နှစ်လသုံးလလောက် အနားယူရမယ့်ဟာသသရုပ်ဆောင်ဦးမေတ္တာ

နှစ်လသုံးလလောက် အနားယူရမယ့်ဟာသသရုပ်ဆောင်ဦးမေတ္တာ
January 22, 2019 Asian Fame
နှစ်လသုံးလလောက် အနားယူရမယ့်ဟာသသရုပ်ဆောင်ဦးမေတ္တာ

နှလုံးသွေးကြောပိတ်ရောဂါနဲ့ ရန်ကုန်မြို့၊အာရှတော်ဝင်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ဟာသသရုပ်ဆောင်ဦးမေတ္တာက အခုအချိန်မှာတော့ သက်သာလာပြီဖြစ်ပါတယ်။သူ့ရဲ့ဘေးမှာတော့ဇနီးဖြစ်သူ၊သားဖြစ်သူနဲ့သမီးဖြစ်သူတို့ကမပြတ်စောင့်ရှောက်လျက်ရှိပြီး မိတ်ဆွေများနဲ့အနုပညာအသိုင်းအဝိုင်းကအနုပညာ မိတ်ဆွေများကလည်းနေ့စဉ်လာရောက်အားပေးကြည့်ရှုလျက် ရှိပါတယ်။

ဦးမေတ္တာက သူ့အနေနဲ့ကျန်းမာရေးမကောင်းတာကြောင့် လက်ခံထားတဲ့ပွဲတွေကိုမတက်ရောက် ပေးနိုင်တာကိုလည်း တောင်းပန်ပါကြောင်းပြောလိုက်ပါသေးတယ်။

“အဖေစိတ်တင်းထားလို့သာအခုအချိန်အထိနေနိုင်တာ။ဖြစ်တဲ့နေ့ကတော်တော်ကြီးကိုအခြေအနေဆိုးသွားတယ်။ဆရာဝန်တွေကအစတော်တော်စိတ်ပူရတဲ့အခြေအနေရောက်သွားတယ်။သူစိတ်တင်းထားလို့သာဘာမှမဖြစ်တာပါ။ဆရာဝန်ကတော့နှစ်လသုံးလလောက်တော့အချိန်ယူပြီးနားမှရမယ်လို့ပြောတယ်။အလုပ်ပြန်လုပ်ရင်လည်းတအားကြီးလှုပ်လှုပ်ရှားရှားကြီးတွေလုပ်လို့မရတော့ဘူးပေါ့လေ။နည်းနည်းပါးပါးပဲလုပ်မှရတော့မယ်။ဒါပေမယ့်အဖေကတော့လုပ်နေမှာပါပဲ။တစ်ခုမဟုတ်တစ်ခုကတော့လုပ်နေမှာပဲလေ။သင်္ကြန်ကျရင်လည်းသံချပ်ကလည်းသူထွက်ဦးမှာပဲ။ကျွန်တော့်ကတော့အဖေ့သားအနေနဲ့ နောက်ကနေထိန်းပေးရမှာပဲလေ။တစ်ခါဖြစ်ပြီးသွားရင်တော့သိသွားပြီလေ။ဘယ်လိုထိန်းပေးရမလဲဆိုတာသိသွားပြီပေါ့” လို့ဖခင်ဖြစ်သူရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်လို့မေတ္တာမြင့်မြတ်ဟိန်းက ပြောပြပါတယ်။

Photo Credit- U Kaung Kyaw

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*