခေတ်ကြီးမှာ တကယ်လုပ်ပြီး တကယ်ဖြစ်တဲ့ဟာကိုကြည့်တယ်။ အားလုံးစာဖတ်တဲ့သူ စာတတ်တဲ့ သူတွေဆို နားလည်တယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကြီးပြင်းတဲ့ သူတွေဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အရှိန်နဲ့ပဲလိုက်ပြီး ကြီးပြင်း ရတာဖြစ်တယ်။တိုးတက်ပြီးသား တိုင်းပြည်တွေက အရာတွေနဲ့ ယှဉ် ပြီးတော့ ပြောနေစရာလည်း မလိုဘူး။ အားလုံးတစ်ဆင့်ချင်းစီပဲ သွားမှာပေါ့။ အကောင်းဆုံးဖြစ်ဖို့က သူများကိုမဝေဖန်ဘဲ ကိုယ် ကိုယ်ကိုယ် ပြင်ဆင် ဖို့ပဲအရေးကြီးတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*