ကျော်သူစိုးကို မြေပဲယိုအဖွဲ့က အချိန်မရွေး Welcome ပါပဲ မင်းမော်ကွန်း

ကျော်သူစိုးကို မြေပဲယိုအဖွဲ့က အချိန်မရွေး Welcome ပါပဲ မင်းမော်ကွန်း
January 16, 2019 Asian Fame
ကျော်သူစိုးကို မြေပဲယိုအဖွဲ့က အချိန်မရွေး Welcome ပါပဲ မင်းမော်ကွန်း

သရုပ်ဆောင်အလုပ်ကို အဓိကထားလုပ်ဖြစ်နေပြီး ဂီတကတော့ ဝါသနာအလျှောက်လုပ်ြ ဖစ် တာပါလို့ ဆိုတဲ့ မင်းမော်ကွန်းက မြေပဲယိုအဖွဲ့နဲ့ ဂီတလှုပ်ရှားမှုတွေပြုလုပ်လို့ထားပါတယ်။

”မြေပဲယိုနဲ့က ကျွန်တော်ဒီလထဲမှာ မအားသေးလို့ ဒီ ‘ကျားကျားကြိုက်ကြိုက်’ ဇာတ်ကားပြီး တာနဲ့ အမ်တီဗီတစ်ပုဒ်အမြန်တင်ဖို့ရှိပါတယ်။ နောက်ပြီးတော့ မြေပဲယိုရဲ့ ‘ငါ ငါ ငါ’ ဆိုတဲ့ စီးရီးကို လက်စသတ်ဖို့၊ အချောသွင်းဖို့ အမြန်ဆုံးကြိုးစားနေပါတယ်။ အရင်တုန်းက ကျော်သူစိုးနဲ့ ကျွန်တော်နဲ့ နှစ်ယောက်ပေါင်းထားတဲ့ စတိုင်ပေါ့နော်။ သူ့ပုံစံသီချင်းတွေပါသလို ကျွန်တော့်ပုံစံ သီချင်းလေးတွေလည်းပါတယ်။ အခုကတော့ ကျော်သူစိုး မအားလို့ မဆိုနိုင်တဲ့အချိန်မှာတော့ ကျွန်တော့်ပုံစံသီချင်းလေးတွေပဲ တွေ့ရမှာပါ” လို့ မင်းမော်ကွန်းက ပြောပါတယ်။ တစ်ချိန်က ပရိသတ် အားပေးမှုရှိထားတဲ့ မြေပဲယိုအဖွဲ့ ရပ်တန့်သွားရတဲ့ အဓိကအကြောင်း အရင်းကိုလည်း မင်းမော်ကွန်းက …

”မြေပဲယိုရပ်သွားတာကတော့ ကျွန်တော်တို့လူမစုံလို့ရပ်သွားတာပါ။ ရပ်သွားပြီးတော့ တေ့တေ့ဆိုင်ဆိုင်စကားပြောပြီးတဲ့အချိန်မှာ ကျော်သူစိုးကလည်း သူ့အနေနဲ့ မဆိုနိုင်တော့ ဘူးလို့ပြောပါတယ်။ မဆိုနိုင်တော့ဘူးဆိုတာ မအားဘူးလို့ပြောတာပါ။ ဟိုဘက်မှာ သူ့အလုပ်နဲ့ သူလေ။ ချင်းမိုင်မှာ အိမ်ထောင်လည်းကျတယ်။ အလုပ်လည်းများတဲ့အတွက်သူ သိပ်ပြီးအများကြီး လာမဆိုနိုင်ဘူး။ ဒါပေမဲ့ တစ်ပုဒ် တော့လာဆိုပေးတယ်။ အချောလည်းမဟုတ်ဘူး။ သူပြန်လည်း မလာနိုင်ဘူးဆိုတော့ ကိုကျော်တို့လုပ်ပါ။ ဒီနာမည်ကိုသုံးပြီးလုပ်လို့လည်းရပါတယ်၊ ကိုကျော်တစ် ယောက်တည်းလည်း လုပ်လို့ရပါတယ်ဆိုတဲ့အတွက် အဲဒါကြောင့်ကျွန်တော်လုပ်ဖြစ်တာပါ” လို့ သူကဆက်လက်ပြောပါတယ်။ တစ်ချိန်က တွဲဖက်ဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ ကျော်သူစိုးကိုလည်း မြေပဲယိုအဖွဲ့က အမြဲတမ်း ကြိုဆိုလျက်ပါလို့ ပြောတဲ့ မင်းမော်ကွန်းက …

”ကျော်သူစိုး အားတယ်။ လာဆိုနိုင်တယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့အဖွဲ့ကျွှနူခသာန ပါပဲ။ မြေပဲယိုရဲ့ Member ပါပဲ။ အခုထိလည်းကျော်သူစိုးက မြေပဲယို ရဲ့ Member ပါပဲခင်ဗျ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*