အိမ်ထောင်ပြုဖို့ အချိန်ကျ နောက်ကျနေတာထင်တယ်ဆိုတဲ့ ဟန်ဇာမိုးဝင်း

အိမ်ထောင်ပြုဖို့ အချိန်ကျ နောက်ကျနေတာထင်တယ်ဆိုတဲ့ ဟန်ဇာမိုးဝင်း
January 10, 2019 Asian Fame
အိမ်ထောင်ပြုဖို့ အချိန်ကျ နောက်ကျနေတာထင်တယ်ဆိုတဲ့ ဟန်ဇာမိုးဝင်း

အိမ်ထောင်ပြုရမယ်အရွယ် ရောက်ရှိလို့လာပြီဖြစ်တဲ့ ဟန်ဇာမိုး ဝင်းက သူ့အနေနဲ့ကတော့ သူငယ် ချင်းအိမ်ထောင်သည်တွေကို အားကျမိနေတာမျိုးတော့ရှိပါတယ်လို့ ဆို လာပါတယ်။ အားကျပေမယ့်လည်း လက်တွေ့အကောင်အထည်တော့ မဖော်နိုင်သေးဘူးလို့လည်း ပြော လာပါတယ်။ လက်တွေ့အကောင် အထည် မဖော်နိုင်သေးဘူးဆိုတာက လည်း သူ့အနေနဲ့က ဇာတ်မင်းသားတစ်ဦးဖြစ်တဲ့အပြင် သူ့အနောက်မှာ ဇာတ်အဖွဲ့သားတွေများစွာ ရှိတာ ကြောင့် သူ့တို့ကိုငဲ့ရတာမျိုးတွေ ရှိ တယ်လို့ ပြောပါတယ်။

”ဇာတ်မင်းသားတစ်ခြားအနုပ ညာ ရှင်တွေနဲ့မတူတာက ဘာလဲဆို တော့ နောက်မှာအဖွဲ့သား အများ ကြီးရှိတယ်။ ပြီးတော့ သူတို့ရဲ့ စား ဝတ်နေရေး ကျန်းမာရေးအကုန်လုံး ကို ဂရုစိုက်ရတယ်။ သူတို့နေမ ကောင်းဘူးဆိုရင်လည်း ကိုယ်နေမ ကောင်းသလိုမျိုးပဲ သူတို့ကိုသေချာ ဂရုစိုက်ရတယ်။ ပြီးတော့ကျွန်တော် က ခရီးအမြဲတမ်းထွက်နေရတာလေ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အား ကျရတဲ့ မိသားစုတွေရှိတယ်။ ဒါပေမဲ့ အားကျပေမယ့် လက်တွေ့အ ကောင်အထည်မဖော်နိုင်သေးဘူး။ တစ်ချိန်တော့ဖြစ်မှာပါ့နော်။ အချိန်မ ကျသေးတာလည်း ပါမှာပေါ့။ အချိန် ကျစောသွားတဲ့လူတွေလည်းရှိတယ် လေ။ ကျွန်တော်ကတော့ အချိန်ကျ နောက်ကျနေတာထင်တယ်။ စိတ်ကူး ကို လက်တွေ့အကောင်အထည်မ ဖော်နိုင်ကြသေးဘူး” လို့ သူက ပြော ပြပါတယ်။

Han Zar Moe Win Fan Club ရဲ့ ၃နှစ်ပြည့်အမှတ် တရပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်ပိုင်းက လှော်ကားဥယျဉ်မှာပြု လုပ်ခဲ့ပါတယ်။ ဟန်ဇာမိုးဝင်းက Fan တွေနဲ့အတူတူ ထမင်းလက်စုံ စားခဲ့ပြီး ၃နှစ်ပြည့် ကိတ်လည်းခွဲခဲ့ ပါတယ်။ ဒါ့အပြင် ဟန်ဇာမိုးဝင်းက သူ့ရဲ့အမှတ်တရပစ္စည်းတွေကို Fanတွေကို လက်ဆောင်ပေးခဲ့ပါ သေးတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*