စောင်းဆရာညိမ်း၊ ဘာဂျာနှင့် စန္ဒရားဆရာ ဦးဘလတ်နှင့် ရွှေပြည်အေး

စောင်းဆရာညိမ်း၊ ဘာဂျာနှင့် စန္ဒရားဆရာ ဦးဘလတ်နှင့် ရွှေပြည်အေး
January 17, 2019 Asian Fame
စောင်းဆရာညိမ်း၊ ဘာဂျာနှင့် စန္ဒရားဆရာ ဦးဘလတ်နှင့် ရွှေပြည်အေး

၁၉၂၂ ခုနှစ်တွင် ဆရာရွှေပြည် အေး ငယ်မည်မောင်အေး ကလေးအဖြစ် ၁၃ နှစ်အရွယ် ရှမ်း ပြည်သီပေါ စော်ဘွားကြီး ဆာစော ချယ်ထံ စောင်းဆရာညိမ်း၊ ကုလား ကိုတင်တို့နှင့် အတူရောက်ရှိသွားခဲ့ သည်။ သီပေါဟော်တွင်း၌ ဆိုကြ တီးကြရာတွင် မောင်အေးကလေးက သီချင်းပေါင်းစုံဆိုတော့သည်။ စော် ဘွားကြီး ဆာစောချယ်အလွန် သဘောကျသလိုပင် စော်ဘွား ကတော် စောမြအေး ကြည်ဒေဝီသည် လည်း မောင်အေးကလေးကို သား အရင်းပမာ ချစ်လာရသည်။ ဆရာ ညိမ်းက မောင်အေးကလေးကို ”ဟေ့ အရိုးက ကပြလိုက်စမ်းပါကွယ်”ဟု လှမ်းပြောလိုက်သောအခါ အရိုးက ဟူသည် အဘယ်သို့ အမျိုးအစားဟူ၍ မျှော်လင့်နေကြခိုက် မောင်အေး သည် ကိုယ့်ပါးစပ် ဆိုင်းနှင့် ကိုယ် ထိုင်ရာမှထ၍ ကလိုက်သည်။ သာမန်အကပင်ဖြစ်သော်လည်း အလွန်တရာ ပိန်လှသော မောင်အေး ၏ ကိုယ်မှအရိုးအဆစ်များသည် ဂျောက်ခနဲ၊ ဂျွတ်ခနဲ၊ ဂွပ်ခနဲ အသံ မြည်နေသဖြင့် စော်ဘွားကြီးတို့မှာ အရိုးသံ ဂျောက်ဂျက်နှင့် မောင်အေး ၏ ‘အရိုးပွဲ’က ပွဲကျ မဆုံးရှိတော့ သည်ဟု ဆိုပါသည်။

စောင်းဆရာညိမ်းမှာ မောင် အေးကလေး၏ ဖခင်ဖြစ်သူ ဆရာနု ၏ နှမ ဒေါ်အုံးပွင့်နှင့် အကြောင်း ပါသဖြင့် မောင်အေးကလေး၏ ဦး လေးတော်သည်။ စောင်းဆရာညိမ်း နှင့် ဒေါ်အုံးပွင့်တို့က မောင်အေး ကလေးကို ငယ်စဉ်ထဲက ခေါ်ယူ မွေးစားခဲ့သဖြင့် မွေးစားဖခင်မိခင် လည်း ဖြစ်ကြပြန်သည်။ ထို့အပြင် မောင်အေးကလေးအား စန္ဒရား တီးစတင်သင်ပြပေးခဲ့သဖြင့် ဆရာ ရင်းလည်း မည်ပြန်ပေသေးသည်။

ဆောင်းပါးအစတွင် ဖော်ပြ ထားသည့်အတိုင်း ၁၉၂၂ ခုနှစ် မောင်အေးကလေး ၁၃ နှစ်အရွယ် သီပေါစော်ဘွားကြီး ဟော်နန်းသို့ ရောက်နေကြခိုက်နေ့လယ်အားလပ် ချိန်တွင် ဆရာညိမ်းမှာ ဝါးကွပ်ပျစ်ပေါ် တွင် လှဲနေတတ်သည်ဟု ဆိုပါသည်။

ဆရာညိမ်းမှာ အစားလည်း ကောင်းကောင်းစားပြီး ဝဖြီးသူလည်း ဖြစ်သဖြင့် ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားလေ့ရှိသည်။ သို့သော် မည်သည့်အခါမျှ အိပ်သည်ဟုမ ပြော ”ငါကမှိန်းနေတာ။ အနီးအနား မှာ ဘယ်သူတွေ ဘာလုပ်တယ် ဘာ ပြောတယ်ဆိုတာ ငါအကုန်သိတယ် ကွ”ဟု ပြောတတ်သည်။ ထိုသို့ ပြော သည်ကို မောင်အေးကလေးက မခံ နိုင်ဟု ဆိုပါသည်။

ထို့ကြောင့် ဆရာညိမ်းအိပ်နေ သော အချိန်တွင် မောင်အေးကလေး က ဆရာညိမ်း၏ နှုတ်ခမ်းမွှေးတစ် ဖက်ကို ဖြတ်ထားလိုက်သည်ဟု ဆိုပါ သည်။ ဆရာညိမ်းသီပေါဟော်ထဲ ရောက်၍ ဆရာညိမ်းကစောင်း၊ ကု လားမောင်တင်က တယော၊ မောင် အေးကလေးအဆိုဖြင့် စော်ဘွားကြီး ဆာစောချယ်အား အငြိမ့်တော်ဆက် နေခိုက် စော်ဘွားကြီးက…

”ဟင် ဆရာညိမ်း နှုတ်ခမ်းမွှေး တစ်ဖက်တိုနေပါပေါ့လား။ ဘာဖြစ် တာတုန်း”ဟုမေးသည်။ ဆရာညိမ်း မှာ သီပေါဟော်တွင်းဝင်လာစဉ် လူ အများသူ့ကို ကြည့်၍ ပြုံးကြခြင်း အဓိပ္ပာယ်ကို သိတော့သည်။ မောင် အေးကလေး လက်ချက်မှန်း ချက် ချင်းရိပ်မိသည်ဟုဆိုပါသည်။ သီပေါ ဟော်အတွင်း အငြိမ့်တော် ဆက်ပြီး သည်နှင့် ကြိမ်လုံးတစ်ချောင်းကိုင်၍ မောင်အေးကလေးကို လိုက်ရှာသော် လည်း မတွေ့ရတော့ဟု ဆိုပါသည်။

မောင်အေးကလေးမှာ ဟော် နှင့်ဝေးရာ တစ်နေရာတွင် တစ် ယောက်တည်း ပုန်းအောင်း ထွေပြစ် ရင်း ”မှိန်းနေတာပါဆိုတဲ့ အဘိုး ကြီး နှုတ်ခမ်းမွှေးဖြတ်တာတောင် မသိ ဘူး။ မှိန်းနေတယ်ဆို၊ မှိန်းဦးလေ၊ မှိန်းဦးလေ”ဟု ရေရွတ်နေသည်ဟု ဆိုပါသည်။

ကိုယ့်ဆရာကိုယ် ငယ်ရွယ်စဉ် နောက်မိ၍ ဆရာရွှေပြည်အေး သက် ဆုံးတိုင် စကားထစ်သွားရပုံကိုလည်း ရေးပြချင်ပါသည်။

မောင်အေးကလေးအား စန္ဒရား အတီးသင်ပေးခဲ့သူ ဆရာတစ်ဦးဖြစ် သည့် ဘာဂျာနှင့် စန္ဒရားဆရာ ဦးဘ လတ်သည် စကားထစ်သည်ဟု ဆိုပါ သည်။ ဆရာဦးဘလတ် စကားထစ် သည်ကို တပည့်မောင်အေးက ကွယ် ရာတွင် နောက်ပြောင်လေ့ရှိရာ သူ့ ဆရာ ဦးဘလတ်က…

‘ဟေ့ မောင်အေး၊ စကားထစ် တာကို မ. . . မ. . . မလှောင်ရ ဘူး။ မင်းပါ . . ထစ်. . . ထစ် သွားတတ်တယ်”ဟု ပြောကြောင်း ဆရာစစ်ကိုင်းလှရွှေက သူ၏ ကျွန်တော်သိသော စန္ဒရား ဆရာကြီး များစာအုပ်တွင် ဆရာဦးဘလတ် ပြောဆိုပုံကို ထည့်ရေးသားခဲ့ပါသည်။ သို့ရာတွင် ကလေးဘဝ ဆရာဦး ဘလတ် စကားထစ်သည်ကို လှောင် ဖန်များလတ်သော် တပည့်ကလေး မောင်အေး ကိုယ်တိုင်တကယ်ပင် စကားထစ်သွားသည်မှာ ကွယ်လွန် သည့်တိုင်ပင်ဟု ပြောစရာ ဖြစ်သွား ခဲ့ပါတော့သည်။

စောင်းဆရာညိမ်း၊ ဘာဂျာဦး ဘလတ်၊ တယောဦးဘသွင်၊ စောင်း ဦးမောင်ကလေး (ပြည်)၊ အဆိုတော် လှည်းတန်းဦးလူကလေးတို့ ပါဝင် တီးမှုတ်သည့် ထိုင်ခုံဧည့်ခံဝိုင်းမှန် လျှင် ကလေးအဆိုတော် မောင်အေး အမြဲပါတတ်ရာ မောင်အေးသီချင်း ဆိုလှည့်ရောက်လျှင် သူ့မှာ ထစ်နေ တော့သည်ဟု ဆိုပါသည်။ ဆိုပြီဟေ့ ဆိုလျှင်မူ လုံးဝမထစ်တော့။ အဆို ပိုဒ်ပြီးတော့ အတီးပိုဒ်မည်မျှ ပေး ထားစေကာမူ သူ့အလှည့် သူ့အဆို ပိုဒ်ရောက်လျှင် မထစ်မငေါ့ ဆက် ဆိုသွားနိုင်သည်။ သီချင်းအစတွင် သာ အခက်အခဲ တွေ့တတ်သည်ဟု ဆရာစစ်ကိုင်းလှရွှေက ရေးသား မှတ်တမ်းတင်ခဲ့ပါသည်။

ဆရာရွှေပြည်အေး၏ ငယ် သူငယ်ချင်းဖြစ်သူ ဆရာစောင်းဦး ဘသန်းက သူ၏ဂီတနှင့် ဘဝအတွေ့ အကြုံစာအုပ်တွင် ဆရာရွှေပြည်အေး ငယ်စဉ်က စကားထစ်ပုံကို မှတ်တမ်း တင်ရေးသားခဲ့ရာ၌လည်း မောင် အေးသည် ငယ်စဉ်ကပင် စကားထစ် လေ့ရှိသည်။ သို့ရာတွင် သီချင်းဆို သောအခါ လုံးဝမထစ်ဘဲ သွက်လက် စွာ သီဆိုနိုင်လေသည်။

သူဆိုလေ့ရှိသော သီချင်းတို့မှာ ဆရာဦးလူကလေး ရေးသားသည့် စာသားစိပ်စိပ်ဆိုရသော သီချင်းများ နှင့် ဦးဘိုးစိန်ကြီးသီဆိုသော သီချင်း စာသား စိပ်စိပ်များကိုဆိုလေ့ရှိသည်။

ဤမျှပင် စည်းမြန်စေကာမူ စကားလုံးများ လုံးဝမကျန်ခဲ့ရအောင် သီဆိုနိုင်ပေသည်ဟု ဆရာဦးစောင်း ဘသန်းက မှတ်တမ်းတင် ရေးသား ခဲ့ပါသည်။

 

မောင်ညွန့်နွယ် (စန္ဒရား)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*