၂ဝ၁၉ မှာလည်း အနုပညာအားကောင်းကောင်းနဲ့ တင်ဆက်မှုတွေကိုမြင်တွေ့ရဦးမယ့် အင်ပါယာအဖွဲ့

၂ဝ၁၉ မှာလည်း အနုပညာအားကောင်းကောင်းနဲ့ တင်ဆက်မှုတွေကိုမြင်တွေ့ရဦးမယ့် အင်ပါယာအဖွဲ့
January 10, 2019 Asian Fame
၂ဝ၁၉ မှာလည်း အနုပညာအားကောင်းကောင်းနဲ့ တင်ဆက်မှုတွေကိုမြင်တွေ့ရဦးမယ့် အင်ပါယာအဖွဲ့

အင်ပါယာအဖွဲ့က ဒီနှစ်မှာလည်း အရင်နှစ်တွေတုန်းကလိုပဲ အနုပညာအားကောင်း ကောင်းနဲ့ ဖျော်ဖြေတင်ဆက်ကြဖို့ စီစဉ်နေကြပြီလည်းဖြစ်ပါတယ်။ သူတို့အဖွဲ့အနေနဲ့ အခုလိုတည်မြဲနေခြင်းကလည်း အဖွဲ့ရဲ့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် လည်းဖြစ်ပါတယ်။

အဖွဲ့အနေနဲ့ ၇ ယောက်ရှိပြီး တစ်ဦးချင်းစီအနေနဲ့ အဖွဲ့ရဲ့ကြော်ငြာကို ကိုယ့်ဖေ့ ဘွတ်စ်မှာ ကိုယ့်နေ့နဲ့ ကိုယ်တင်ပေးသွားရမှာဖြစ်ပြီး ဒီလိုတင်တဲ့အခါမှာ ပျက်ကွက်မှုရှိ ခဲ့ပါကလည်း ဒဏ်ကြေးပေးဆောင်ရကြောင်း လူရွှင်တော်ကောင်းကျော်က ပြောပါ တယ်။

”ပျက်ကွက်ခဲ့ရင်တော့ ၅ဝဝဝ ပေးဆောင်ရပါတယ်။ ဒါကတော့ ငွေကြေးဆိုတာထက် ကိုယ့်အဖွဲ့ အပေါ်ထားတဲ့ တန်ဖိုးလေးရယ် ကိုယ့်ရဲ့စည်းကမ်းလေးရယ် ကိုယ်တို့ရဲ့ အ လေးထားမှုလေးရယ် ပေါ်လွင်စေချင်တဲ့အတွက်ကြောင့်ပါ။ ငွေအရတော့မများပါဘူး”လို့ ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းနဲ့ပတ်သက်လို့ လူရွှင်တော်ကောင်းကျော်က ပြော ပါတယ်။ ပထမဆုံးဒဏ်ကြေးဆောင်ရတဲ့သူကတော့ ခေါင်းဆောင်ဖြစ်တဲ့ သူပါပဲလို့ ကိုကောင်းကျော်က ရယ်မောရင်း ပြောပြပါတယ်။ အင်ပါယာအဖွဲ့အနေနဲ့ ပရဟိတ ပွဲတွေကိုလည်း အမြဲမပြတ်လိုက်လံကပြဖျော်ဖြေပေးလေ့ရှိပါတယ်။ သို့ပေမယ့်လည်း အဖွဲ့ရဲ့စားဝတ်နေရေးကလည်း ရှိသေးတဲ့အတွက် ငွေကြေးလက်ခံထားတဲ့ပွဲတွေနဲ့ တိုက် ဆိုင်လာရင်တော့ ပရဟိတပွဲတွေကို လက်လွှတ်ရတာမျိုးတွေလည်း ရှိပါတယ်လို့ ပြော ပါတယ်။

”ဘာကြောင့်လည်းဆိုတော့ ကိုယ်တို့ကလည်း အားလုံးသည် သာမာန်ထဲက လူတွေဖြစ်တဲ့အတွက်ကြောင့် လက်လှုပ်မှလည်း ပါးစပ်လှုပ်ရတဲ့သူကိုး။ ပွဲရှိမှ အဆင်ပြေ ကြတဲ့သူတွေ ဆိုတော့လေ။ ဒါပေမဲ့ ပရဟိတပွဲတွေကတော့ တော်တော်များများ ကပြ ဖြစ်တာများပါတယ်။ အားလုံးကလည်း တက်တက်ကြွကြွပါပဲ”လို့ အင်ပါယာအဖွဲ့မှ ကိုကောင်းကျော်က ပြောပြပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*