ယအယ်နား လို့ အမည်ပေးထားတဲ့ စောလားထော်ဝါးရဲ့ တစ်ကိုယ်တော် အခွေအကြောင်း

ယအယ်နား လို့ အမည်ပေးထားတဲ့ စောလားထော်ဝါးရဲ့ တစ်ကိုယ်တော် အခွေအကြောင်း
January 31, 2019 Asian Fame
ယအယ်နား လို့ အမည်ပေးထားတဲ့ စောလားထော်ဝါးရဲ့ တစ်ကိုယ်တော် အခွေအကြောင်း

စောလားထော်ဝါးရဲ့ ဒုတိယ မြောက် တစ်ကိုယ်တော်အခွေကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီအခွေက အရင်အခွေ နဲ့မတူဘဲ သီချင်းအသစ်တွေချည်းပဲ ပါဝင်မှာဖြစ်ပါတယ်။ အခွေရဲ့ နာ မည်ကိုတော့ ကရင်လို ယအယ်နား လို့ အမည်ပေးထားပြီး အဓိပ္ပာယ်က တော့ I Love You ပဲဖြစ်ပါတယ်။

”အခွေ Title အတွက် စဉ်း စားထားတာကတော့ အများကြီး ပါပဲ။ ယအယ်နားဆိုတဲ့ သီချင်းက လည်း ဒီအခွေထဲမှာ ပါတယ်။ ပြီး တော့ကိုယ်ကလည်း ကရင်ဖြစ်တာ လည်း ပါတယ်။ ဒီဒုတိယအခွေမှာ လည်း နည်းနည်းထူးထူးဆန်းဆန်း ဖြစ်အောင်လို့ ယအယ်နားဆိုတဲ့ ခေါင်းစဉ်ကို ရွေးဖြစ်တာပါ”လို့ အခွေခေါင်းစဉ်နဲ့ပတ်သက်လို့ စော လားထော်ဝါးက ပြောပါတယ်။

အခွေမှာတော့ သီချင်းအားလုံး ၁၄ ပုဒ်ပါဝင်မှာဖြစ်ပြီး သီချင်းအား လုံးက သူ့စိတ်ကြိုက်သီချင်းတွေကြီးပါပဲလို့ ပြောပြပါတယ်။ ဒါ့အပြင် fan တွေ ဝယ်ပေးကြတဲ့ သီချင်းတွေ လည်းပါဝင်ပြီး ဒီသီချင်းတွေကိုလည်း သူကြိုက်တယ်လို့ စောလားထော် ဝါးက ပြောပါတယ်။

”ပရိသတ်တွေကလည်း တေး ရေးဆရာတွေဆီမှာ ကျွန်တော်နဲ့ လိုက်မယ့် သီချင်းလေးတွေကို သေ ချာသွားအပ်ထားကြတာပါ။ သူတို့ ကြိုက်တဲ့သီချင်းလေးတွေကို ကျွန် တော့်ကို ဆိုစေချင်တယ်။ ဒါကြောင့် ကျွန်တော်လည်း သိပ်ကြိုက်ပါတယ်။

ပြီးတော့ ပရိသတ်တွေနဲ့ ကျွန်တော်နဲ့ ကြားမှာ အမှတ်တရလေးလည်းဖြစ် သွားပါတယ်”လို့ ပရိသတ်တွေ ဝယ် ပေးတဲ့ သီချင်းတွေနဲ့ပတ်သက်လို့ သူ့ ရဲ့ ခံစားမှုကိုပြောပြပါတယ်။

သီချင်းတွေကတော့ အလွမ်း သီချင်းတွေများပြီး Music ကတော့ စုံတယ်လို့လည်း သိရပါတယ်။ ဒုတိ ယအခွေကတော့ သူနဲ့ fan တွေ ပရို ဂျုစာလုပ်ပြီး ထုတ်လုပ်ထားရတာ ဖြစ်တဲ့အတွက် အရင်အခွေထက် ပိုမို ပင်ပန်းရပေမယ့်လို့ ပျော်ရွှင်မိတယ် လို့ သူက ဆိုပါတယ်။

သူက ယအယ်နားလို့အမည်ပေး ထားတဲ့ အခွေကို အကောင်းဆုံးဖြစ် အောင် ကြိုးစားထားပြီး အခွေထွက် ရှိတဲ့နေ့မှာလည်း ပရိသတ်တွေနဲ့တွေ့ ဆုံသွားဖို့ ရှိတယ်လို့လည်း သိရပါ တယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*