သားလေးနဲ့ သမီးလေး အကြောင်းကို ပြောပြခဲ့တဲ့အဆိုတော်တင်ဇာမော်

သားလေးနဲ့ သမီးလေး အကြောင်းကို ပြောပြခဲ့တဲ့အဆိုတော်တင်ဇာမော်
January 30, 2019 Asian Fame
သားလေးနဲ့ သမီးလေး အကြောင်းကို ပြောပြခဲ့တဲ့အဆိုတော်တင်ဇာမော်

ပရိသတ်ချစ်ခင် အားပေးမှုရရှိ ထားတဲ့ အဆိုတော် တင်ဇာမော်က တော့ အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်ကိုင်နေသလို သား လေးတစ်ယောက်၊ သမီးလေးတစ် ယောက်နဲ့ ပျော်စရာမိသားစုတစ်ခုကို တည်ဆောက်ထားသူပါ။ ချစ်စရာ သားလေးနဲ့ သမီးလေးအကြောင်းကို လည်း အဆိုတော် တင်ဇာမော်က ခုလိုပြောပြခဲ့ပါတယ်။

”အစ်မသားကြီးက ၁၆ နှစ် ပြည့်သွားပါပြီ။ သမီလေးကတော့ ခု ၅ နှစ်ပါ။ သူတို့ကတော့ ဟို (အမေရိ က) မှာနေဖြစ်တာဘဲ များတယ်။ သူ တို့က ကျောင်းတက်နေရတာကို။ သူ့ တို့ကျောင်းကလည်း တစ်နှစ်လုံးနေမှ တစ်လလောက်ပဲ ခွင့်ရတယ်။ ကြား ထဲမှာ ပိတ်ရင်လည်း တစ်ပတ် လောက် ပိတ်တယ်။ အဲဒီတစ်ပတ် ကလည်း ဒီလာပြီးပြန်သွားဖို့က သူတို့ အတွက် မလွယ်ဘူးလေ။ သမီးလေး ကတော့ သီချင်းဆိုတယ်။ သူကတော့ ဝါသနာကိုပါတယ်။ အစ်မကို ပြော တယ်။ သမီအဆိုတော် အရင်လုပ် မယ်တဲ့။ ကတာလည်း ဝါသနာပါ တယ်။ သားလေးကတော့ ကောလိပ် တက်နေပါပြီ။ ပြီးရင် သူကတော့ University ဆက်သွားမယ်။ ခုသူယူ ထားတဲ့ ဘာသာရပ်ကတော့ နိုင်ငံ ရေးပေါ့။ သူက အနေအေးတယ်။ သူ အိမ်စာလုပ်နေရင် ဘာလုပ်နေလဲ ကြည့်တယ်။ သူ့ TV သတင်းတွေနား ထောင်နေတယ်။ ပြီးရင်သတင်းတွေ လည်း ဖတ်တယ်။ အဲဒါတွေကို ကိုး ကားပြီးတော့ ကျောင်းစားတွေလုပ်ရ တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီအသက် အရွယ်မှာ ဒီလိုမျိုး စပြီး လေ့လာပြီး လုပ်ရတယ် ဆိုတော့ သူအတွက် အစ်မကစိတ်ချမ်းသာပါတယ်။ ကိုယ် တောင် နိုင်ငံရေးသိဖို့က မလွယ်ဘူး လေ။ ခက်ခဲတယ် နက်နဲတယ်။ ကိုယ် သိချင်ရင်တောင်မှ အချိန်ပေးနိုင်မှ စိတ်ရှည်မှ စိတ်ဝင်စားမှရမှာလေး။ သူကအနေအေးတော့ သေချာတာက သူလူ ရှေ့ထွက်ရမယ် အလုပ်တွေ သူလုပ်မှာ မဟုတ်ဘူး။ သူဘာဖြစ်မ လည်းတော့ မသိသေးပါဘူး။ ငယ် ငယ်လေးကတည်း သီချင်းတွေတော့ ဆို တယ်။ သူဆိုတဲ့သီချင်းက သူများ မကြားအောင် ဆိုတယ်။ ဘယ်သူမှ မရှိမှဆိုတယ်။ အိမ်မှာ စန္ဒယားရှိ တယ် သူတီးတယ်။ သူဟာသူ လေ့လာပြီး တီးတယ်။ သေချာတာက သူ့ မှာ ပါရမီတစ်ခုတော့ ရှိတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*