မင်းကိုသတိရမိတဲ့အခါ…

မင်းကိုသတိရမိတဲ့အခါ…
January 10, 2019 Asian Fame
မင်းကိုသတိရမိတဲ့အခါ…

ဖတ်​လက်​စ စာအုပ်​ထဲကပဲ
ခုန်​ထွက်​သွားသလိုလို ၊
မဖတ်​ဖြစ်​​သေးတဲ့ စာအုပ်​​တွေကြားမှာပဲ မင်းရှိ​နေသလိုလို
လှန်​​လှောရှာရ ။
တစ်​နိုင်​တစ်​ပိုင်
အခန်းကျဉ်း​လေးထဲမှာ
တစ်​နိုင်​တစ်​ပိုင်​​လေး
နေထိုင်​ခဲ့တာ​တောင်
သတိရစိတ်​ဟာ
တစ်​နိုင်​တစ်​ပိုင်​မက ငါ့ကိုသတ်​တယ်​ ။
ညှိထားတဲ့​ဆေးလိပ်​ဟာ
သစ္စာရှိရှိကုန်​ဆုံး​နေတယ်
ညှိမထားတဲ့စိတ်ဟာ 
သစ္စာ​စောင့်​သိမှုနည်းတယ်​ ။
အ​ငွေ့တွေတစ်​လိမ့်​လိမ့်
လွင့်​ပြယ်​​နေပုံကအစ
ငါ့ရဲ့စိတ်​ကို ညတယ်
သတိရစိတ်​ဟာ အ​ငွေ့ ပြယ်​တက်​ဖို့
မေ့​နေသလား?
‌မင့်​ကိုသတိရမိတဲ့အခါ
နံရံ​တွေကို​ငေးတယ်
ပြူတင်းတံခါး​တွေကို ​ငေးတယ်
ကောင်းကင်​ကြီးကို​ငေးတယ်
ကိုယ့်​ကိုယ်​ကို ပြန်​​ငေး​နေဖို့ကလွဲရင်
အရာအားလုံးကို ​ငေးတယ်​ ။
မင့်​ကိုသတိရမိတဲ့အခါ
သစ်​ရွက်​​တွေ​ကြွေတာကအစ
လှိုက်​ဖို​မောရ
မရှိနိုင်​တော့တဲ့ အနာဂါတ်​မှာ
မရှိနိုင်​​တော့တဲ့ အ​ကြောင်း​တွေ
တွေးမိရင်း​လှိုက်​ဖို​မောရ ။
မင်းကိုသတိရမိတဲ့အခါ
ငါ့ဟာ
ငါ့ကိုယ်​ငါ ​လောင်​မြိုက်​​​နေမိတဲ့
ဆေး​ပေါ့တစ်​လိပ်​ပဲ
ကိုယ့်​ကိုယ်​ကို အ​ငွေ့ ပြယ်​ရတာ
ကျေနပ်​တယ်
ကိုယ့်​ကိုယ်​ကို ​လောင်​ကျွမ်းရတာ
ကျေနပ်​တယ်
ဆေးလိပ်​ခွက်​ထဲက ပြာပူ​လေး​တွေလို
တစ်​​ငွေ့ငွေ့ လောင်​မြိုက်​ရင်း 
နေထိုင်တယ်​ ။
မင်းကိုသတိရမိတဲ့အခါ
ကဗျာ​လေး​တွေ​ရေးဖြစ်​တယ်
ကဗျာ​လေး​တွေရွတ်​ဖြစ်​တယ်
ကဗျာ​လေး​တွေနဲ့ ​ငေးဖြစ်​တယ်​ ။
မင်းကိုသတိရမိတဲ့အခါ . . .။

အိဏ်​​ဝေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*